ခ်စ္စရာေကာင္းတဲ့ ညီမေလးကို ပြဲထုတ္ျပီးရိုက္ကူးထားတဲ့ ဓာတ္ပံုေတြေၾကာင့္ ပရိသတ္ေတြၾကားမွာ ေယာက္ဖလို့ အေခၚခံေနရတဲ့ ေက်ာ္ထြဋ္ေဆြ

အရမ္းကို ေဂၚလြန္းလို႔ လူငယ္ပရိသတ္ေတြ သဲသဲလႈပ္ ခ်စ္ခင္အားေပးၾကတဲ့ အဆိုေတာ္ ေက်ာ္ထြဋ္ေဆြကေတာ့ ေပ်ာ္ေပ်ာ္ေနတတ္သူတစ္ဦးမို႔ မၾကာခဏဆိုသလို ပရိသတ္ေတြကို ေပ်ာ္ေအာင္ စေနာက္ေလ့ရွိသူတစ္ဦးပါ။ ခ်စ္သူေခ်ာေခ်ာေလးကို ပိုင္ဆိုင္ထားတဲ့ ေက်ာ္ထြဋ္ေဆြကေတာ့ ဝါသနာခ်င္းတူတဲ့ ခ်စ္သူနဲ႔အတူ အႏုပညာအလုပ္ေတြကို အတူလုပ္ေနသူတစ္ဦးဆိုလည္း မမွားပါဘူး။ လတ္တေလာမွာေတာ့ ေက်ာ္ထြဋ္ေဆြက အနုပညာအလုပ္ေတြကို ခဏတာရပ္နားထားျပီး မိသားစုေတြနဲ့သာ အခ်ိန္ကုန္ဆံုးေနလ်က္ရိွပါတယ္။

ဒီတစ္ခါမွာေတာ့ ေက်ာ္ထြဋ္ေဆြက သူ့ရဲ့ အခ်စ္ဆံုးညီမေလး နဒီထြဋ္ေဆြနဲ့ အတူတူ ရိုက္ကူးထားတဲ့ ဓာတ္ပံုေတြကို ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝရင္း “ေယာက္ဖေလး လား? ေယာင္းမေလး လား ? 😅😝😝” ဆိုျပီး ေမးခြန္းထုတ္လာခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့ ေက်ာ္ထြဋ္ေဆြရဲ့ ညီမလွလွေလးကိုသာ ျမင္ၾကျပီး ေက်ာ္ထြဋ္ေဆြတစ္ေယာက္ ေယာက္ဖလို့ အၾကီးအက်ယ္ အေခၚခံေနရတာပဲ ျဖစ္ပါတယ္။

ေက်ာ္ထြဋ္ေဆြရဲ့ ညီမေလး နဒီထြဋ္ေဆြကေတာ့ Beauty Blogger တစ္ေယာက္ျဖစ္ျပီး မိန္းကေလးပရိသတ္ေတြ သိထားျပီးသားသူတစ္ေယာက္ပါပဲ။ ပရိသတ္ၾကီးလည္း ညီမေခ်ာေခ်ာေလးကို ပိုင္ဆိုင္ထားတဲ့ ေက်ာ္ထြဋ္ေဆြကို အားက်ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Htut Swe’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ချစ်စရာကောင်းတဲ့ ညီမလေးကို ပွဲထုတ်ပြီးရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကြောင့် ပရိသတ်တွေကြားမှာ ယောက်ဖလို့ အခေါ်ခံနေရတဲ့ ကျော်ထွဋ်ဆွေ

အရမ်းကို ဂေါ်လွန်းလို့ လူငယ်ပရိသတ်တွေ သဲသဲလှုပ် ချစ်ခင်အားပေးကြတဲ့ အဆိုတော် ကျော်ထွဋ်ဆွေကတော့ ပျော်ပျော်နေတတ်သူတစ်ဦးမို့ မကြာခဏဆိုသလို ပရိသတ်တွေကို ပျော်အောင် စနောက်လေ့ရှိသူတစ်ဦးပါ။ ချစ်သူချောချောလေးကို ပိုင်ဆိုင်ထားတဲ့ ကျော်ထွဋ်ဆွေကတော့ ဝါသနာချင်းတူတဲ့ ချစ်သူနဲ့အတူ အနုပညာအလုပ်တွေကို အတူလုပ်နေသူတစ်ဦးဆိုလည်း မမှားပါဘူး။ လတ်တလောမှာတော့ ကျော်ထွဋ်ဆွေက အနုပညာအလုပ်တွေကို ခဏတာရပ်နားထားပြီး မိသားစုတွေနဲ့သာ အချိန်ကုန်ဆုံးနေလျက်ရှိပါတယ်။

ဒီတစ်ခါမှာတော့ ကျော်ထွဋ်ဆွေက သူ့ရဲ့ အချစ်ဆုံးညီမလေး နဒီထွဋ်ဆွေနဲ့ အတူတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေရင်း “ယောက်ဖလေး လား? ယောင်းမလေး လား ? 😅😝😝” ဆိုပြီး မေးခွန်းထုတ်လာခဲ့ပါတယ်။ ပရိသတ်တွေကတော့ ကျော်ထွဋ်ဆွေရဲ့ ညီမလှလှလေးကိုသာ မြင်ကြပြီး ကျော်ထွဋ်ဆွေတစ်ယောက် ယောက်ဖလို့ အကြီးအကျယ် အခေါ်ခံနေရတာပဲ ဖြစ်ပါတယ်။

ကျော်ထွဋ်ဆွေရဲ့ ညီမလေး နဒီထွဋ်ဆွေကတော့ Beauty Blogger တစ်ယောက်ဖြစ်ပြီး မိန်းကလေးပရိသတ်တွေ သိထားပြီးသားသူတစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း ညီမချောချောလေးကို ပိုင်ဆိုင်ထားတဲ့ ကျော်ထွဋ်ဆွေကို အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Htut Swe’s fb
Bilie: Cele Connections

error: Alert: Content is protected !!