ေရာဂါပ်ံ့နွံ့မႈေတြမ်ားေနေပမယ့္ ဒဂံုဆိပ္ကမ္းျမိဳ့နယ္က အေျခခံလူတန္းစားေတြဆီ အေရာက္သြားျပီး စားေသာက္ရိကၡာမ်ားလွဴဒါန္းခဲ့တဲ့ ခိုင္နွင္းေဝ

မင္းသမီးေခ်ာေလး ခိုင္နွင္းေဝကေတာ့ အဆင္းေရာ အခ်င္းပါျပည့္စံုသူေလးတစ္ေယာက္အျဖစ္ ပရိသတ္သတ္မွတ္ထားျခင္းခံရသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခုိင္နွင္းေဝက အနုပညာလုပ္ငန္းေတြအျပင္ ပရဟိတအလုပ္ေတြကိုပါ ဦးေဆာင္လုပ္ကိုင္ေနတဲ့ ထက္ျမက္တဲ့ မိန္းမသားတစ္ေယာက္အျဖစ္ ရပ္တည္ေနတာမို့ ပရိသတ္ေတြက မေလးစားပဲနဲ့ကို မေနနိုင္ပါဘူး။ ခိုင္နွင္းေဝကလည္း အခုလို ေရာဂါေတြပ်ံ့နွံ့ေနခ်ိန္မွာလည္း နားခ်ိန္ရယ္လို့ မရိွပဲ အေျခခံလူတန္းစားမ်ားအတြက္ စားနပ္ရိကၡာမ်ား လွဴဒါန္းရင္း အခ်ိန္ကုန္ေနတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာလည္း ခိုင္နွင္းေဝက “ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္ (၆၇)ရပ္ကြက္ ၊ပတၱျမား(၁)လမ္း ၊အပိုင္း(၂၃) ရပ္ကြက္ရွိ အိမ္ေျခ (၃၀၀)အား ဆန္၊ဆီ၊ဆား၊ကုလားပဲ၊ေျမပဲေၾကာ္၊ၾကက္ဥ၊ေခါက္ဆြဲေျခာက္၊ဆပ္ျပာၾကမ္း၊အေမႊးခဲ၊Mask၊ဘီစကစ္မုန္႔ တို႔ အျပင္ ႏို႔မႈန္႔ မတတ္ႏိူင္ေသာ မိခင္ႏွင့္ ကေလးမ်ားအတြက္ Nature One နွို႔မႈန္႔ ႏွင့္ ကေလးအသံုးေဆာင္ ပစၥည္းမ်ား လႉဒါန္းေပးခ့ဲပါတယ္ရွင္။ ခ်စ္ဖို့ေကာင္းတ့ဲ ရပ္ကြက္ေလးပါရွင္။ ယခုလို ကာလမွာ လူစုလူေဝးမျဖစ္ေအာင္ သက္ဆိုင္ရာ ရပ္ကြက္ အုပ္ခ်ဳပ္သူမ်ား စီစဥ္ေပးမႈေၾကာင့္ လႉရတာ အဆင္ေျပၿပီး ထိေရာက္မႈ ရွိခ့ဲပါတယ္။ ကၽြန္မလွဴခ့ဲတ့ဲ အသီးႏွံမ်ားကိုလဲ မီးေသြးဖိုး မရွိလို႔ ရပ္ကြက္မွာစုၿပီး သီးစံုကုလားပဲခ်က္ ၿပီး တစ္အိမ္ တစ္ခြက္ ေဝငွစားၾကပါတယ္တ့ဲရွင္…🙏🏼🙏🏼🙏🏼” ဆိုျပီး သူမရဲ့ အလွဴေလးကို ေျပာျပလာပါတယ္။

ခိုင္နွင္းေဝကေတာ့ အခက္အခဲေတြျဖစ္ေနတဲ့ၾကားကေန အေျခခံလူတန္းစားမ်ားအတြက္ အေရးၾကီးတဲ့ စားနပ္ရိကၡာေတြကို က်န္းမာေရးလမ္းညႊန္ခ်က္မ်ားအတိုင္း လွဴဒါန္းခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ခုိင္နွင္းေဝရဲ့ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Khine Hnin Wai’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ရောဂါပျံ့နှံ့မှုတွေများနေပေမယ့် ဒဂုံဆိပ်ကမ်းမြို့နယ်က အခြေခံလူတန်းစားတွေဆီ အရောက်သွားပြီး စားသောက်ရိက္ခာများလှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ အဆင်းရော အချင်းပါပြည့်စုံသူလေးတစ်ယောက်အဖြစ် ပရိသတ်သတ်မှတ်ထားခြင်းခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက အနုပညာလုပ်ငန်းတွေအပြင် ပရဟိတအလုပ်တွေကိုပါ ဦးဆောင်လုပ်ကိုင်နေတဲ့ ထက်မြက်တဲ့ မိန်းမသားတစ်ယောက်အဖြစ် ရပ်တည်နေတာမို့ ပရိသတ်တွေက မလေးစားပဲနဲ့ကို မနေနိုင်ပါဘူး။ ခိုင်နှင်းဝေကလည်း အခုလို ရောဂါတွေပျံ့နှံ့နေချိန်မှာလည်း နားချိန်ရယ်လို့ မရှိပဲ အခြေခံလူတန်းစားများအတွက် စားနပ်ရိက္ခာများ လှူဒါန်းရင်း အချိန်ကုန်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ခိုင်နှင်းဝေက “ဒဂုံဆိပ်ကမ်းမြို့နယ် (၆၇)ရပ်ကွက် ၊ပတ္တမြား(၁)လမ်း ၊အပိုင်း(၂၃) ရပ်ကွက်ရှိ အိမ်ခြေ (၃၀၀)အား ဆန်၊ဆီ၊ဆား၊ကုလားပဲ၊မြေပဲကြော်၊ကြက်ဥ၊ခေါက်ဆွဲခြောက်၊ဆပ်ပြာကြမ်း၊အမွှေးခဲ၊Mask၊ဘီစကစ်မုန့် တို့ အပြင် နို့မှုန့် မတတ်နိူင်သော မိခင်နှင့် ကလေးများအတွက် Nature One နှို့မှုန့် နှင့် ကလေးအသုံးဆောင် ပစ္စည်းများ လှူဒါန်းပေးခဲ့ပါတယ်ရှင်။ ချစ်ဖို့ကောင်းတဲ့ ရပ်ကွက်လေးပါရှင်။ ယခုလို ကာလမှာ လူစုလူဝေးမဖြစ်အောင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်သူများ စီစဉ်ပေးမှုကြောင့် လှူရတာ အဆင်ပြေပြီး ထိရောက်မှု ရှိခဲ့ပါတယ်။ ကျွန်မလှူခဲ့တဲ့ အသီးနှံများကိုလဲ မီးသွေးဖိုး မရှိလို့ ရပ်ကွက်မှာစုပြီး သီးစုံကုလားပဲချက် ပြီး တစ်အိမ် တစ်ခွက် ဝေငှစားကြပါတယ်တဲ့ရှင်…🙏🏼🙏🏼🙏🏼” ဆိုပြီး သူမရဲ့ အလှူလေးကို ပြောပြလာပါတယ်။

ခိုင်နှင်းဝေကတော့ အခက်အခဲတွေဖြစ်နေတဲ့ကြားကနေ အခြေခံလူတန်းစားများအတွက် အရေးကြီးတဲ့ စားနပ်ရိက္ခာတွေကို ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khine Hnin Wai’s fb
Bilie: Cele Connections

error: Alert: Content is protected !!