



Source: Nay Toe’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တွေ မိနစ်ပိုင်းလောက်သာကြည့်ရှုခံစားရတဲ့ လှုပ်ရှားမှုတွေကို နောက်ကွယ်မှာတော့ အချိန်များစွာပေးပြီး အဖန်ဖန်ကြိုးစားရကြောင်း ပြသလာတဲ့ နေတိုး

မင်းသားချော နေတိုးက အနေအေးပြီး တည်တည်ငြိမ်ငြိမ်ရှိသူမို့ပရိသတ်ပေါင်းများစွာရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိပိုင်ဆိုင်ထားတဲ့ နေတိုးကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပေမယ့် သူ့ရဲ့ လတ်တလော လုပ်ဖြစ်တဲ့အရာလေးတွေကို ပရိသတ်တွေဆီ မျှဝေပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မင်းသားချော နေတိုးရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်အားပေးကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း နေတိုးက မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် ဂုဏ်ပြုတေးသီချင်း ရိုက်ကူးစဉ်က ရိုက်ကွင်းပေါ်က အလွဲတွေကို ပရိသတ်တွေအတွက် မျှဝေပေးလာခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့ နေတိုးတို့ အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုကို ဖန်သားပြင်မှာတော့ မိနစ်ပိုင်းမျှသာ ကြည့်ရှုခံစားရပေမယ့် နောက်ကွယ်မှာတော့ အချိန်တွေအများကြီး လူတွေအများကြီး ကြိုးစားဖန်တီးရတဲ့အကြောင်းကို နေတိုးက အခုလိုပဲ ပြသလာတာပဲ ဖြစ်ပါတယ်။

နေတိုးကတော့ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် ဂုဏ်ပြုတေးသီချင်း သီဆိုစဉ်ကလည်း စကားသံဝဲတာကြောင့် အခက်အခဲတွေရှိခဲ့ပေမယ့် ပရိသတ်အတွက် အကောင်းဆုံး ကြိုးစားပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ ဖန်သားပြင်နောက်ကွယ်က လှုပ်ရှားမှုတွေကိုကြည့်ပြီး ကျေနပ်ကြမယ်လို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Toe’s fb
Bilie – Cele Connections

error: Alert: Content is protected !!