မိသားစုပိုင္ကုမၸဏီနာမည္နဲ့ ကိုဗစ္လူနာေတြကိုလက္ခံကုသေပးေနတဲ့ Inya Centre မွာ ေငြက်ပ္ သိန္း (၅၀) ကို လွဴဒါန္းေပးခဲ့တဲ့ Ah Boy နဲ့ ျမတ္ရတနာေက်ာ္

အဆိုေတာ္ Ah Boy ကေတာ့ Rap သီခ်င္းေတြကို သီဆိုရင္း လူငယ္ပရိသတ္ေတြၾကားမွာ ေအာငျ္မင္ခဲ့ရာမွာ စီးပြားေရးအလုပ္ေတြကို လုပ္ကိုင္ေနတာေၾကာင့္ အနုပညာေလာကနဲ့ (၅)နွစ္ေက်ာ္ခန့္ အဆက္အသြယ္ျပတ္ေတာက္သြားခဲ့တာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ လပိုင္းကေတာ့ Ah Boy က ခ်မ္းေျမ့ေမာင္ခ်ိဳနဲ့အတူတူ “အေငြ့အသက္မ်ား” သီခ်င္းကို ထုတ္လုပ္ခဲ့ျပီး ဂီတေလာကကို ဒုတိယအၾကိမ္ျပန္လည္ ဝင္ေရာက္လာကာ ပရိသတ္ေတြရဲ့ အားေပးမႈကို မထင္ထားေလာက္ေအာင္ ရရိွပိုင္ဆိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ အနုပညာအလုပ္ေတြလည္း ျပန္လည္လုပ္ကိုင္ေနျပီျဖစ္တဲ့ Ah Boy က စီးပြားေရးလုပ္ငန္းေတြမွာလည္း လစ္ဟင္းမႈမရိွေအာင္ အျမဲတမ္း ၾကိဳးစားေနလ်က္ရိွပါတယ္။

ဒီကေန့ ေအာက္တိုဘာလ (၁၁) ရက္ေန့မွာေတာ့ Ah Boy ရဲ့ ကုမၸဏီက ကိုဗစ္လူနာေတြကို ထားရိွကုသေပးေနတဲ့ Inya Centre ကို အလွဴေငြေတြ လွဴဒါန္းခဲ့ေၾကာင္း အခုလိုပဲ မွ်ေဝေပးထားပါတယ္။ “ရန္ကုန္မွာ မေန႔ကမွဖြင့္လိုက္တဲ့ Inya Centre ဆိုတဲ့ COVID လူနာေတြကိုထားတဲ့ ေနရာမွာ ကၽြန္ေတာ္တို႔ ရဲ႕ Southern Myanmar Development – SMD Company အေနနဲ႔ ေငြက်ပ္ သိန္း (၅၀) ႏွင့္ ေရသန႔္ ဗူး (၂၆၀၀) လႉဒါန္းျဖစ္ခဲ့ပါတယ္။ ဒီလိုခ်ိန္မွာ ဒီလို Centre ေတြအတြက္ တတ္ႏိုင္တဲ့ဖက္ကေန အုတ္တစ္ခ်ပ္ သဲတစ္ပြင့္အေနနဲ႔ ပါဝင္ခြင့္ရတဲ့အတြက္ က်ေနာ္တို႔ အရမ္းကို ေက်နပ္ပီတိျဖစ္ခဲ့ရပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ OTD ပရိသတ္ေတြလည္း ကၽြန္ေတာ္တို႔နဲ႔အတူ သာဓုေခၚႏိုင္ၾကပါေစခင္ဗ်ာ။ အားလုံးပဲ က်န္းမာခ်မ္းသာၾကၿပီး ကပ္ဆိုးႀကီးေဘးမွကင္းလြတ္ႏိုင္ၾကပါေစလို႔လည္း တူတူဆုေတာင္းလိုက္ၾကရေအာင္…” ဆိုျပီး မွ်ေဝေပးထားပါတယ္။

Ah Boy ကေတာ့ သူတို့မိသားစုပိုင္ ကုမၸဏီနာမည္နဲ့ လက္ရိွ တစ္နိုင္ငံလံုး ခံစားေနရတဲ့ Covid-19 ထိန္းခ်ဳပ္ကာကြယ္ ကုသေရးလုပ္ငန္းစဥ္မ်ားအတြက္ လွဴဒါန္းေပးခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း Ah Boy တို့ရဲ့ ကုသုိလ္အလွဴေလးေၾကာင့္ ထပ္တူပီတိျဖစ္ ဝမ္းသာေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Our Travel Diaries’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မိသားစုပိုင်ကုမ္ပဏီနာမည်နဲ့ ကိုဗစ်လူနာတွေကိုလက်ခံကုသပေးနေတဲ့ Inya Centre မှာ ငွေကျပ် သိန်း (၅၀) ကို လှူဒါန်းပေးခဲ့တဲ့ Ah Boy နဲ့ မြတ်ရတနာကျော်

အဆိုတော် Ah Boy ကတော့ Rap သီချင်းတွေကို သီဆိုရင်း လူငယ်ပရိသတ်တွေကြားမှာ အောြင်မင်ခဲ့ရာမှာ စီးပွားရေးအလုပ်တွေကို လုပ်ကိုင်နေတာကြောင့် အနုပညာလောကနဲ့ (၅)နှစ်ကျော်ခန့် အဆက်အသွယ်ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းကတော့ Ah Boy က ချမ်းမြေ့မောင်ချိုနဲ့အတူတူ “အငွေ့အသက်များ” သီချင်းကို ထုတ်လုပ်ခဲ့ပြီး ဂီတလောကကို ဒုတိယအကြိမ်ပြန်လည် ဝင်ရောက်လာကာ ပရိသတ်တွေရဲ့ အားပေးမှုကို မထင်ထားလောက်အောင် ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေလည်း ပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ Ah Boy က စီးပွားရေးလုပ်ငန်းတွေမှာလည်း လစ်ဟင်းမှုမရှိအောင် အမြဲတမ်း ကြိုးစားနေလျက်ရှိပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁၁) ရက်နေ့မှာတော့ Ah Boy ရဲ့ ကုမ္ပဏီက ကိုဗစ်လူနာတွေကို ထားရှိကုသပေးနေတဲ့ Inya Centre ကို အလှူငွေတွေ လှူဒါန်းခဲ့ကြောင်း အခုလိုပဲ မျှဝေပေးထားပါတယ်။ “ရန်ကုန်မှာ မနေ့ကမှဖွင့်လိုက်တဲ့ Inya Centre ဆိုတဲ့ COVID လူနာတွေကိုထားတဲ့ နေရာမှာ ကျွန်တော်တို့ ရဲ့ Southern Myanmar Development – SMD Company အနေနဲ့ ငွေကျပ် သိန်း (၅၀) နှင့် ရေသန့် ဗူး (၂၆၀၀) လှူဒါန်းဖြစ်ခဲ့ပါတယ်။ ဒီလိုချိန်မှာ ဒီလို Centre တွေအတွက် တတ်နိုင်တဲ့ဖက်ကနေ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက် ကျနော်တို့ အရမ်းကို ကျေနပ်ပီတိဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ OTD ပရိသတ်တွေလည်း ကျွန်တော်တို့နဲ့အတူ သာဓုခေါ်နိုင်ကြပါစေခင်ဗျာ။ အားလုံးပဲ ကျန်းမာချမ်းသာကြပြီး ကပ်ဆိုးကြီးဘေးမှကင်းလွတ်နိုင်ကြပါစေလို့လည်း တူတူဆုတောင်းလိုက်ကြရအောင်…” ဆိုပြီး မျှဝေပေးထားပါတယ်။

Ah Boy ကတော့ သူတို့မိသားစုပိုင် ကုမ္ပဏီနာမည်နဲ့ လက်ရှိ တစ်နိုင်ငံလုံး ခံစားနေရတဲ့ Covid-19 ထိန်းချုပ်ကာကွယ် ကုသရေးလုပ်ငန်းစဉ်များအတွက် လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Ah Boy တို့ရဲ့ ကုသိုလ်အလှူလေးကြောင့် ထပ်တူပီတိဖြစ် ဝမ်းသာနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Our Travel Diaries’s fb
Bilie: Cele Connections

error: Alert: Content is protected !!