ကိုဗစ်ကာလမှာ ရရှိသမျှဝင်ငွေတွေနဲ့ အနုပညာကြေးအားလုံးကို လိုအပ်နေတဲ့နေရာတွေမှာ ခွဲဝေလှူဒါန်းဖြစ်ခဲ့ကြောင်း ပီတိတွေကိုမျှဝေလာတဲ့ အေးမြတ်သူ

ပါးချိုင့်လှလှလေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး အေးမြတ်သူကတော့ ငယ်ရွယ်စဉ်အချိန်က ခပ်ဂေါ်ဂေါ်နေတတ်ပြီး အလန်းစားနေခဲ့ပေမယ့် အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ အရမ်းကို တည်ငြိမ်သွားခဲ့ပြီး အလုပ်တွေကို ပိုမိုကြိုးစားလုပ်ကိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။ အေးမြတ်သူက လက်ရှိ ကိုဗစ်ကာလမှာလည်း လုပ်အား၊ ငွေအားနဲ့ တတ်နိုင်သလောက် ကူညီလှူဒါန်းမှုတွေပြုလုပ်နေပြီး ရရှိသမျှဝင်ငွေတွေနဲ့ အနုပညာကြေးအားလုံးကို လိုအပ်နေတဲ့နေရာတွေမှာ ခွဲဝေလှူဒါန်းဖြစ်ခဲ့ကြောင်း ပြောပြလာခဲ့ပါတယ်။

“ကိုယ်ထမ်းပိုးခွင့်ရခဲ့တဲ့ တနိုင်ဝန်လေးတွေအတွက် ❤️ဂုဏ်အယူရဆုံးအချိန်လေးတွေ❤️ တကယ်ပါ အခုကာလလေးမှာ ရခဲ့တဲ့အလုပ်လေးတွေကနေရယ်၊ အေးမြတ်သူတို့စုပြီးလုပ်ကြတဲ့ မီးဖိုဆောင် စားသောက်ကုန်ကရတဲ့ ငွေလေးရယ်၊ Live လွှင့်ပြီးဈေးရောင်းရတဲ့ ဝင်ငွေလေးတွေရယ်ပြီးတော့ Review post လေးတွေကရတဲ့ငွေလေးတွေကို ဖယ်ဖယ်ပြီးဒီကာလမှာ အလှူတန်းတွေကို လူအားရော ငွေအားရောနဲ့ တစ်နိုင်ဝန်လေးထမ်းဆောင်ခွင့်ရခဲ့ပါတယ်။ ”

“ဒီလိုထမ်းဆောင်နိုင်ခဲ့ဖို့ဆိုတာ အေးမြတ်သူတစ်ယောက် တည်းနဲ့ မလုပ်ဆောင်ပါဘူး။ အေးမြတ်သူကို အလုပ်ပေးတဲ့အလုပ်ရှင်တွေ၊ အေးမြတ်သူကို အားပေးတဲ့ပရိတ်သတ်ကျေးဇူးရှင်တွေ ​ကျန်းမာပြီးစိတ်ချနေရတဲ့ မိဘတွေကြောင့် ဒါတွေအားလုံးကို ထမ်းဆောင်ခွင့်ရခဲ့တာပါ။ ဒီနေ့မှာ ပီတိရော ကုသိုလ်ရောရခဲ့တဲ့ အပြင်နောက်နောင်တွေလည်း ဆက်လက်ထမ်းဆောင်ဖို့ ခွန်အားတွေရရှိခဲ့ပါတယ်။ ဒီကုသိုလ်လေးတွေကို ကိုယ်ချစ်ရတဲ့ မိတ်ဆွေတွေ ကျေးဇူးရှင်တွေ အလုပ်ရှင်တွေ မိသားစု သူငယ်ချင်းတွေ အားလုံးကို အမျှဝေပါတယ်။ အေးမြတ်သူရဲ့ ကုသိုလ်လေးကို အားလုံးရကြပါစေ။ ကုသိုလ်ဝေမျှပါတယ်။ ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာတာပဲ ဖြစ်ပါတယ်။

အေးမြတ်သူကတော့ သူမရရှိသမျှ ဝင်ငွေတွေအကုန်လုံးကို ကိုယ်ကျိုးအတွက်ထက် အများအကျိုးမှာ အသုံးပြုနိုင်ဖို့ လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေးမြတ်သူရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Aye Myat Thu ‘s fb
Bilie – Cele Connections
ယူနီကုဒ်ဖြင့်ဖတ်ရန်

error: Alert: Content is protected !!