



Source: Nat Khat’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

“ကျွန်တော်အမုန်းဆုံးကျွန်တော်” ဇာတ်ကားထဲမှာ ပရိသတ်မုန်းတဲ့အထိ တွဲဖက်ညီစွာသရုပ်ဆောင်ခဲ့တဲ့ ညီမလေး နေရည်ဝင်းလဲ့ကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ နက္ခတ်

စာရေးဆရာကြီး လယ်တွင်းသားစောချစ်ရဲ့ အနုပညာလက်ရာကောင်းတစ်ခုဖြစ်တဲ့ “ကျွန်တော်အမုန်းဆုံးကျွန်တော်” ဝတ္ထုကတော့ စာဖတ်ချစ်ပရိသတ်တွေအားလုံးသိပြီးသား ဖြစ်မှာပါ။ “ကျွန်တော်အမုန်းဆုံးကျွန်တော်” က ပြီးခဲ့တဲ့လပိုင်းကပဲ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့ပြီး ပါဝင်ခဲ့ကြတဲ့ သရုပ်ဆောင်အသီးသီးစီကြောင့် ရလဒ်ကောင်းတွေ ပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ နက္ခတ်၊ နန်းစန္ဒာလှထွန်း၊ နေရည်ဝင်းလဲ့တို့ကတော့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက်ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁၂) ရက်နေ့ကတော့ နေရည်ဝင်းလဲ့ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နက္ခတ်ကတော့ “ကျွန်တော်အမုန်းဆုံးကျွန်တော်” ဇာတ်လမ်းတွဲထဲက စိုးနိုင်နဲ့ ယင်းမာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဓာတ်ပုံလေးတွေကို ချပြရင်း “Happy Birthday ပါ ညီမလေး နေရည်ရေ🎂🎂 လိမ္မာယဉ်ကျေးပြီး မိဘအပေါ်သိတတ်တဲ့ ညီမလေး ဒီထက်မကအောင်မြင်ပါစေ” ဆိုပြီး မွေးနေ့ရှင်လေး နေရည်ဝင်းလဲ့အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

နေရည်ဝင်းလဲ့ကတော့ “ကျွန်တော်အမုန်းဆုံးကျွန်တော်” ဇာတ်လမ်းတွဲမှာ ပရိသတ်အားပေးမှုကို အများအပြားပိုင်ဆိုင်ခဲ့ပြီး အခြားသော အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မွေးနေ့ရှင်လေး နေရည်ဝင်းလဲ့အတွက် မွေးနေ့ဆုမွန်ကောင်းစကားလေးတွေပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nat Khat’s fb
Bilie: Cele Connections

error: Alert: Content is protected !!