ရုပ္ရွင္ေလာကထဲ ရွင္သန္ခြင့္ရေနတုန္းအခ်ိန္မွာပဲ နွစ္ (၁၀၀) ျပည့္နဲ့ ၾကံဳၾကိဳက္ခြင့္ရလို့ အမွတ္တရျဖစ္ရတယ္ဆိုတဲ့ ခိုင္သင္းၾကည္

မပြတ္ကြ်တ္လို့ ပရိသတ္ေတြ ခ်စ္စနိုးနဲ့ေခၚၾကတဲ့ မင္းသမီးေခ်ာ ခိုင္သင္းၾကည္ကေတာ့ (၁၉၉၅) ခုနွစ္က “ခ်စ္လုိက္ေတာ့ ဝမ္း၊ တူး၊ သရီး” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့တာပဲ ျဖစ္ပါတယ္။ ခိုင္သင္းၾကည္က သူမရဲ့ အနုပညာသက္တမ္း (၂၅) နွစ္တာမွာ အေကာင္းဆံုးအမ်ိဳးသမီးဇာတ္ေဆာင္ဆု (၁) ဆုနဲ့ အေကာင္းဆံုးအမ်ိဳးသမီးဇာတ္ပို့ဆု (၁) ဆုကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးရရိွပိုင္ဆိုင္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ လက္ရိွအခ်ိန္ထိလည္း ခိုင္သင္းၾကည္က အနုပညာေလာကမွာ အားေပးသူ ပရိသတ္အခိုင္အမာနဲ့ ရပ္တည္ေနဆဲျဖစ္တဲ့ မင္းသမီးတစ္လက္ ျဖစ္ပါတယ္။

ဒီကေန့ ေအာက္တိုဘာလ (၁၃) ရက္ေန့ကေတာ့ အနုပညာရွင္တိုင္း တန္ဖိုးထားရတဲ့ ျမန္မာ့ရုပ္ရွင္ နွစ္ (၁၀၀) ျပည့္တဲ့ေန့ေလးပဲ ျဖစ္ပါတယ္။ ခိုင္သင္းၾကည္က ျမန္မာ့ရုပ္ရွင္ နွစ္ (၁၀၀) ျပည့္ေန့အတြက္ ဝမ္းသာဂုဏ္ျပဳစကားေလး ေျပာၾကားရင္း ရုပ္ရွင္ေလာကမွာ ရွင္သန္ခြင့္ရေနတုန္းအခ်ိန္မွာ နွစ္ (၁၀၀) ျပည့္နဲ့ ၾကံဳၾကိဳက္ခြင့္ရလို့ အမွတ္တရျဖစ္ရတယ္ဆိုတဲ့အေၾကာင္းကို အခုလိုပဲ ေျပာထားတာကို ေတြ့ရပါတယ္။

ခိုင္သင္းၾကည္ကေတာ့ သူမကိုယ္တိုင္လည္း နွစ္ေပါင္း (၂၅) နွစ္တိုင္တိုင္ အနုပညာအလုပ္ေတြကို တစိုက္မတ္မတ္လုပ္ကိုင္ေနသလို အခုလို နွစ္ (၁၀၀) ျပည့္ခ်ိန္ေရာက္တဲ့အခါမွာလည္း အနုပညာရွင္တစ္ေယာက္အျဖစ္ ပါဝင္ဆင္ႏႊဲခြင့္ရခဲ့လို့ ဝမ္းသာေနတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: KHINE THIN KYI’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ရုပ်ရှင်လောကထဲ ရှင်သန်ခွင့်ရနေတုန်းအချိန်မှာပဲ နှစ် (၁၀၀) ပြည့်နဲ့ ကြုံကြိုက်ခွင့်ရလို့ အမှတ်တရဖြစ်ရတယ်ဆိုတဲ့ ခိုင်သင်းကြည်

မပွတ်ကျွတ်လို့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချော ခိုင်သင်းကြည်ကတော့ (၁၉၉၅) ခုနှစ်က “ချစ်လိုက်တော့ ဝမ်း၊ တူး၊ သရီး” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က သူမရဲ့ အနုပညာသက်တမ်း (၂၅) နှစ်တာမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (၁) ဆုနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု (၁) ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ခိုင်သင်းကြည်က အနုပညာလောကမှာ အားပေးသူ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေဆဲဖြစ်တဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁၃) ရက်နေ့ကတော့ အနုပညာရှင်တိုင်း တန်ဖိုးထားရတဲ့ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်နေ့အတွက် ဝမ်းသာဂုဏ်ပြုစကားလေး ပြောကြားရင်း ရုပ်ရှင်လောကမှာ ရှင်သန်ခွင့်ရနေတုန်းအချိန်မှာ နှစ် (၁၀၀) ပြည့်နဲ့ ကြုံကြိုက်ခွင့်ရလို့ အမှတ်တရဖြစ်ရတယ်ဆိုတဲ့အကြောင်းကို အခုလိုပဲ ပြောထားတာကို တွေ့ရပါတယ်။

ခိုင်သင်းကြည်ကတော့ သူမကိုယ်တိုင်လည်း နှစ်ပေါင်း (၂၅) နှစ်တိုင်တိုင် အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေသလို အခုလို နှစ် (၁၀၀) ပြည့်ချိန်ရောက်တဲ့အခါမှာလည်း အနုပညာရှင်တစ်ယောက်အဖြစ် ပါဝင်ဆင်နွှဲခွင့်ရခဲ့လို့ ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: KHINE THIN KYI’s fb
Bilie: Cele Connections

error: Alert: Content is protected !!