Project K အဖြဲ့ရဲ့ ျပႆနာနဲ့ပက္သတ္ျပီး ပြဲစီစဥ္သူေတြရဲ့ေပါ့ေရာ့မႈသာျဖစ္တာေၾကာင့္ ခြင့္လႊတ္ေပးဖို့ ေျပာလာတဲ့ ဂၽြန္လြင္

Stars & Models Int’l Yangon ရဲ့ တည္ေတာင္သူတစ္ေယာက္ျဖစ္တဲ့ ဂၽြန္လြင္ကိုေတာ့ တစ္နိုင္ငံလံုးက ပရိသတ္ေတြ သိထားျပီးသား ျဖစ္မွာပါ။ ဂၽြန္လြင္က စကားေျပာျပတ္သားျပီး စိတ္ထဲရိွတဲ့အတိုင္းကို ပြင့္ပြင့္လင္းလင္းေျပာဆိုတတ္သူတစ္ေယာက္ျဖစ္တာမို့ အျမင္မေတာ္ျဖစ္ေနတဲ့အရာေတြေတြ့ရင္ သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာဆိုေလ့ရိွတာပဲ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ဂၽြန္လြင္က Project K အဖြဲ့ရဲ့ မွားယြင္းမႈနဲ့ပက္သတ္ျပီး ခြင့္လႊတ္ေပးဖို့အေၾကာင္းကို အခုလိုပဲ ေျပာလာပါတယ္။

“Aww ေနာက္ဆိုရင္ ဖ်ာခင္းသို႔မဟုတ္ေကာေဇာခင္းၿပီး ျပေနၾကငါတိုနိင္ငံကstage ဟာမတိုးတက္ေပမယ္အမ်ားကလက္ခံတယ္။ အရမ္းမ်က္စိအာ႐ုံလွပေစခ်င္ၿပီး တိုးတက္တဲ့နိင္ငံေတြမွာ led ကိုstage ၾကမ္းမွာပါသုံးေနၾကပါတယ္။ ေနာက္ဆိုျမန္မာျပည္က ႏိုင္ငံျခားမွာသြားေဖ်ာ္ေျဖရင္ ထက္ျမတ္သြက္လက္တဲ့ manager ေခၚသြားၾကပါ။ အေမတို႔ အစ္မတို ႔ရည္စားတို႔က် ဒါေတြကိုမၾကည့္တတ္ဘူးေလ။ rehearsal တိုက္ရင္ ဘာေတြလိုတိုးပိုေလွ်ာ့လုပ္ရမလဲ သိနိင္မယ္သူမရွိတာပါ။ သူတို႔လည္း ေဖ်ာ္ေျဖရင္ေဇာတိုက္ေနတာျဖစ္တဲ့အတြက္ေရာ ကေလးေတြကအေတြ႕ႀကဳံနည္းေသးတာအတြက္ ခြင့္လႊတ္ေပးၾကပါ။ stage ရဲ႕ၾကမ္း led နဲ႔ေနာက္က led ျပတဲ့ပုံရိပ္တခုထဲျဖစ္တာကို led control လုပ္တဲ့သူဟာ ဗုဒၶဘာသာေရးမွ ာဘုရားပုံရိပ္ကိုနင္းမရတာကို led control နဲ႔ stage manager သို႔မဟုတ္ ပြဲစီစဥ္သူတိုကသတိလက္လႊတ္မႈပါ။ ျဖစ္သင့္တာကေတာ့ ေနာက္ဆိုဘုရားပုံေတြကိုသုံးမယ္ဆိုပါက အထူးသတိျပဳစီစဥ္သင့္ပါတယ္။ သူတို႔လဲေတာင္းပန္ထားပါတယ္။ ကေလးေတြကိုခြင့္လႊတ္ေပးလိုက္ပါ” ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

ဂၽြန္လြင္ကေတာ့ သူကိုယ္တိုင္လည္း ပြဲေတြအမ်ားၾကီးကို ၾကီးၾကပ္စီစဥ္ဖူးသူတစ္ေယာက္ျဖစ္တာေၾကာင့္ ဒီျပႆနာကလည္း Project K အဖြဲ့ရဲ့ အမွားမဟုတ္ပဲ ပြဲစီစဥ္သူေတြရဲ့ ေပ့ါေရာ့မႈသူျဖစ္ေၾကာင္း ေထာက္ျပလာခဲ့တာ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: John Lwin’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Project K အဖွဲ့ရဲ့ ပြဿနာနဲ့ပက်သတ်ပြီး ပွဲစီစဉ်သူတွေရဲ့ပေါ့ရော့မှုသာဖြစ်တာကြောင့် ခွင့်လွှတ်ပေးဖို့ ပြောလာတဲ့ ဂျွန်လွင်

Stars & Models Int’l Yangon ရဲ့ တည်တောင်သူတစ်ယောက်ဖြစ်တဲ့ ဂျွန်လွင်ကိုတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေ သိထားပြီးသား ဖြစ်မှာပါ။ ဂျွန်လွင်က စကားပြောပြတ်သားပြီး စိတ်ထဲရှိတဲ့အတိုင်းကို ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သူတစ်ယောက်ဖြစ်တာမို့ အမြင်မတော်ဖြစ်နေတဲ့အရာတွေတွေ့ရင် သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောဆိုလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဂျွန်လွင်က Project K အဖွဲ့ရဲ့ မှားယွင်းမှုနဲ့ပက်သတ်ပြီး ခွင့်လွှတ်ပေးဖို့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“Aww နောက်ဆိုရင် ဖျာခင်းသို့မဟုတ်ကောဇောခင်းပြီး ပြနေကြငါတိုနိင်ငံကstage ဟာမတိုးတက်ပေမယ်အများကလက်ခံတယ်။ အရမ်းမျက်စိအာရုံလှပစေချင်ပြီး တိုးတက်တဲ့နိင်ငံတွေမှာ led ကိုstage ကြမ်းမှာပါသုံးနေကြပါတယ်။ နောက်ဆိုမြန်မာပြည်က နိုင်ငံခြားမှာသွားဖျော်ဖြေရင် ထက်မြတ်သွက်လက်တဲ့ manager ခေါ်သွားကြပါ။ အမေတို့ အစ်မတို့ရည်စားတို့ကျ ဒါတွေကိုမကြည့်တတ်ဘူးလေ။ rehearsal တိုက်ရင် ဘာတွေလိုတိုးပိုလျှော့လုပ်ရမလဲ သိနိင်မယ်သူမရှိတာပါ။ သူတို့လည်း ဖျော်ဖြေရင်ဇောတိုက်နေတာဖြစ်တဲ့အတွက်ရော ကလေးတွေကအတွေ့ကြုံနည်းသေးတာအတွက် ခွင့်လွှတ်ပေးကြပါ။ stage ရဲ့ကြမ်း led နဲ့နောက်က led ပြတဲ့ပုံရိပ်တခုထဲဖြစ်တာကို led control လုပ်တဲ့သူဟာ ဗုဒ္ဓဘာသာရေးမှ ာဘုရားပုံရိပ်ကိုနင်းမရတာကို led control နဲ့ stage manager သို့မဟုတ် ပွဲစီစဉ်သူတိုကသတိလက်လွှတ်မှုပါ။ ဖြစ်သင့်တာကတော့ နောက်ဆိုဘုရားပုံတွေကိုသုံးမယ်ဆိုပါက အထူးသတိပြုစီစဉ်သင့်ပါတယ်။ သူတို့လဲတောင်းပန်ထားပါတယ်။ ကလေးတွေကိုခွင့်လွှတ်ပေးလိုက်ပါ” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ဂျွန်လွင်ကတော့ သူကိုယ်တိုင်လည်း ပွဲတွေအများကြီးကို ကြီးကြပ်စီစဉ်ဖူးသူတစ်ယောက်ဖြစ်တာကြောင့် ဒီပြဿနာကလည်း Project K အဖွဲ့ရဲ့ အမှားမဟုတ်ပဲ ပွဲစီစဉ်သူတွေရဲ့ ပေ့ါရော့မှုသူဖြစ်ကြောင်း ထောက်ပြလာခဲ့တာ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: John Lwin’s fb
Bilie – Cele Connections

error: Alert: Content is protected !!