



ယူနီကုဒ်ဖြင့်ဖတ်ရန်

အသက်ငယ်ပေမယ့် အရာရာမှာထူးချွန်ထက်မြက်လွန်းတဲ့ ချစ်ဇနီးလေးကို မေမေလို့တောင် တင်စားပြီး အချွဲပိုစနောက်ခဲ့တဲ့ ပိုင်ဇေရဲထွန်း

မျက်ခုံးနက်နက်တွေနဲ့ အရမ်းဆွဲဆောင်မှုရှိတဲ့ မင်းသားချော ပိုင်ဇေရဲထွန်းကတော့ အောင်မြင်နေဆဲအချိန်မှာတင် ရုတ်တရက်အိမ်ထောင်ပြုသွားခဲ့သူ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းတို့ သူ့ရဲ့ဇနီးက အသက်အရွယ် (၁၀)နှစ်ခန့် ကွာခြားပေမယ့် တစ်ယောက်နဲ့တစ်ယောက် အေးအတူ ပူအမျှ နေထိုင်လာခဲ့တာ အခုဆိုရင် သားသမီးသုံးယောက် အရွယ်ရောက်လာတဲ့အထိပဲ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းတို့ မိသားစုလေးကတော့ သိုက်သိုက်ဝန်းဝန်းရှိပြီး အမြဲတမ်းပျော်စရာတွေနဲ့ ပြည့်နှက်နေတာမို့ ပရိသတ်တွေတောင် အားကျနေရတာပဲ ဖြစ်ပါတယ်။

ပိုင်ဇေရဲထွန်းရဲ့ ဇနီးလေး ဇင်သဲနိုင်ကလည်း ချစ်စရာကောင်းပြီး စီးပွားရေးမှာရော၊ အိမ်တွင်းမှုမှာပါ ကျွမ်းကျင်ပိုင်နိုင်တာကြောင့် ပရိသတ်တွေကြားမှာ ထင်ရှားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုင်ဇေရဲထွန်းက မွေးနေ့ကိတ်လှလှလေးတွေလုပ်ပြီး ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ထားတဲ့ ချစ်ဇနီးရဲ့ ပို့စ်အောက်မှာ “သားမွေးနေ့ကျရင် ဒိုကြီးအရုပ်နော် မေမေ” ဆိုပြီး စနောက်ကျီစယ်ထားတာကြောင့် ပရိသတ်တွေခမျာ သဘောကျနေရတာပဲ ဖြစ်ပါတယ်။

ပိုင်ဇေရဲထွန်းကတော့ အသက်ငယ်ပေမယ့် အရာရာမှာထူးချွန်ထက်မြက်လွန်းတဲ့ ချစ်ဇနီးလေးကို ပိုင်ဆိုင်ထားတာ အရမ်းကို ကံကောင်းတာပဲနော်။ ပိုင်ဇေရဲထွန်းတို့ မိသားစုလေး ဒီထက်မက ပျော်ရွှင်ကြည်နူးမှုတွေကိုသာ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Zin Thae Naing’s fb
Bilie: Cele Connections

error: Alert: Content is protected !!