အကယ္ဒမီရရိွခဲ့တဲ့ “ေရႊၾကာ” ရုပ္ရွင္ဇာတ္ကားနဲ့ ပက္သတ္ျပီး မေလးရွားရုပ္ရွင္ဘုတ္အဖြဲ့ကို ျမန္မာအခ်င္းခ်င္း ကုန္းေခ်ာထိုးနွက္ခံရဖူးေၾကာင္း ရင္ဖြင့္လာတဲ့ ေဖြးေဖြး

ပရိသတ္ေတြခ်စ္ၾကတဲ့ မင္းသမီးေခ်ာ ေဖြးေဖြးကေတာ့ အသက္ (၁၉) နွစ္အရြယ္ကတည္းက အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ကာ အခုဆိုရင္ အနုပညာသက္တမ္း (၁၃)နွစ္ေက်ာ္ေတာင္ရိွျပီပဲ ျဖစ္ပါတယ္။ ေဖြးေဖြးက သူမရဲ့ အနုပညာသက္တမ္း (၁၃) နွစ္တာမွာ အကယ္ဒမီဆုၾကီး (၃) ဆုကို လက္ဝယ္ပိုင္ဆိုင္နိုင္ခဲ့ျပီး ေနာက္ဆံုးရရိွခဲ့တဲ့ “ေရႊၾကာ” ဇာတ္လမ္းတြဲနဲ့ပက္သတ္ျပီး ေဝဖန္မႈအနည္းငယ္ ခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေဖြးေဖြးက သူမအကယ္ဒမီရရိွခဲ့တဲ့ “ေရႊၾကာ” ရုပ္ရွင္ဇာတ္ကားနဲ့ ပက္သတ္ျပီး မေလးရွားရုပ္ရွင္ဘုတ္အဖြဲ့ကို ျမန္မာအခ်င္းခ်င္း ထိုးနွက္ခံရဖူးေၾကာင္း ရင္ဖြင့္ေျပာဆိုလာပါတယ္။

“ေဖြးတို႔ဒီ ​ေလာကထဲ​ဝင္ခ်င္စိတ္ျဖစ္​ေပၚ​ေစခဲ့တဲ့ INSPIRE လုပ္ခဲ့ၾကတဲ့ ဟိုး ​ေဖြးတို႔ ​ေရွ႕ က အႏုပညာ သူရဲ​ေကာင္းမ်ား အႏုပညာ အတတ္ပညာ ရွင္မ်ားအားလုံးကို ႐ို​ေသစြာ ဂါရဝျပဳပါတယ္ရွင္။ ၁၉ ႏွစ္သမီးထဲက အႏုပညာ​ေလာကထဲမယ္ ႀကိဳးစားလာတာ။ ဒီ​႐ုပ္ရွင္ေလာကထဲမွာပဲႀကီးျပင္းလာတာ ဒီအ႐ြယ္ ​ေရာက္ၿပီ ခုျမန္မာ့႐ုပ္ရွင္ႏွစ္တစ္ရာျပည့္မွာ တစိတ္တပိုင္း​ေလး ကြၽန္မ ​ေဖြး​ေဖြး လည္း ပါဝင္ခြင့္ရခဲ့သည္ေပါ့။ အမွတ္တရပဲ​ေပါ့ရွင္။ ပရိတ္သတ္မ်ားက​ေတာ့ အၿမဲတမ္းအတြက္ မရွိမျဖစ္​ပါ။ ဟိုႏိုင္ငံ ​ေတြမွာ သြား ၿပိဳင္လို႔ ျပၾကရတဲ့ ျမန္မာ႐ုပ္ရွင္​ေတြအတြက္လဲ အၿမဲအား​ေပး​ေနပါတယ္။ fighting ပါ။ မွတ္မွတ္ရရ “​ေဖြး” 2019 အမ်ိဳးသမီးဇာတ္​ေဆာင္အကယ္ဒမီဆု ခ်ီးျမႇင့္ခံခဲ့ရတဲ့ “​ေ႐ႊၾကာ” ႐ုပ္ရွင္ဇာတ္ကားကို မ​ေလးရွားမွာ သြားၿပိဳင္စဥ္ COPY ဇာတ္လမ္း “လုံးဝ”မဟုတ္ပါပဲ ျမန္မာအခ်င္းခ်င္း ပဲ email ႏွင့္ ထိုသြား​ေရာက္ယွဥ္ၿပိဳင္​ေသာ မ​ေလးရွားဘုတ္အဖြဲ႕သို႔ မမွန္ကန္​ေသာစာမ်ား ​ေပးပို႔ျခင္းခံရတာ​ေလးလည္း အမွတ္တရပဲ​​​ေပါ့ရွင္ ”

“ဟိုကလူႀကီး​ေတြက email နဲ႔ပို႔တဲ့သူကိုလဲ ျပန္ျပ​ေပမယ့္ အက်ယ္အက်ယ္ တစ္ရွက္က နွစ္ရွက္ျဖစ္မွာစိုး၍ ျမန္မာျပည္မွာမရွင္း​ေတာ့ပဲ သူတို႔​​ေျပာသည့္ တ႐ုတ္ကားမွ copyမဟုတ္​ေၾကာင္း ဆရာမ ပုညခင္ ၏ “အ​ေရွ႕တံခါးအဝင္”ဝတၳဳမွာ Original ျဖစ္​ေၾကာင္း မ​ေလးရွားဘက္ကိုသာ ​ေသခ်ာယွဥ္ျပ အမွန္ကိုရွင္းလင္းခဲ့ၾကရပါသည္။ ​​ေဖြးအ​ေန​နဲ႔​ေတာ့ ကိုယ့္လူမ်ိဳး​ေတြ တိုးတက္ရင္ဘယ္သူ​ျဖစ္ျဖစ္ “ျမန္မာလူမ်ိဳး” အတြက္ အာ​​းေပးလက္ခုပ္တီးဖို႔ အသင့္ပဲမို႔ ဆက္ႀကိဳးစားဖို႔အမ်ားႀကီး ရွိ​ေသး/လိုအပ္​ေန​ေသးတဲ့ ျမန္မာ အခ်င္းခ်င္း အစဥ္ အား​ေပးမွာပါပဲရွင္။ အခု Generation Z အတြက္္ဂုဏ္ယူရသလိုလဲ အျခားအျခား​ေသာ ​ထပ္မံဖန္တီးၾကမယ့္ ဘယ္နယ္ပယ္ကပဲျဖစ္ျဖစ္အႏုပညာအတက္ပညာရွင္ မ်ားရဲ႕ Art Works မ်ား ကို အစဥ္တန္ဖိုးထားလ်က္….ရွိ​ေနပါမယ္ရွင္။ ဘာပဲျဖစ္ျဖစ္​ေပါ့ တ​စ္ေန႔​ေန႔ ​ေတာ့ ဘယ္​​ေလာကကိုမဆို ခြဲခြာရဦးမွာပဲမလား? I will keep following my heart..🤍✨” ဆိုျပီး ေျပာျပလာခဲ့ပါတယ္။

ဘယ္လိုပဲ တိုက္ခိုက္ေဝဖန္မႈေတြရိွရိွ ေဖြးေဖြးကေတာ့ လက္ရိွအခ်ိန္ထိတိုင္ အနုပညာေလာကမွာ ေတာက္ပတဲ့ ၾကယ္ပြင့္တစ္ပြင့္အျဖစ္ ရပ္တည္ေနဆဲပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ေဖြးေဖြးရဲ့ ေရွ့ဆက္ေလွ်ာက္မယ့္ အနုပညာလႈပ္ရွားမႈေတြကို အားေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Phway Phway’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အကယ်ဒမီရရှိခဲ့တဲ့ “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားနဲ့ ပက်သတ်ပြီး မလေးရှားရုပ်ရှင်ဘုတ်အဖွဲ့ကို မြန်မာအချင်းချင်း ကုန်းချောထိုးနှက်ခံရဖူးကြောင်း ရင်ဖွင့်လာတဲ့ ဖွေးဖွေး

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချော ဖွေးဖွေးကတော့ အသက် (၁၉) နှစ်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ကာ အခုဆိုရင် အနုပညာသက်တမ်း (၁၃)နှစ်ကျော်တောင်ရှိပြီပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက သူမရဲ့ အနုပညာသက်တမ်း (၁၃) နှစ်တာမှာ အကယ်ဒမီဆုကြီး (၃) ဆုကို လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့ပြီး နောက်ဆုံးရရှိခဲ့တဲ့ “ရွှေကြာ” ဇာတ်လမ်းတွဲနဲ့ပက်သတ်ပြီး ဝေဖန်မှုအနည်းငယ် ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဖွေးဖွေးက သူမအကယ်ဒမီရရှိခဲ့တဲ့ “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားနဲ့ ပက်သတ်ပြီး မလေးရှားရုပ်ရှင်ဘုတ်အဖွဲ့ကို မြန်မာအချင်းချင်း ထိုးနှက်ခံရဖူးကြောင်း ရင်ဖွင့်ပြောဆိုလာပါတယ်။

“ဖွေးတို့ဒီ လောကထဲဝင်ချင်စိတ်ဖြစ်ပေါ်စေခဲ့တဲ့ INSPIRE လုပ်ခဲ့ကြတဲ့ ဟိုး ဖွေးတို့ ရှေ့ က အနုပညာ သူရဲကောင်းများ အနုပညာ အတတ်ပညာ ရှင်များအားလုံးကို ရိုသေစွာ ဂါရဝပြုပါတယ်ရှင်။ ၁၉ နှစ်သမီးထဲက အနုပညာလောကထဲမယ် ကြိုးစားလာတာ။ ဒီရုပ်ရှင်လောကထဲမှာပဲကြီးပြင်းလာတာ ဒီအရွယ် ရောက်ပြီ ခုမြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်မှာ တစိတ်တပိုင်းလေး ကျွန်မ ဖွေးဖွေး လည်း ပါဝင်ခွင့်ရခဲ့သည်ပေါ့။ အမှတ်တရပဲပေါ့ရှင်။ ပရိတ်သတ်များကတော့ အမြဲတမ်းအတွက် မရှိမဖြစ်ပါ။ ဟိုနိုင်ငံ တွေမှာ သွား ပြိုင်လို့ ပြကြရတဲ့ မြန်မာရုပ်ရှင်တွေအတွက်လဲ အမြဲအားပေးနေပါတယ်။ fighting ပါ။ မှတ်မှတ်ရရ “ဖွေး” 2019 အမျိုးသမီးဇာတ်ဆောင်အကယ်ဒမီဆု ချီးမြှင့်ခံခဲ့ရတဲ့ “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကို မလေးရှားမှာ သွားပြိုင်စဉ် COPY ဇာတ်လမ်း “လုံးဝ”မဟုတ်ပါပဲ မြန်မာအချင်းချင်း ပဲ email နှင့် ထိုသွားရောက်ယှဉ်ပြိုင်သော မလေးရှားဘုတ်အဖွဲ့သို့ မမှန်ကန်သောစာများ ပေးပို့ခြင်းခံရတာလေးလည်း အမှတ်တရပဲပေါ့ရှင် ”

“ဟိုကလူကြီးတွေက email နဲ့ပို့တဲ့သူကိုလဲ ပြန်ပြပေမယ့် အကျယ်အကျယ် တစ်ရှက်က နှစ်ရှက်ဖြစ်မှာစိုး၍ မြန်မာပြည်မှာမရှင်းတော့ပဲ သူတို့ပြောသည့် တရုတ်ကားမှ copyမဟုတ်ကြောင်း ဆရာမ ပုညခင် ၏ “အရှေ့တံခါးအဝင်”ဝတ္ထုမှာ Original ဖြစ်ကြောင်း မလေးရှားဘက်ကိုသာ သေချာယှဉ်ပြ အမှန်ကိုရှင်းလင်းခဲ့ကြရပါသည်။ ဖွေးအနေနဲ့တော့ ကိုယ့်လူမျိုးတွေ တိုးတက်ရင်ဘယ်သူဖြစ်ဖြစ် “မြန်မာလူမျိုး” အတွက် အားပေးလက်ခုပ်တီးဖို့ အသင့်ပဲမို့ ဆက်ကြိုးစားဖို့အများကြီး ရှိသေး/လိုအပ်နေသေးတဲ့ မြန်မာ အချင်းချင်း အစဉ် အားပေးမှာပါပဲရှင်။ အခု Generation Z အတွက်ဂုဏ်ယူရသလိုလဲ အခြားအခြားသော ထပ်မံဖန်တီးကြမယ့် ဘယ်နယ်ပယ်ကပဲဖြစ်ဖြစ်အနုပညာအတက်ပညာရှင် များရဲ့ Art Works များ ကို အစဉ်တန်ဖိုးထားလျက်….ရှိနေပါမယ်ရှင်။ ဘာပဲဖြစ်ဖြစ်ပေါ့ တစ်နေ့နေ့ တော့ ဘယ်လောကကိုမဆို ခွဲခွာရဦးမှာပဲမလား? I will keep following my heart..🤍✨” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

ဘယ်လိုပဲ တိုက်ခိုက်ဝေဖန်မှုတွေရှိရှိ ဖွေးဖွေးကတော့ လက်ရှိအချိန်ထိတိုင် အနုပညာလောကမှာ တောက်ပတဲ့ ကြယ်ပွင့်တစ်ပွင့်အဖြစ် ရပ်တည်နေဆဲပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဖွေးဖွေးရဲ့ ရှေ့ဆက်လျှောက်မယ့် အနုပညာလှုပ်ရှားမှုတွေကို အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Phway Phway’s fb
Bilie – Cele Connections

error: Alert: Content is protected !!