



ယူနီကုဒ်ဖြင့်ဖတ်ရန်

ရတနာပစ္စည်းတွေရောင်းပေးတုန်း ထက်ထက်မိုးဦးနဲ့ ယှဉ်ပြီး နှိမ်ပြောတဲ့ ကောမန့်တစ်ခုကြောင့် စိတ်ဓာတ်ပါကျသွားခဲ့ရတယ်ဆိုတဲ့ ခင်ရူပ

သရုပ်ဆောင်နဲ့ မော်ဒယ်လ် ခင်ရူပတော့ နိုင်ငံခြားသူတစ်ယောက်လို ဘိုဆန်တဲ့ မျက်နှာပေါက်နဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရုပ်ရည်ချောမောရုံသာမက စကားပြောလည်း လိမ္မာပါးနပ်တဲ့ ခင်ရူပက လက်ရှိမှာတော့ လုပ်ငန်းရှင်တွေရဲ့ ကုန်ပစ္စည်းတွေကို Live လွှင့်ပြီး ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခင်ရူပက Live လွှင့်ဈေးရောင်းပေးနေတုန်း မင်းသမီး ထက်ထက်မိုးဦးနဲ့ ယှဉ်ပြီးပြောတဲ့ ကောမန့်တစ်ခုကြောင့် စိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့အကြောင်းကို ရင်ဖွင့်ပြောပြလာတာကို တွေ့ရပါတယ်။

ခင်ရူပက “စိတ်မကောင်းတာလေးတစ်ခုရှိတယ်😔 ဒီနေ့ စိန်မင်းသမီး live မှာ စိတ်ဓါတ်ပါကျသွားတယ် မန့်တစ်ခုကြောင့်😔 ဘာတဲ့ “အဲ့လက်ကောက်ကို မထက်ရောင်းရင် ၇၀ လောက်နဲ့ထွက်တယ်ဆိုတဲ့စကားပါ ” 😔 မထက်ကို ချစ်တယ်နော် အမြဲlive လေးတွေဝင်ကြည့်တယ် သင်ယူတယ် ♥️ Viewer ရော ရောင်းအားရောကိုအရမ်းအားကျတယ်😍 ငယ်ငယ်ထဲက ခုထိအားပေးလာတဲ့ idol ဆိုလည်းမမှားပါဘူး♥️ ဒါမယ့်လေ.. ရောင်းဈေး ၆၅ သိန်း ၅ သောင်းကို ဆိုင်ရှင်ကမလျော့တာလေနော် 🥺 ရူပနဲ့ဘာဆိုင်တုန်း? ရူပမှာလျော့ခွင့်မရှိဘူး ဝယ်သူကလည်း စစ်မှာဘဲလေ နော်😔 ရူပလည်း Viewer လေး ၇၀၀,၈၀၀,၁၀၀၀ လောက်နဲ့ ရတနာဆိုင်တွေကို သိန်း ၁၀၀၀ နီးပါးထိရောင်းအားလေးတစ်ခုရောင်းဖူးပေးခဲ့ပြီးပါပြီ 🙁ရောင်းအားကောင်းတယ် မကောင်းဘူးဆိုတာ ရောင်းတဲ့ဆိုင်နဲ့ဘဲဆိုင်ပါတယ်နော် 😔 စိတ်တော့မကောင်းဘူး ပင်ပန်းရကျိုးမနပ်ဘူး။ မနပ်ဘူးဆိုတာ ဆိုင်ကဈေးမလျော့ပေးလို့မဟုတ်ဘူး။ အဲ့လို လာနှိမ်တဲ့ မန့်ကြောင့် 🙂” ဆိုပြီး စိတ်မကောင်းဖြစ်ရတဲ့အကြောင်းကို ပြောလာပါတယ်။

ခင်ရူပတော့ သူမကိုယ်တိုင်လည်း ထက်ထက်မိုးဦးကို အတုယူပြီး အကောင်းဆုံလုပ်ဆောင်နေပေမယ့် နှိမ်ပြီးပြောတဲ့ ကောမန့်တစ်ခုကြောင့် စိတ်ဓာတ်ပါကျသွားခဲ့ရကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ထက်ထက်မိုးဦးကိုချစ်တဲ့ ပရိသတ်တွေရှိသလို ခင်ရူပကိုချစ်တဲ့ ပရိသတ်တွေလည်း အများကြီးရှိတာမို့ စိတ်ဓာတ်မကျပါနဲ့လို့ ပြောပါရစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khin Collections’s fb
Bilie – Cele Connections

error: Alert: Content is protected !!