



ယူနီကုဒ်ဖြင့်ဖတ်ရန်

(၁)နှစ်ကျော်အရွယ်လေးနဲ့ စကားအရမ်းပြောချင်ပြီး မေမေပြောသမျှ သံယောင်လိုက်တတ်တဲ့ ထရက်ရှာရဲ့ ဗီဒီယိုလေးကို မျှဝေပေးလာတဲ့ စန္ဒီမြင့်လွင်

စိုးညီအစ်မတွေထဲက တစ်ယောက်ဖြစ်တဲ့ အဆိုတော်၊ သရုပ်ဆောင် စန္ဒီမြင့်လွင်က (၂၀၁၈)ခုနှစ်မှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေး ခင်လင်းထင် (Treasure) ဆိုတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေမှာလည်း ပရိသတ်အခိုင်အမာရရှိထားသလို သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ စန္ဒီမြင့်လွင်က နေ့ရက်တိုင်းကို ပျော်ရွှင်မှုတွေအပြည့်နဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

စန္ဒီမြင့်လွင်ရဲ့သမီးလေး ထရက်ရှာကလည်း ချစ်စရာကောင်းပြီး ပရိသတ်တွေရဲ့ မျက်စိရှေ့မှာတင် တစ်နေ့တစ်ခြား အရွယ်ရောက် ကြီးပြင်းလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စန္ဒီမြင့်လွင်က စကားလေးမပီတပီနဲ့ ပြောနေတဲ့ သမီးလေး ထရက်ရှာရဲ့ ဗီဒီယိုလေးကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ စန္ဒီမြင့်လွင်ရဲ့ သမီးလေး ထရက်ရှာက မေမေပြောတဲ့စကားတွေကို အနောက်ကနေ လိုက်ပြောနေတာ ချစ်စရာအရမ်းကောင်းတာမို့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

စန္ဒီမြင့်လွင်ရဲ့ သမီးလေးကတော့ ချစ်စရာကောင်းတဲ့အပြင် စကားလေးတီတီတာတာပြောတတ်တော့ ပိုလို့တောင် အသည်းယားဖို့ကောင်းတယ်နော်။ ပရိသတ်ကြီးလည်း စန္ဒီမြင့်လွင်တို့ သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sandy Myint Lwin’s fb
Bilie: Cele Connections

error: Alert: Content is protected !!