ေမာင္ေမာင္ေအးရဲ့အစ္မအရင္းဆီက အေမစုလက္မွတ္ေလးပါတဲ့ လက္ဝတ္ရတနာေတြကို လက္ေဆာင္ရရိွခဲ့လို့ ဝမ္းသာေနရတဲ့ စမိုင္းလ္

သြက္သြက္လက္လက္နဲ့ ခ်စ္စရာေကာင္းတဲ့ မင္းသမီးေခ်ာ စမိုင္းလ္ကေတာ့ အိမ္ေထာင္က်ျပီး သမီးနွစ္ေယာက္ေမေမဆိုေပမယ့္လည္း ငယ္ငယ္ကအတိုင္း ေျပာင္းလဲမႈမရိွ လွပေနဆဲ ျဖစ္ပါတယ္။ စမိုင္းလ္က အခုဆိုရင္ အနုပညာလႈပ္ရွားမႈေတြကို အရင္ကေလာက္ မလုပ္ကိုင္ေတာ့ေပမယ့္ ပရိသတ္ေတြရဲ့ ဝန္းရံအားေပးျခင္းကို ခံေနရဆဲ ျဖစ္ပါတယ္။ အလွဴေရစက္ လက္နဲ့မကြာသလို စိတ္ထားေကာင္းလြန္းတဲ့ စမိုင္းလ္ကေတာ့ ပရိသတ္ေတြသာမက အနုပညာအသိုင္းအဝုိင္းတစ္ခုလံုးက ခ်စ္ခံရသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ စမိုင္းလ္က အေမစုရဲ့ လက္မွတ္ေလးပါတဲ့ လက္ဝတ္ရတနာေတြကို ေမာင္ေမာင္ေအးရဲ့အစ္မကိုယ္တိုင္ လက္ေဆာင္လွမ္းပို့ခဲ့တဲ့အေၾကာင္းကို “ကိုေမာင္ေမာင္ေအးရဲ႕အစ္မအရင္းကိုယ္တိုင္ အေမစုရဲ႕လက္မွတ္ေတြရဲ႕လွတဲ့စာလုံးေလးေတြေသခ်ာေ႐ြးထားၿပီး စင္ကာပူကပန္းထိမ္မွာအပ္ထားတာတဲ့။ Singapore ကေနလက္ေဆာင္ေလးလွမ္းပို႔လို႔အရမ္းေပ်ာ္၊ ကိုယ့္လိုပဲအထာက်က်နဲ႔ေဂၚခ်င္တဲ့သူေတြ အေမစုရဲ႕လက္မွတ္ကေလးကိုေသခ်ာေလးလုပ္ထားတဲ့အမွတ္တယပစၥည္းေလးနဲ႔အထာက်လို႔ရတယ္။ ရန္ကုန္မွာလည္းဝယ္လို႔ရတယ္” ဆိုျပီး လက္ေဆာင္ရရိွခဲ့တဲ့ ဆြဲၾကိဳးေလးနဲ့ နားကပ္ကေလးကို ဂုဏ္ယူစြာ ဝတ္ျပခဲ့တာပဲ ျဖစ္ပါတယ္။

စမိုင္းလ္နဲ့ အစီအစဥ္တင္ဆက္သူ ေမာင္ေမာင္ေအးကေတာ့ အလုပ္ေတြကိုလည္း အတူတူ လုပ္ကိုင္ၾကသလို အျပင္မွာလည္း မိတ္ေဆြရင္းေတြလို ခင္မင္ရင္းနွီးၾကတဲ့ မိတ္ေဆြေတြပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း အရမ္းလွျပီး အဖိုးမဖ်က္နိုင္ေအာင္လွတဲ့ စမိုင္းလ္ရဲ့ လက္ဝတ္ရတနာေလးကိုၾကည့္ျပီး အံ့ၾသမွင္သက္ေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: စမိုင္းလ္ Smile’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မောင်မောင်အေးရဲ့အစ်မအရင်းဆီက အမေစုလက်မှတ်လေးပါတဲ့ လက်ဝတ်ရတနာတွေကို လက်ဆောင်ရရှိခဲ့လို့ ဝမ်းသာနေရတဲ့ စမိုင်းလ်

သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချော စမိုင်းလ်ကတော့ အိမ်ထောင်ကျပြီး သမီးနှစ်ယောက်မေမေဆိုပေမယ့်လည်း ငယ်ငယ်ကအတိုင်း ပြောင်းလဲမှုမရှိ လှပနေဆဲ ဖြစ်ပါတယ်။ စမိုင်းလ်က အခုဆိုရင် အနုပညာလှုပ်ရှားမှုတွေကို အရင်ကလောက် မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေရဲ့ ဝန်းရံအားပေးခြင်းကို ခံနေရဆဲ ဖြစ်ပါတယ်။ အလှူရေစက် လက်နဲ့မကွာသလို စိတ်ထားကောင်းလွန်းတဲ့ စမိုင်းလ်ကတော့ ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးက ချစ်ခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စမိုင်းလ်က အမေစုရဲ့ လက်မှတ်လေးပါတဲ့ လက်ဝတ်ရတနာတွေကို မောင်မောင်အေးရဲ့အစ်မကိုယ်တိုင် လက်ဆောင်လှမ်းပို့ခဲ့တဲ့အကြောင်းကို “ကိုမောင်မောင်အေးရဲ့အစ်မအရင်းကိုယ်တိုင် အမေစုရဲ့လက်မှတ်တွေရဲ့လှတဲ့စာလုံးလေးတွေသေချာရွေးထားပြီး စင်ကာပူကပန်းထိမ်မှာအပ်ထားတာတဲ့။ Singapore ကနေလက်ဆောင်လေးလှမ်းပို့လို့အရမ်းပျော်၊ ကိုယ့်လိုပဲအထာကျကျနဲ့ဂေါ်ချင်တဲ့သူတွေ အမေစုရဲ့လက်မှတ်ကလေးကိုသေချာလေးလုပ်ထားတဲ့အမှတ်တယပစ္စည်းလေးနဲ့အထာကျလို့ရတယ်။ ရန်ကုန်မှာလည်းဝယ်လို့ရတယ်” ဆိုပြီး လက်ဆောင်ရရှိခဲ့တဲ့ ဆွဲကြိုးလေးနဲ့ နားကပ်ကလေးကို ဂုဏ်ယူစွာ ဝတ်ပြခဲ့တာပဲ ဖြစ်ပါတယ်။

စမိုင်းလ်နဲ့ အစီအစဉ်တင်ဆက်သူ မောင်မောင်အေးကတော့ အလုပ်တွေကိုလည်း အတူတူ လုပ်ကိုင်ကြသလို အပြင်မှာလည်း မိတ်ဆွေရင်းတွေလို ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အရမ်းလှပြီး အဖိုးမဖျက်နိုင်အောင်လှတဲ့ စမိုင်းလ်ရဲ့ လက်ဝတ်ရတနာလေးကိုကြည့်ပြီး အံ့သြမှင်သက်နေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: စမိုင်းလ် Smile’s fb
Bilie: Cele Connections

error: Alert: Content is protected !!