ေရႊတိဂံုဘုရားအရိပ္ဟာ ရင္ျပင္ေတာ္ေပၚမွာ ဘယ္ေသာအခါမွမေပၚဖူးဘူးဆိုတဲ့ စကားအေပၚ အခုိင္အမာတာဝန္ယူလာတဲ့ နကၡတ္

သရုပ္ေဆာင္ နကၡတ္ကေတာ့ ဇာတ္လမ္းတြဲေတြကေန ေအာင္ျမင္လာတဲ့ မင္းသားတစ္လက္ပဲ ျဖစ္ပါတယ္။ နကၡတ္ကေတာ့ အေနအထိုင္ ေအးေဆးျပီး တည္ျငိမ္သူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ့ အခ်စ္ကို ပိုမိုရရိွပိုင္ဆိုင္ထားသူဆိုရင္ မမွားပါဘူး။ ဒါေပမယ့္ ဒီေန့မွာေတာ့ နကၡတ္က ေရႊတိဂံုဘုရားရဲ့ အရိပ္ဟာ ဘုရားရင္ျပင္ေတာ္ေပၚမွာ ဘယ္ေသာအခါမွာ မထင္ေပၚခဲ့ဖူးဘူးဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝလာပါတယ္။ ထိုကိစၥနဲ့ ပက္သတ္ျပီး နကၡတ္နဲ့ သေဘာထားခ်င္းကြဲလြဲသူတစ္ခ်ိဳ့ရိွခဲ့ျပီး တစ္ခ်ိဳ့ကလည္း နကၡတ္ကို ေစာ္ကားတဲ့ စကားမ်ိဳးေတြေျပာခဲ့တာေၾကာင့္ နကၡတ္က သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေနျပီး အခုလိုပဲ ရွင္းလင္းေျပာဆိုလာပါတယ္။

“ဒီေန႔ ကြ်န္ေတာ္ ” ေရႊတိဂံုဘုရား”ရဲ႔ အရိပ္ကို ဘုရားရင္ျပင္မွာ အရိပ္ထင္တဲ႔ photo အတုေလး အေၾကာင္းကို တင္လိုက္တာ ပရိသတ္ေတြၾကားထဲမွာ အထင္အျမင္လြဲစရာေလးျဖစ္သြားလို႔ ကၽြန္ေတာ္ နည္းနည္း ရွင္းျပမယ္။ ကြ်န္ေတာ္ အခု အသက္အရြယ္ထိ လူႀကီးေတြရဲ႕ ေျပာစကားအရ ကြ်န္ေတာ္သိသေလာက္ ေရႊတိဂံုဘုရားရဲ႔ အရိပ္ဟာ ဘုရားရင္ျပင္ေတာ္ေပၚ မွာ မနက္ကကၽြန္ေတာ္ တင္ထားတဲ႔ပံုလိုမ်ိဳး ဘယ္သာအခါမွာမွ အရိပ္ထင္ျခင္းမရွိခဲ့ပါ။ ၾကားလည္းမၾကားဖူးဘူးပါ။ ေရႊတိဂံုဘုရားရဲ႔ အရိပ္ ဘယ္မွာေပၚလဲဆိုတာ ေသခ်ာသိတဲ႔ သူမ်ား comment မွာ လာေရာက္ေဆြးေႏြးလို႔ရပါတယ္။ ကၽြန္ေတာ္မနက္ကတင္ထားတဲ႔ ပံုအတိုင္း “ ေရႊတိဂံုဘုရား” ျပန္ဖြင့္တဲ႔ အခ်ိန္ေရာက္ရင္ ကၽြန္ေတာ္ကိုယ္တိုင္သြားျပီး ဓာတ္ပံု႐ိုက္ခဲ့ပါမယ္။ ကၽြန္ေတာ္ဓာတ္ပံု႐ိုက္တဲ႔အခါမွာ မနက္က ကၽြန္ေတာ္တင္ထားတဲ႔ ပံုအတိုင္း ထြက္တယ္ဆိုရင္ ကၽြန္ေတာ္မနက္က တင္ထားတဲ႔ post မွားေၾကာင္း ကၽြန္ေတာ္ေတာင္းပန္ပါမယ္။ မနက္က ကၽြန္ေတာ္တင္ထားတဲ႔ ပံု ကို “အတု”မဟုတ္ဘူး။ “အစစ္” ျဖစ္ေၾကာင္းလာေရာက္ေျပာဆိုၾကသူမ်ားႏွင့္ မိုးရြာသည့္အခ်ိန္တြင္ ေရႊတိဂံုဘုရားရဲ ့ အရိပ္ဟာ ရင္ျပင္ေတာ္ေပၚမွာ ေရာင္ျပန္အေနနဲ႔ ေပၚတယ္ဆိုျပီး ေျပာဆိုထားသူမ်ားကို လဲေတြ႕ရပါတယ္” “ထိုသို႔ေျပာဆိုျခင္းမ်ားကို ကၽြန္ေတာ့္အေနနဲ႔ လံုးဝယံုၾကည္ျခင္း မရွိပါ “”

“ကၽြန္ေတာ္သိသေလာက္ေတာ့ ” ေရႊတိဂံုဘုရား”ရဲ႔ အရိပ္ဟာ ဘုရားရင္ျပင္ေတာ္ေပၚမွာ ဘယ္ေသာအခါမွ မထင္ေပၚခဲ့ဘူးပါ။ ဒီကိစၥကို ကၽြန္ေတာ့္ထက္ ပိုမိုနားလည္သူမ်ား လာေရာက္ေဆြးေႏြးလို႔ ရပါတယ္ comment ထဲမွာ “မည့္သည့္ ကိစၥကို မွ ဝင္ပါျခင္းမရွိသလို ကိုယ့္ အႏုပညာအလုပ္ကို ႐ိုးသားစြာလုပ္ကိုင္ဖို႔ကလြဲျပီး ဘာမွ စိတ္မဝင္စားခဲ့ပါဘူး။ မည္သူ႔ကိုမွ ေဝဖန္လိုစိတ္မရွိသလို ကၽြန္ေတာ့အေနနဲ႔ သူတစ္ပါးရဲ႕ ကိစၥေတြကို မွန္သည္မွားသည္ဟု ဆံုးျဖတ္ပိုင္ခြင့္မရွိပါ ” မနက္ကတင္ထားတဲ႔ပံုကို စာကိုအဆံုးထိမဖတ္ဘဲ ေစာ္ကားတဲ႔စကားလံုးေတြနဲ႔ ေရးထားတာကိုလဲေတြ႕ရပါတယ္။ စာကိုအဆံုးထိ ဖတ္ၿပီးမွ ေျပာပါလို႔ ေျပာခ်င္ပါတယ္။ ကိုယ့္ရဲ႔ဘာသာ၊သာသနာ ကို ထိပါးေစာ္ကားတဲ႔ ပံုစံမ်ိဳးေတြ ေတြ႕လာလို႔ အခု လိုေရးျခင္းျဖစ္ပါတယ္။ အားလံုးဘဲ လြတ္လပ္စြာ သေဘာထားကြဲလြဲ ခြင့္ရွိပါတယ္။ ကိုယ့္ရဲ႔ ဘာသာ သာသနာ ကို ကိုယ္တတ္ႏိုင္သေလာက္ ကာကြယ္ ေစာင့္ေရွာက္ႏိုင္တဲ႔သူမ်ားျဖစ္ၾကပါေစ” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေရးသားထားပါတယ္။

နကၡတ္ကေတာ့ သူ့အေနနဲ့ ေရႊတိဂံုဘုရားရဲ့ အရိပ္ဟာ ဘုရားရင္ျပင္ေတာ္ေပၚမွာ ဘယ္ေသာအခါမွာ မထင္ေပၚခဲ့ဖူးဘူးဆိုျပီး အခိုင္အမာေျပာဆိုထားတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nat Khat’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ရွှေတိဂုံဘုရားအရိပ်ဟာ ရင်ပြင်တော်ပေါ်မှာ ဘယ်သောအခါမှမပေါ်ဖူးဘူးဆိုတဲ့ စကားအပေါ်
အခိုင်အမာတာဝန်ယူလာတဲ့ နက္ခတ်

သရုပ်ဆောင် နက္ခတ်ကတော့ ဇာတ်လမ်းတွဲတွေကနေ အောင်မြင်လာတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ နက္ခတ်ကတော့ အနေအထိုင် အေးဆေးပြီး တည်ငြိမ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ပိုမိုရရှိပိုင်ဆိုင်ထားသူဆိုရင် မမှားပါဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ နက္ခတ်က ရွှေတိဂုံဘုရားရဲ့ အရိပ်ဟာ ဘုရားရင်ပြင်တော်ပေါ်မှာ ဘယ်သောအခါမှာ မထင်ပေါ်ခဲ့ဖူးဘူးဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး နက္ခတ်နဲ့ သဘောထားချင်းကွဲလွဲသူတစ်ချို့ရှိခဲ့ပြီး တစ်ချို့ကလည်း နက္ခတ်ကို စော်ကားတဲ့ စကားမျိုးတွေပြောခဲ့တာကြောင့် နက္ခတ်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး အခုလိုပဲ ရှင်းလင်းပြောဆိုလာပါတယ်။

“ဒီနေ့ ကျွန်တော် ” ရွှေတိဂုံဘုရား”ရဲ့ အရိပ်ကို ဘုရားရင်ပြင်မှာ အရိပ်ထင်တဲ့ photo အတုလေး
အကြောင်းကို တင်လိုက်တာ ပရိသတ်တွေကြားထဲမှာ အထင်အမြင်လွဲစရာလေးဖြစ်သွားလို့ ကျွန်တော် နည်းနည်း ရှင်းပြမယ်။ ကျွန်တော် အခု အသက်အရွယ်ထိ လူကြီးတွေရဲ့ ပြောစကားအရ ကျွန်တော်သိသလောက် ရွှေတိဂုံဘုရားရဲ့ အရိပ်ဟာ ဘုရားရင်ပြင်တော်ပေါ် မှာ မနက်က
ကျွန်တော် တင်ထားတဲ့ပုံလိုမျိုး ဘယ်သာအခါမှာမှ အရိပ်ထင်ခြင်းမရှိခဲ့ပါ။ ကြားလည်းမကြားဖူးဘူးပါ။ ရွှေတိဂုံဘုရားရဲ့ အရိပ် ဘယ်မှာပေါ်လဲဆိုတာ သေချာသိတဲ့ သူများ comment မှာ လာရောက်ဆွေးနွေးလို့ရပါတယ်။ ကျွန်တော်မနက်ကတင်ထားတဲ့ ပုံအတိုင်း “ ရွှေတိဂုံဘုရား” ပြန်ဖွင့်တဲ့ အချိန်ရောက်ရင် ကျွန်တော်ကိုယ်တိုင်သွားပြီး ဓာတ်ပုံရိုက်ခဲ့ပါမယ်။ ကျွန်တော်ဓာတ်ပုံရိုက်တဲ့အခါမှာ မနက်က ကျွန်တော်တင်ထားတဲ့ ပုံအတိုင်း ထွက်တယ်ဆိုရင် ကျွန်တော်မနက်က တင်ထားတဲ့ post မှားကြောင်း ကျွန်တော်တောင်းပန်ပါမယ်။ မနက်က ကျွန်တော်တင်ထားတဲ့ ပုံ ကို “အတု”မဟုတ်ဘူး။ “အစစ်” ဖြစ်ကြောင်းလာရောက်ပြောဆိုကြသူများနှင့် မိုးရွာသည့်အချိန်တွင် ရွှေတိဂုံဘုရားရဲ့ အရိပ်ဟာ ရင်ပြင်တော်ပေါ်မှာ ရောင်ပြန်အနေနဲ့ ပေါ်တယ်ဆိုပြီး ပြောဆိုထားသူများကို လဲတွေ့ရပါတယ်” “ထိုသို့ပြောဆိုခြင်းများကို ကျွန်တော့်အနေနဲ့ လုံးဝယုံကြည်ခြင်း မရှိပါ “”

“ကျွန်တော်သိသလောက်တော့ ” ရွှေတိဂုံဘုရား”ရဲ့ အရိပ်ဟာ ဘုရားရင်ပြင်တော်ပေါ်မှာ ဘယ်သောအခါမှ မထင်ပေါ်ခဲ့ဘူးပါ။ ဒီကိစ္စကို ကျွန်တော့်ထက် ပိုမိုနားလည်သူများ လာရောက်ဆွေးနွေးလို့ ရပါတယ် comment ထဲမှာ “မည့်သည့် ကိစ္စကို မှ ဝင်ပါခြင်းမရှိသလို ကိုယ့် အနုပညာအလုပ်ကို ရိုးသားစွာလုပ်ကိုင်ဖို့ကလွဲပြီး ဘာမှ စိတ်မဝင်စားခဲ့ပါဘူး။ မည်သူ့ကိုမှ ဝေဖန်လိုစိတ်မရှိသလို ကျွန်တော့အနေနဲ့ သူတစ်ပါးရဲ့ ကိစ္စတွေကို မှန်သည်မှားသည်ဟု ဆုံးဖြတ်ပိုင်ခွင့်မရှိပါ ” မနက်ကတင်ထားတဲ့ပုံကို စာကိုအဆုံးထိမဖတ်ဘဲ စော်ကားတဲ့စကားလုံးတွေနဲ့ ရေးထားတာကိုလဲတွေ့ရပါတယ်။ စာကိုအဆုံးထိ ဖတ်ပြီးမှ ပြောပါလို့ ပြောချင်ပါတယ်။ ကိုယ့်ရဲ့ဘာသာ၊သာသနာ ကို ထိပါးစော်ကားတဲ့ ပုံစံမျိုးတွေ တွေ့လာလို့ အခု လိုရေးခြင်းဖြစ်ပါတယ်။ အားလုံးဘဲ လွတ်လပ်စွာ သဘောထားကွဲလွဲ ခွင့်ရှိပါတယ်။ ကိုယ့်ရဲ့ ဘာသာ သာသနာ ကို ကိုယ်တတ်နိုင်သလောက် ကာကွယ် စောင့်ရှောက်နိုင်တဲ့သူများဖြစ်ကြပါစေ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

နက္ခတ်ကတော့ သူ့အနေနဲ့ ရွှေတိဂုံဘုရားရဲ့ အရိပ်ဟာ ဘုရားရင်ပြင်တော်ပေါ်မှာ ဘယ်သောအခါမှာ မထင်ပေါ်ခဲ့ဖူးဘူးဆိုပြီး အခိုင်အမာပြောဆိုထားတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nat Khat’s fb
Bilie – Cele Connections

error: Alert: Content is protected !!