ကိုယ္ပိုင္အလုပ္ေလးကရရိွခဲ့တဲ့ အျမတ္ေငြေတြနဲ႔ သီလရွင္စာသင္တိုက္မွာ စားေသာက္ဖြယ္ရာမ်ား လႉဒါန္းခဲ့တဲ့ ဘုန္းလွ်ံ

သ႐ုပ္ေဆာင္ ဘုန္းလွ်ံကေတာ့ သူ႔ရဲ႕အတိတ္ကအမွားတစ္ခ်ိဳ႕ကို ႏွစ္အေတာ္ၾကာေပးဆပ္ခဲ့ၿပီး အခုဆိုရင္ ပုံမွန္ဘဝေလးမွာ ျပန္လည္လည္ပတ္ေနျပီပဲ ျဖစ္ပါတယ္။ ဘုန္းလွ်ံကေတာ့ အနုပညာေလာကမွာ ျပန္လည္အေျခခ်ဖို့ ၾကိဳးစားေနျပီး အခုလို ရုပ္ရွင္ရိုက္ကူးျခင္းေတြ ရပ္နားထားခ်ိန္မွာ စားေသာက္ကုန္လုပ္ငန္းကို တစ္နုိင္တစ္ပိုင္ လုပ္ကိုင္ေနလ်က္ရိွျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ပံုမွန္အတိုင္း လည္ပတ္ေနတဲ့ ဘုန္းလွ်ံရဲ့ ရပ္တည္မႈကို ခ်စ္ခင္မႈေတြမ်ားစြာနဲ့ အားေပးေနၾကတာပဲ ျဖစ္ပါတယ္။

ပူပူေႏြးေႏြး အိမ္ေထာင္က်သြားျပီျဖစ္ျပီး တစ္နုိင္တစ္ပိုင္ စားေသာက္ကုန္လုပ္ငန္းေတြ လုပ္ကိုင္ရင္း တစ္ေန့တစ္ျခား ေအာင္ျမင္လာတဲ့ ဘုန္းလွ်ံကေတာ့ သူရရိွတဲ့ အျမတ္ေငြေတြကို အလွဴအတန္းေတြျပဳလုပ္ရင္း ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ဘုန္းလွ်ံက ဒီကေန့ ေအာက္တိုဘာလ (၁၅) ရက္ေန့မွာေတာ့ ပုလဲျမိဳ့သစ္က သီလရွင္စာသင္တိုက္မွာ ဆီ၊ ၾကက္သြန္၊ ပဲ၊ မုန့္နဲ့ အျခားေသာ စားေသာက္ဖြယ္ရာမ်ားကို လွဴဒါန္းေပးခဲ့တယ္လို့ သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးထားပါတယ္။

ဘုန္းလွ်ံကေတာ့ သူ့ရဲ့ လုပ္အားကေနရရိွလာတဲ့ အျမတ္အစြန္းနဲ့ အလွဴေလးတစ္ခုျပဳလုပ္ခဲ့ရလုိ့ ေက်နပ္ပီတိျဖစ္ေနရရွာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဘုန္းလွ်ံရဲ့ ကုသုိလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Bhone Hlan’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုယ်ပိုင်အလုပ်လေးကရရှိခဲ့တဲ့ အမြတ်ငွေတွေနဲ့ သီလရှင်စာသင်တိုက်မှာ စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့တဲ့ ဘုန်းလျှံ

သရုပ်ဆောင် ဘုန်းလျှံကတော့ သူ့ရဲ့အတိတ်ကအမှားတစ်ချို့ကို နှစ်အတော်ကြာပေးဆပ်ခဲ့ပြီး အခုဆိုရင် ပုံမှန်ဘဝလေးမှာ ပြန်လည်လည်ပတ်နေပြီပဲ ဖြစ်ပါတယ်။ ဘုန်းလျှံကတော့ အနုပညာလောကမှာ ပြန်လည်အခြေချဖို့ ကြိုးစားနေပြီး အခုလို ရုပ်ရှင်ရိုက်ကူးခြင်းတွေ ရပ်နားထားချိန်မှာ စားသောက်ကုန်လုပ်ငန်းကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေလျက်ရှိပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ပုံမှန်အတိုင်း လည်ပတ်နေတဲ့ ဘုန်းလျှံရဲ့ ရပ်တည်မှုကို ချစ်ခင်မှုတွေများစွာနဲ့ အားပေးနေကြတာပဲ ဖြစ်ပါတယ်။

ပူပူနွေးနွေး အိမ်ထောင်ကျသွားပြီဖြစ်ပြီး တစ်နိုင်တစ်ပိုင် စားသောက်ကုန်လုပ်ငန်းတွေ လုပ်ကိုင်ရင်း တစ်နေ့တစ်ခြား အောင်မြင်လာတဲ့ ဘုန်းလျှံကတော့ သူရရှိတဲ့ အမြတ်ငွေတွေကို အလှူအတန်းတွေပြုလုပ်ရင်း ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဘုန်းလျှံက ဒီကနေ့ အောက်တိုဘာလ (၁၅) ရက်နေ့မှာတော့ ပုလဲမြို့သစ်က သီလရှင်စာသင်တိုက်မှာ ဆီ၊ ကြက်သွန်၊ ပဲ၊ မုန့်နဲ့ အခြားသော စားသောက်ဖွယ်ရာများကို လှူဒါန်းပေးခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားပါတယ်။

ဘုန်းလျှံကတော့ သူ့ရဲ့ လုပ်အားကနေရရှိလာတဲ့ အမြတ်အစွန်းနဲ့ အလှူလေးတစ်ခုပြုလုပ်ခဲ့ရလို့ ကျေနပ်ပီတိဖြစ်နေရရှာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘုန်းလျှံရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Bhone Hlan’s fb
Bilie – Cele Connections

error: Alert: Content is protected !!