Project K အဖြဲ့သားေတြရဲ့ အျပင္လက္ေတြ့က စရိုက္ေတြကိုသိတာမို့ မွားသြားခဲ့ရင္ေတာင္ ခြင့္လႊတ္ေပးဖို့ေတာင္းဆိုလာတဲ့ မိစႏၵီ

လူငယ္ၾကိဳက္ Rap သီခ်င္းေတြကို ကိုယ္တိုင္ေရးျပီး သီဆိုတဲ့ အဆိုေတာ္မေလး မိစႏၵီကေတာ့ ဂီတသက္တမ္း ဆယ္စုနွစ္နီးပါးတုိင္ ေအာင္ျမင္မႈေတြ ရရိွပိုင္ဆိုင္ေနဆဲပဲ ျဖစ္ပါတယ္။ ။ မိစႏၵီကေတာ့ ေပ်ာ္ေပ်ာ္ေနတတ္ျပီး ဟန္ေဆာင္မႈမရိွပဲ ပြင့္ပြင့္လင္းလင္းသာေနထိုင္တတ္တာေၾကာင့္ ပရိသတ္ေတြသာမက အနုပညာအသိုင္းအဝုိင္းတစ္ခုလံုးက ခ်စ္ၾကသူေလးပဲ ျဖစ္ပါတယ္။ မိစႏၵီကလည္း သူမကိုခ်စ္တဲ့ ပရိသတ္ေတြနဲ့ မိသားစု၊ မိတ္ေဆြသူငယ္ခ်င္းေတြကို တန္ဖိုးထားျမတ္နိုးသူေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဒီကေန့မွာလည္း မိစႏၵီက လက္ရိွ ပရိသတ္ေတြေဝဖန္မႈနႈန္းျမင့္မားေနတဲ့ ျမန္မာ K Pop အဖြဲ့ Project K အဖြဲ့သားေတြ Asia Song Festival 2020 မွာ ေရႊတိဂံုေစတီေတာ္ပံုရိပ္ကို တက္နင္းျပီး ေဖ်ာ္ေျဖတယ္ဆိုတဲ့ မွားယြင္းမႈကို ခြင့္လႊတ္ေပးဖို့ ေတာင္းဆိုလာပါတယ္။ မိစႏၵီက “❤️ မွားသြားတယ္ဆိုရင္ေတာင္ ခြင့္လႊတ္ေပးၾကပါ။ Project K တစ္ဖြဲလုံး တကယ့္ ႐ိုး႐ိုးသားသား ယဥ္ယဥ္ေက်းေက်း လူငယ္ေလးေတြပါ.. 🙏🙏 လူႀကီးေတြအေပၚလည္းသိတတ္ ကိုယ့္ကိုကိုယ္အၿမဲ ႏွိမ္ခ်ဆက္ဆံတတ္သူေတြပါ ❤️” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာလာပါတယ္။

မိစႏၵီကေတာ့ Project K အဖြဲ့သားေတြရဲ့ အျပင္လက္ေတြ့က စရိုက္ေတြကိုသိထားသူမို့ ခြင့္လႊတ္ေပးၾကဖို့ ကိုယ္စားေတာင္းပန္လာခဲ့တာပဲ ျဖစ္ပါတယ္။ Project K အဖြဲ့သားေတြကလည္း သူတို့ကိုယ္တိုင္မသိလိုက္တဲ့ အမွားအယြင္းတစ္ခုသာျဖစ္သြားတာေၾကာင့္ ပရိသတ္ၾကီးလည္း ခြင့္လႊတ္နားလည္ေပးမယ္လို ့ေမွ်ာ္လင့္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: MiSandi Min Nyan’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Project K အဖွဲ့သားတွေရဲ့ အပြင်လက်တွေ့က စရိုက်တွေကိုသိတာမို့ မှားသွားခဲ့ရင်တောင် ခွင့်လွှတ်ပေးဖို့တောင်းဆိုလာတဲ့ မိစန္ဒီ

လူငယ်ကြိုက် Rap သီချင်းတွေကို ကိုယ်တိုင်ရေးပြီး သီဆိုတဲ့ အဆိုတော်မလေး မိစန္ဒီကတော့ ဂီတသက်တမ်း ဆယ်စုနှစ်နီးပါးတိုင် အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နေဆဲပဲ ဖြစ်ပါတယ်။ ။ မိစန္ဒီကတော့ ပျော်ပျော်နေတတ်ပြီး ဟန်ဆောင်မှုမရှိပဲ ပွင့်ပွင့်လင်းလင်းသာနေထိုင်တတ်တာကြောင့် ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးက ချစ်ကြသူလေးပဲ ဖြစ်ပါတယ်။ မိစန္ဒီကလည်း သူမကိုချစ်တဲ့ ပရိသတ်တွေနဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကို တန်ဖိုးထားမြတ်နိုးသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း မိစန္ဒီက လက်ရှိ ပရိသတ်တွေဝေဖန်မှုနှုန်းမြင့်မားနေတဲ့ မြန်မာ K Pop အဖွဲ့ Project K အဖွဲ့သားတွေ Asia Song Festival 2020 မှာ ရွှေတိဂုံစေတီတော်ပုံရိပ်ကို တက်နင်းပြီး ဖျော်ဖြေတယ်ဆိုတဲ့ မှားယွင်းမှုကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုလာပါတယ်။ မိစန္ဒီက “❤️ မှားသွားတယ်ဆိုရင်တောင် ခွင့်လွှတ်ပေးကြပါ။ Project K တစ်ဖွဲလုံး တကယ့် ရိုးရိုးသားသား ယဉ်ယဉ်ကျေးကျေး လူငယ်လေးတွေပါ.. 🙏🙏 လူကြီးတွေအပေါ်လည်းသိတတ် ကိုယ့်ကိုကိုယ်အမြဲ နှိမ်ချဆက်ဆံတတ်သူတွေပါ ❤️” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

မိစန္ဒီကတော့ Project K အဖွဲ့သားတွေရဲ့ အပြင်လက်တွေ့က စရိုက်တွေကိုသိထားသူမို့ ခွင့်လွှတ်ပေးကြဖို့ ကိုယ်စားတောင်းပန်လာခဲ့တာပဲ ဖြစ်ပါတယ်။ Project K အဖွဲ့သားတွေကလည်း သူတို့ကိုယ်တိုင်မသိလိုက်တဲ့ အမှားအယွင်းတစ်ခုသာဖြစ်သွားတာကြောင့် ပရိသတ်ကြီးလည်း ခွင့်လွှတ်နားလည်ပေးမယ်လို့မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: MiSandi Min Nyan’s fb
Bilie: Cele Connections

error: Alert: Content is protected !!