



Source: Bunny Phyoe’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ရန်ကုန်မြို့အင်းယားစင်တာမှာ လှူဖြစ်ခဲ့တဲ့ အလှူလေးကို ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေပေးခဲ့တဲ့ ဘန်နီဖြိုး

အသံကြည်ကြည်အေးအေးလေးနဲ့ သီချင်းကောင်းလေးတွေ သီဆိုတတ်တဲ့ ဘန်နီဖြိုးကတော့ မိန်းကလေး ပရိသတ်တွေ အများဆုံး ကြိုက်နှစ်သက်တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ ဘန်နီဖြိုးရဲ့ သီချင်းတွေက လူငယ်တွေကြားမှာ တော်တော်လေး ရေပန်းစားပြီး အောင်မြင်ခဲ့သလို ထွက်ရှိသမျှ သီချင်းသစ်တိုင်းကလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျတာကို တွေ့ရပါတယ်။ ဘန်နီဖြိုးကလည်း သူ့ရဲ့ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ သီချင်းသစ်တွေကို ဖန်တီးဖို့ အမြဲတမ်း ကြိုးစားနေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒီကနေ့ အောက်တိုဘာလ (၁၁) ရက်နေ့မှာတော့ ဘန်နီဖြိုးက “ရန်ကုန်မြို့အင်းယားစင်တာမှာ ကျွန်တော်နဲ့ကျွန်တော့်ရဲ့ Alchemy Influence Team နဲ့ ဒီနေ့ရေဗူး ဗူး(၂၆၀၀) လှူဒါန်းဖြစ်ခဲ့ပါတယ်။ ဤကုသိုလ်ကို ကျွန်တော့်ပရိသတ်များ ၊ မိတ်ဆွေ သူငယ်ချင်းများ နဲ့ ပြန်လည်မျှဝေပါတယ် … အားလုံးအမြန်ဆုံးအဆင်ပြေကျန်းမာပြီး ပုံမှန်လည်ပတ်နိုင်ကြပါစေ 🙏” ဆိုပြီး သူ့ရဲ့ အလှူလေးကို ပရိသတ်တွေဆီ ပြန်လည်မျှဝေပေးခဲ့ပါတယ်။

ဘန်နီဖြိုးကတော့ လူငယ်တစ်ယောက်ဆိုပေမယ့် အလှူအတန်းမှာလည်း လက်မနှေးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘန်နီဖြိုးနဲ့ သူ့ရဲ့အဖွဲ့သားတွေပြုသမျှ ကောင်းမှုအစုစုကို သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Bunny Phyoe’s fb
Bilie: Cele Connections

error: Alert: Content is protected !!