



ယူနီကုဒ်ဖြင့်ဖတ်ရန်

ကင်ဆာရောဂါကို မတွန်းလှန်နိုင်တော့ပဲ ဘဝတစ်ပါးသို့ကူးပြောင်းသွားတဲ့ မီးမီးခဲအတွက် စိတ်မကောင်းဝမ်းနည်းကြောင်းပြောလာတဲ့ စိုးပြည့်သဇင်

အဆိုတော် မီးမီးခဲကတော့ ကင်ဆာရောဂါဝေဒနာကို ခံစားနေရတာကြောင့် ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ (၁၆) ရက်နေ့မှာတော့ အဆိုတော် မီးမီးခဲက သူမလက်ရှိ နေထိုင်ရာ သြစတေးလျနိုင်ငံ စံတော်ချိန် ည ၉ နာရီ ၃၁ မိနစ်အချိန်မှာ ဘဝတစ်ပါးသို့ ကူးပြောင်း ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ မီးမီးခဲက စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ဖြစ်တာကြောင့် ကင်ဆာရောဂါကို အချိန်အတော်ကြာ ဆွဲဆန့်နိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ မတွန်းလှန်နိုင်တော့တာကြောင့် ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။

မီးမီးခဲအတွက် မိသားစု၊ မိတ်ဆွေတွေနဲ့ ပရိသတ်တွေကလည်း ဝမ်းနည်းကြသလို အနုပညာအသိုင်းအဝိုင်းကလည်း စိတ်မကောင်းဖြစ်ရတဲ့အကြောင်းကို ပြောလာတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် စိုးပြည့်သဇင်ကလည်း “မမီးခဲရေ….ကောင်းမွန်တဲ့ဘုံဘဝကိုရောက်ရှိပါစေ….🙏🙏🙏စိတ်ထဲမှာမကောင်းလိုက်တာ….မမီးခဲရေ…အေးချမ်းပါစေကွယ်..🙏🙏🙏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ စိတ်မကောင်းဝမ်းနည်းတဲ့အကြောင်း မျှဝေထားပါတယ်။

စိုးပြည့်သဇင်ကတော့ အနုပညာအသိုင်းအဝိုင်းထဲမှာ ကျင်လည်နေသူတစ်ယောက်ပီပီ မီးမီးခဲအတွက် စိတ်မကောင်းပူဆွေးနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုးပြည့်သဇင်နဲ့ ထပ်တူဝမ်းနည်းနေမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Soe Pyae Thazin’s fb
Bilie – Cele Connections

error: Alert: Content is protected !!