



Source: Bhone Hlan’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ချစ်သူနဲ့ တရားဝင်လက်ထပ်ပြီး ရွှေလက်တွဲလိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့တဲ့ ဘုန်းလျှံ

သရုပ်ဆောင် ဘုန်းလျှံကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အရေးပါတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရင်း မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘုန်းလျှံက သူ့ရဲ့အမှားတစ်ခုကြောင့် အနုပညာလောကနေ (၈)နှစ်ကြာလောက် အနားယူခဲ့ရပြီး အခု (၂၀၂၀) ခုနှစ်ကနေစပြီး အနုပညာအလုပ်တွေကို အရင်အတိုင်း ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားနေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာတော့ ဘုန်းလျှံက သူ့ရဲ့ ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းကိုလည်း တစ်နိုင်တစ်ပိုင်လေး လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁၂) ရက်နေ့မှာတော့ ဘုန်းလျှံက သူ့အနေနဲ့ တရားဝင်လက်ထပ်လိုက်ပြီဖြစ်ကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပရိသတ်တွေကို အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ ဘုန်းလျှံရဲ့ချစ်သူကတော့ ဘုန်းလျှံနဲ့ ငယ်ငယ်ကတည်းက ချစ်ခဲ့ရတဲ့ ငယ်ရည်းစားတွေဖြစ်ပြီး ဘုန်းလျှံကလည်း သူ့ရဲ့အချစ်ရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားပြီးသား ဖြစ်ပါတယ်။

ဘုန်းလျှံတို့ချစ်သူနှစ်ယောက်ကတော့ ကိုဗစ်ကြောင့် လက်ထပ်ပွဲကို နိုဝင်ဘာ(၆)ရက်နေ့မှာ ကျင်းပဖို့ရည်ရွယ်ထားပြီး အခုဆိုရင် တရားဝင်လက်ထပ်ပြီး တစ်ယောက်အလုပ်တစ်ယောက် ကူညီလုပ်ကိုင်နေကြပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘုန်းလျှံတို့ ပူပူနွေးနွေး မင်္ဂလာမောင်နှံအသစ်လေးကို ဂုဏ်ပြုစကားလေးပြောခဲ့ဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Bhone Hlan’s fb
Bilie: Cele Connections

error: Alert: Content is protected !!