



Source: Graham’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဒယ်ဒီ့ကို ကိုယ်တိုင်ဆံပင်ညှပ်ပေးတဲ့ သမီးငယ် ပန်းသွန်းခြယ်ကို ဆံသဆိုင်နာမည်လေးနဲ့ စနောက်ခဲ့တဲ့ ဂရေဟမ်

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဂရေဟမ်ကတော့ ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျတဲ့ သီချင်းချိုချိုအေးအေးလေးတွေကို သီဆိုတတ်သူဖြစ်ပြီး စတူဒီယိုခေတ်ကတည်းကနေ ဒီနေ့ဒီအချိန်ထိ အောင်မြင်မှုရရှိနေဆဲ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဂရေဟမ်က ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး သမီးနှစ်ယောက်စလုံးကလည်း ဂရေဟမ်ရဲ့ ဂီတအမွေတွေကို ဆက်ခံထားကြတာပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သမီးနှစ်ယောက်နဲ့အတူတူ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ ဂရေဟမ်ကတော့ ဒီကနေ့မှာတော့ သမီးငယ် ပန်းသွန်းခြယ်နဲ့ ဓာတ်ပုံလေးကို ပရိသတ်တွေအတွက် မျှဝေပေးလာပါတယ်။ ဂရေဟမ်က ဒယ်ဒီ့ကို ကိုယ်တိုင်ဆံပင်ညှပ်ပေးတဲ့ သမီးငယ် ပန်းသွန်းခြယ်ကို “ပန်းသွန်းခြယ် ရဲ့ “ညင်သာ ဆံသ” သို့ရောက်ရှိ 😄” ဆိုပြီး စနောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဂရေဟမ်ကတော့ ဒယ်ဒီ့ကို ကိုယ်တိုင်လက်စွမ်းပြပြီး ဆံပင်ညှပ်ပေးတဲ့ သမီးငယ် ပန်းသွန်းခြယ်ရဲ့ လက်ရာကို သဘောကျနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဂရေဟမ်ရဲ့ သမီးနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး ကြည်နူးနေမိမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Graham’s fb
Bilie – Cele Connections

error: Alert: Content is protected !!