သမီးေယာက္ဖေတြဆိုေပမယ့္ ညီအစ္ကိုအရင္းအခ်ာေတြထက္ေတာင္ သံေယာဇဥ္ရိွၾကတဲ့ ခင္ပြန္းျဖစ္သူနဲ့ ေမာင္ေလးကို အရႊန္းေဖာက္လာတဲ့ နႏၵာလိႈင္

မင္းသမီးေခ်ာ နႏၵာလိႈင္ကေတာ့ အနုပညာအလုပ္ေတြကို လုပ္ကိုင္စဥ္အခါတုန္းကလည္း တစ္နိုင္ငံလံုးအတိုင္းအတာနဲ့ အားေပးသူ ပရိသတ္အခုိင္အမာရရိွခဲ့သလို အိမ္ေထာင္က်ျပီးသြားခ်ိန္မွာလည္း ေႏြးေထြးျပီး ေမတၱာေတြအျပည့္နဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ နႏၵာလိႈင္ရဲ့ ခင္ပြန္း ကိုေဇသီဟကလည္း ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ျဖစ္ေပမယ့္ အေနအထုိင္ေအးေဆးျပီး မိသားစုကို ခ်စ္တတ္သူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ့ အားေပးစိတ္ဝင္စားျခင္းခံရသူတစ္ေယာက္ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ နႏၵာလိႈင္က သမီးေယာက္ဖေတြဆိုေပမယ့္ ညီအစ္ကိုအရင္းအခ်ာေတြလိုသံေယာဇဥ္ရိွၾကတဲ့ ခင္ပြန္းျဖစ္သူကိုေဇသီဟနဲ့ ေမာင္ေလး ေမာင္ရဲ့အေၾကာင္းကို “စိန္စိန္ဒီေန႔အိမ္ျပန္လာေတာ့ကိုေဇကတီရွပ္ဆင္တူဝတ္ၿပီးအိပ္မယ္ဆိုဘဲ😂” ဆိုျပီး သေဘာက်စြာ မွ်ေဝထားပါတယ္။ နႏၵာလိႈင္ရဲ့ ခင္ပြန္းကိုေဇသီဟကလည္း “စိန္ၿဖိဳးအခန္း ေရွ႕မွာ Do not Disturb ကပ္ထားလိုက္ၿပီ။ ဘာသံၾကားၾကား မဝင္လာခဲ့နဲ႔လို႔ နႏၵာ့ကို မွာထားတယ္။ Ro ၿပီကြယ္…No Bra Day မို႔ ဘယ္သူမွ ဝတ္မထားဘူး။” ဆိုျပီး နႏၵာလိႈင္ကို ျပန္လည္အရႊန္းေဖာက္လာခဲ့ပါတယ္။

နႏၵာလိႈင့္ရဲ့ ေမာင္ေလး ေမာင္ကလည္း မိသားစုထဲမွာ တစ္ဦးတည္းေသာ ေယာက်ာ္းေလးျဖစ္တာေၾကာင့္ ေယာက္ဖေတြအေပၚ သံေယာဇဥ္ရိွျပီး အထူးသျဖင့္ နႏၵာလိႈင့္ရဲ့ ခင္ပြန္းနဲ့ အရင္းနွီးဆံုးပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း အက်ႌဆင္တူဝတ္ျပီး ညီအစ္ကိုအရင္းအခ်ာေတြလိုရိွၾကတဲ့ ေမာင္တို့ သမီးေယာက္ဖနွစ္ေယာက္ရဲ့ ပံုရိပ္ေလးကို သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nandar Hlaing’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သမီးယောက်ဖတွေဆိုပေမယ့် ညီအစ်ကိုအရင်းအချာတွေထက်တောင် သံယောဇဉ်ရှိကြတဲ့ ခင်ပွန်းဖြစ်သူနဲ့ မောင်လေးကို အရွှန်းဖောက်လာတဲ့ နန္ဒာလှိုင်

မင်းသမီးချော နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်စဉ်အခါတုန်းကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးသူ ပရိသတ်အခိုင်အမာရရှိခဲ့သလို အိမ်ထောင်ကျပြီးသွားချိန်မှာလည်း နွေးထွေးပြီး မေတ္တာတွေအပြည့်နဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ့ ခင်ပွန်း ကိုဇေသီဟကလည်း အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပေမယ့် အနေအထိုင်အေးဆေးပြီး မိသားစုကို ချစ်တတ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးစိတ်ဝင်စားခြင်းခံရသူတစ်ယောက် ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နန္ဒာလှိုင်က သမီးယောက်ဖတွေဆိုပေမယ့် ညီအစ်ကိုအရင်းအချာတွေလိုသံယောဇဉ်ရှိကြတဲ့ ခင်ပွန်းဖြစ်သူကိုဇေသီဟနဲ့ မောင်လေး မောင်ရဲ့အကြောင်းကို “စိန်စိန်ဒီနေ့အိမ်ပြန်လာတော့ကိုဇေကတီရှပ်ဆင်တူဝတ်ပြီးအိပ်မယ်ဆိုဘဲ😂” ဆိုပြီး သဘောကျစွာ မျှဝေထားပါတယ်။ နန္ဒာလှိုင်ရဲ့ ခင်ပွန်းကိုဇေသီဟကလည်း “စိန်ဖြိုးအခန်း ရှေ့မှာ Do not Disturb ကပ်ထားလိုက်ပြီ။ ဘာသံကြားကြား မဝင်လာခဲ့နဲ့လို့ နန္ဒာ့ကို မှာထားတယ်။ Ro ပြီကွယ်…No Bra Day မို့ ဘယ်သူမှ ဝတ်မထားဘူး။” ဆိုပြီး နန္ဒာလှိုင်ကို ပြန်လည်အရွှန်းဖောက်လာခဲ့ပါတယ်။

နန္ဒာလှိုင့်ရဲ့ မောင်လေး မောင်ကလည်း မိသားစုထဲမှာ တစ်ဦးတည်းသော ယောကျာ်းလေးဖြစ်တာကြောင့် ယောက်ဖတွေအပေါ် သံယောဇဉ်ရှိပြီး အထူးသဖြင့် နန္ဒာလှိုင့်ရဲ့ ခင်ပွန်းနဲ့ အရင်းနှီးဆုံးပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အင်္ကျီဆင်တူဝတ်ပြီး ညီအစ်ကိုအရင်းအချာတွေလိုရှိကြတဲ့ မောင်တို့ သမီးယောက်ဖနှစ်ယောက်ရဲ့ ပုံရိပ်လေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nandar Hlaing’s fb
Bilie – Cele Connections

error: Alert: Content is protected !!