



Source: Nay Toe’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မြန်မာ့ရုပ်ရှင်နှစ် (၁၀၀)အတွက် ဂုဏ်ပြုတေးသီချင်းမှာ စကားမပီတာကြောင့် အခက်အခဲတွေရှိကြောင်းပြောလာတဲ့ နေတိုး

မင်းသားချော နေတိုးကတော့ အနုပညာသက် နှစ် (၂၀) တိုင်တိုင် ပရိသတ်တွေအတွက် မတူညီတဲ့ ခံစားမှုရသပေါင်းစုံနဲ့ ဖျော်ဖြေပေးနိုင်ခဲ့တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ နေတိုးကတော့ လက်ရှိမှာလည်း ထိပ်တန်းမင်းသားတစ်ယောက်အဖြစ် အောင်အောင်မြင်မြင်ရပ်တည်နေပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို သိမ်းပိုက်ရရှိထားတာပဲ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုးကတော့ တိုင်းရင်းသားပီပီ စကားဝဲတာကြောင့် အနုပညာလှုပ်ရှားမှုအချို့မှာ အခက်အခဲတွေရှိပြီး မြန်မာ့ရုပ်ရှင်နှစ် (၁၀၀)အတွက် ဂုဏ်ပြုတေးသီချင်းမှာ စကားမပီတာကြောင့် ကြိုးစားခဲ့ရတာကို ဒီနေ့မှာတော့ ပြောပြလာပါတယ်။

“မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)အတွက်ဂုဏ်ပြုသီချင်းလေး ဆိုပေးဖို့အခွင့်အရေးရခဲ့ပါတယ်။ သီဆိုတဲ့နေရာမှာ ကျွန်တော်မပီတဲ့စကားလုံးလေးတွေ တော်တော်များများပါဝင်နေတော့ မနည်းအသံသွင်းယူရခဲ့ရပါတယ်။ ကျွန်တော့်စိတ်ထဲပီတယ်ထင်ပေမဲ့ ဝဲနေတုန်းပဲလို့တော့ထင်ပါတယ်။ ရတဲ့အချိန်အတွင်းအကောင်းဆုံးဖြစ်အောင်တော့ကြိုးစားထားပါတယ်ခင်ဗျာ။ ဝဲနေတုန်းပဲဆိုရင်လည်း ဝဲဝဲလေးကိုပဲသည်းခံပြီးနားဆင်ပေးကြပါခင်ဗျာ.. အားလုံးကိုကျေးဇူးအထူးတင်ပါတယ်..နေတိုး” ဆိုပြီး မြန်မာ့ရုပ်ရှင်နှစ် (၁၀၀)အတွက် ဂုဏ်ပြုတေးသီချင်းလေးကို မျှဝေပေးထားပါတယ်။

နေတိုးကတော့ စကားသံဝဲပေမယ့် မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် ဂုဏ်ပြုသီချင်းလေးကို တလေးတစားနဲ့ ကြိုးစားပြီး သီဆိုထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးအပါအဝင် အနုပညာရှင်များစွာ သီဆိုထားတဲ့ မြန်မာ့ရုပ်ရှင်နှစ် (၁၀၀)အတွက် ဂုဏ်ပြုတေးသီချင်းလေးကို နားဆင်လို့ ကျေနပ်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Toe’s fb
Bilie: Cele Connections

error: Alert: Content is protected !!