ကိုယ့္ကိုကိုယ္အဆံုးစီရင္သြားတဲ့ အိမ္ေထာင္ဦးစီးရဲ့ က်န္ရစ္သူမိသားစုကို ေစ်းဆိုင္ေလးပိုင္ဆိုင္နိုင္ဖို့ အရင္းအနွီးထုတ္ေပးခဲ့တဲ့ ခိုင္နွင္းေဝ

သရုပ္ေဆာင္ ခိုင္နွင္းေဝကေတာ့ အခက္အခဲျဖစ္ေနသူေတြကို ကူညီေဖးမရင္း ဘဝကို ရိုးရွင္းစြာ ျဖတ္သန္းေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခိုင္နွင္းေဝ ပရဟိတအသင္းနဲ့ ခိုင္နွင္းေဝ ရင္ေသြးေလးမ်ားေဂဟာကို ဦးေဆာင္ေနတဲ့ ခိုင္နွင္းေဝက သူမလက္လွမ္းမွီသေလာက္ ေနရာေတြမွာလည္း ထိထိေရာက္ေရာက္ လွဴဒါန္းေပးေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ခိုင္နွင္းေဝက နို့မႈန့္ဖိုးမရိွလို့ ကိုယ့္ကိုကိုယ္အဆံုးစီရင္သြားတဲ့ အိမ္ေထာင္ဦးစီးရဲ့ က်န္ရစ္သူမိသားစုကို ေစ်းဆိုင္ေလးပိုင္ေအာင္ အရင္းအနွီးထုတ္ေပးခဲ့တဲ့အေၾကာင္းကို အခုလိုပဲ ေျပာျပလာပါတယ္။

“ခင္ပြန္းျဖစ္သူ ကိုယ့္ကိုကိုယ္ အဆံုးစီရင္သြားေသာေၾကာင့္ က်န္ရစ္သူ ဇနီး ႏွင့္ သားေလးတို႔အား နို့မႈန္႔ တစ္ႏွစ္စာ လႉၿပီးေသာ္လည္း စားဝတ္ေနေရး ေျပလည္ေစရန္ အရင္းႏွီး အျဖစ္ အလႉေငြ (၅)သိန္း ႏွင့္ ကေလးအသံုးေဆာင္ပစၥည္းမ်ား အား မ, တည္ လႉဒါန္းေပးခ့ဲပါတယ္။ ကူညီ လႉဒါန္းေပးေသာ အလႉရွင္မ်ားအား ေက်းဇူးတင္ရွိပါတယ္ရွင္။ ေစ်းဆိုင္ေလး ျဖစ္သြားသည္ အထိ ကူညီ ေပးသြားရန္ ဆံုးျဖတ္ထားမိပါတယ္။ တားေနတ့ဲၾကားက ကၽြန္မကို ထိုင္ကန္ေတာ့တ့ဲ အခ်ိန္ စိတ္မေကာင္းျဖစ္မိပါတယ္။ အားနည္းသူတိုင္းကို တတ္ႏိုင္သေလာက္ ေဖးမ ကူညီသြားဖို့ အားတင္းရင္း……..🙏🏼🙏🏼🙏🏼” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးလာတာပဲ ျဖစ္ပါတယ္။

ခိုင္နွင္းေဝကေတာ့ နို့မႈန့္ဖိုးမရိွလို့ ကိုယ့္ကိုကိုယ္အဆံုးစီရင္သြားတဲ့ အမ်ိဳးသားရဲ့ က်န္ရစ္သူ ကေလးနဲ့ အမ်ိဳးသမီးအတြက္ တတ္နိုင္သေလာက္ ျဖည့္စြက္လွဴဒါန္းရင္း အခုဆိုရင္ ေစ်းဆိုင္ေလးတစ္ဆိုင္ျဖစ္ဖို့ပါ အရင္းအနွီးထုတ္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Khine Hnin Wai’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတဲ့ အိမ်ထောင်ဦးစီးရဲ့ ကျန်ရစ်သူမိသားစုကို ဈေးဆိုင်လေးပိုင်ဆိုင်နိုင်ဖို့ အရင်းအနှီးထုတ်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အခက်အခဲဖြစ်နေသူတွေကို ကူညီဖေးမရင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေ ပရဟိတအသင်းနဲ့ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို ဦးဆောင်နေတဲ့ ခိုင်နှင်းဝေက သူမလက်လှမ်းမှီသလောက် နေရာတွေမှာလည်း ထိထိရောက်ရောက် လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခိုင်နှင်းဝေက နို့မှုန့်ဖိုးမရှိလို့ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတဲ့ အိမ်ထောင်ဦးစီးရဲ့ ကျန်ရစ်သူမိသားစုကို ဈေးဆိုင်လေးပိုင်အောင် အရင်းအနှီးထုတ်ပေးခဲ့တဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

“ခင်ပွန်းဖြစ်သူ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားသောကြောင့် ကျန်ရစ်သူ ဇနီး နှင့် သားလေးတို့အား နို့မှုန့် တစ်နှစ်စာ လှူပြီးသော်လည်း စားဝတ်နေရေး ပြေလည်စေရန် အရင်းနှီး အဖြစ် အလှူငွေ (၅)သိန်း နှင့် ကလေးအသုံးဆောင်ပစ္စည်းများ အား မ, တည် လှူဒါန်းပေးခဲ့ပါတယ်။ ကူညီ လှူဒါန်းပေးသော အလှူရှင်များအား ကျေးဇူးတင်ရှိပါတယ်ရှင်။ ဈေးဆိုင်လေး ဖြစ်သွားသည် အထိ ကူညီ ပေးသွားရန် ဆုံးဖြတ်ထားမိပါတယ်။ တားနေတဲ့ကြားက ကျွန်မကို ထိုင်ကန်တော့တဲ့ အချိန် စိတ်မကောင်းဖြစ်မိပါတယ်။ အားနည်းသူတိုင်းကို တတ်နိုင်သလောက် ဖေးမ ကူညီသွားဖို့ အားတင်းရင်း……..🙏🏼🙏🏼🙏🏼” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ နို့မှုန့်ဖိုးမရှိလို့ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတဲ့ အမျိုးသားရဲ့ ကျန်ရစ်သူ ကလေးနဲ့ အမျိုးသမီးအတွက် တတ်နိုင်သလောက် ဖြည့်စွက်လှူဒါန်းရင်း အခုဆိုရင် ဈေးဆိုင်လေးတစ်ဆိုင်ဖြစ်ဖို့ပါ အရင်းအနှီးထုတ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khine Hnin Wai’s fb
Bilie – Cele Connections

error: Alert: Content is protected !!