



ယူနီကုဒ်ဖြင့်ဖတ်ရန်

လွန်ခဲ့တဲ့ (၁၇) နှစ်က ထွက်ရှိခဲ့တဲ့ “ကတ္တီပါလမ်းခွဲ” သီချင်းနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို မေးခွန်းထုတ်လာခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး အနုပညာရှင် တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က အနုပညာသက်တမ်း နှစ်(၂၀) ကျော်မှာ အောင်မြင်မှု အရှိန်အဝါ လုံးဝကျဆင်းမသွားတဲ့ ရှားရှားပါးပါး အဆိုတော်တစ်ဦးပါ။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတိုင်းဟာ လူကြိုက်များ အောင်မြင်လှသလို စိုင်းစိုင်း ရိုက်ကူးတဲ့ ရုပ်ရှင်ဗီဒီယိုတိုင်းကလည်း နာမည်ကြီးတာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့်လည်း အခုလက်ရှိအချိန်ထိတိုင် ပရိသတ်တွေကြားမှာ စိုင်းစိုင်းခမ်းလှိုင်ရယ်လို့ နာမည်တစ်လုံးနဲ့ လွှမ်းမိုးမှုရှိနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သီချင်းအယ်လ်ဘမ်အသစ်အတွက် ပြင်ဆင်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်တွေလက်ထဲ ထည့်မပေးနိုင်သေးခင်မှာ သူ့ရဲ့ သီချင်းဟောင်းလေးတွေကို ပြန်လည် မျှဝေပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း စိုင်းစိုင်းခမ်းလှိုင်က လွန်ခဲ့တဲ့ (၁၇) နှစ်က သူ့ရဲ့ သီချင်းဟောင်းလေးတစ်ပုဒ်ဖြစ်တဲ့ “ကတ္တီပါလမ်းခွဲ” သီချင်းနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို “Remember This? ဒီသီချင်းနဲ့အမှတ်တရ တစ်ခုခုများရှိခဲ့ရင်” ဆိုပြီး အမှတ်တရဟောင်းတွေကို ပြန်လည်ပြောပြဖို့ မေးခွန်းထုတ်လာခဲ့ပါတယ်။

“ကတ္တီပါလမ်းခွဲ” သီချင်းလေးကတော့ (၂၀၀၃) ခုနှစ်က ထွက်ရှိခဲ့တဲ့ စိုင်းစိုင်းရဲ့ “ဖောဖော်ဝါရီမှတ်တမ်း” အယ်လ်ဘမ်ထဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး လူကြိုက်အများဆုံး သီချင်းတစ်ပုဒ် ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော “ကတ္တီပါလမ်းခွဲ” သီချင်းလေးနဲ့ ပက်သတ်ပြီး အမှတ်တရတွေရှိရင် ပြောပြပေးခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sai Sai Kham Leng’s fb
Bilie – Cele Connections

error: Alert: Content is protected !!