



ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရဟိတမင်းသားကြီး ဝေဠုကျော်နဲ့ဆုံတုန်းလေး ထမင်းကြော်ကိစ္စနဲ့ပက်သတ်ပြီး မရ,ရအောင် စနောက်ခဲ့တဲ့ ကျော်ကျော်

သရုပ်ဆောင် ကျော်ကျော်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အရေးပါတဲ့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျော်ကျော်ကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာ ဒုတိယမင်းသား၊ ဇာတ်ပို့တစ်ယောက်အဖြစ် သရုပ်ဆောင်တာများပေမယ့် သူ့ရဲ့ အောင်မြင်မှုကတော့ နာမည်ကြီးထိပ်တန်းသရုပ်ဆောင်တွေနဲ့တောင်ယှဉ်လို့ ရနိုင်တာပဲ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး ဟန်ဆောင်မှုတွေကင်းတဲ့ ကျော်ကျော်က ပရိသတ်တွေကြားမှာတော့ ကောင်းသတင်းတွေနဲ့ ထင်ရှားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

သဘောမနောကောင်းသလို အလှူအတန်းမှာလည်း လက်မနှေးတဲ့ ကျော်ကျော်ကတော့ မနေ့က အောက်တိုဘာလ (၁၀) ရက်နေ့မှာတော့ သူငယ်ချင်း ဆုမြတ်နိုးဦးနဲ့အတူတူ ပရဟိတမင်းသားကြီး ဝေဠုကျော်ဆီကို မြိတ်ကတ်ကြေးကိုက်များပို့ပေးပြီး လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ်။ ကျော်ကျော်ကတော့ သူ့ရဲ့ထုံးစံ စနောက်တတ်တဲ့ အကျင့်အတိုင်း မင်းသားကြီး ဝေဠုကျော်ကို “ထမင်းကြော်သွားပေးတာ အန္တရာယ်ကင်းအောင် ဆေးအရင်ဖြန်းနေတဲ့ ကိုဝေ 😁😁😁” ဆိုပြီး ထမင်းကြော်ကိစ္စနဲ့ စနောက်ခဲ့သေးတာပဲ ဖြစ်ပါတယ်။

ကျော်ကျော်ကတော့ မြိတ်ကတ်ကြေးကိုက်တွေပို့ပေးတာတောင် ဝေဠုကျော်ကို ထမင်းကြော်ဆိုပြီး စနောက်ခဲ့သေးတာပဲ ဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ ကျော်ကျော့်ရဲ့ စနောက်မှုကို အပြစ်မြင်ဗွေယူမယ် မထင်ပါဘူးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Naing Oo ‘s fb
Bilie: Cele Connections

error: Alert: Content is protected !!