



ယူနီကုဒ်ဖြင့်ဖတ်ရန်

အိမ်မှာနေရင်းတောင် ခေါင်းအစ ခြေအဆုံး တန်ဖိုးကြီး လက်ဝတ်ရတနာတွေနဲ့ နာမည်ကြီး Branded တွေ ဝတ်ပြီး ဂေါ်ပြလိုက်တဲ့ နေခြည်ဦး

မိတ်ကပ် Blogger အဖြစ် မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားလာခဲ့တဲ့ နေခြည်ဦးဟာ ပွင့်ပွင့်လင်းလင်းရှိပြီး ဆုံးဖြတ်ချက်ခိုင်မာပြတ်သားသူမို့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ နေခြည်ဦးဟာ နောက်ပိုင်းမှာတော့ အနုပညာလုပ်ငန်းတွေကိုပါ တွဲဖက်လုပ်ကိုင်နေပြီဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာအမြောက်အများကိုလဲ လက်ခံရိုက်ကူးတောကို တွေ့ရပါတယ်။ နေခြည်ဦးကတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေပြီဆိုပေမယ့် သူမဝါသနာပါရာ Beauty Blogger ၊ Social Influencer တစ်ယောက်အဖြစ်လည်း အချိန်ပေးလုပ်ကိုင်နေလျက်ရှိပါတယ်။

မကြာခဏဆိုသလို သူမရဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်တွေကို မျှဝေပေးလေ့ရှိတဲ့ နေခြည်ဦးက ဒီတစ်ခေါက်မှာလည်း “အိမ်ထဲမှာပဲ စပန့်ဘောင်းဘီကြီးနဲ့နေရတာ အရမ်း ငြီးငွေ့လာပြီလို့ မခံစားမိဘူးလား?? Time to get up and dress up 📣📣😎😎 အရိုးဆုံး black and white style လေးကို အဆန်းဆုံးဖြစ်အောင် accessories လေးတွေနဲ့တွဲထားလိုက်တယ် ဘယ်လိုလဲ chillies? 😘🌶” ဆိုပြီး အိမ်မှာနေရင်းတောင် ခေါင်းအစ ခြေအဆုံး တန်ဖိုးကြီး Branded တွေ ဝတ်ပြီး ဂေါ်ပြလိုက်တာကို တွေ့ရပါတယ်။

နေခြည်ဦးကတော့ လူငယ်တစ်ယောက်ဖြစ်ဖြစ် တန်ဖိုးကြီး Branded တွေကို စုစောင်းတတ်သူပီပီ သူမရဲ့ အခုဓာတ်ပုံမှာလည်း လက်ကိုင်အိတ်၊ နာရီ၊ ဖိနပ်၊ မျက်မှန်၊ အဝတ်အစားတွေကအစ တန်ဖိုးကြီး လက်ဝတ်ရတနာတွေများစွာကိုလည်း လိုက်ဖက်စွာ ဆင်မြန်းထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ အမိုက်စားဖက်ရှင်လေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: beautybynaychi’s fb
Bilie: Cele Connections

error: Alert: Content is protected !!