



Source: Sandy Cho’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

Quarantine မှာ အိမ်တွင်းအောင်းပြီး အားကစားလုပ်ထားသမျှရလဒ်ကို အမေရိကားက ချစ်ဇနီးနဲ့ သားသမီးတွေဆီ ကြွားလုံးထုတ်ခဲ့တဲ့ နိုင်းနိုင်း

မင်းသားချော နိုင်းနိုင်းကတော့ နိုင်ငံခြားမင်းသားတစ်ယောက်လို ဆွဲဆောင်မှုရှိတာကြောင့် အမျိုးသမီးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို နှစ်ပေါင်းအတော်ကြာ ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ နိုင်းနိုင်းက အခုဆိုရင် အိမ်ထောင်ကျပြီး သားသမီးလေးယောက်ကို ပိုင်ဆိုင်ထားပေမယ့် ဇနီးနဲ့ သားသမီးတွေက နိုင်ငံခြားမှာနေထိုင်ပြီး နိုင်းနိုင်းကတော့ မြန်မာပြည်မှာနေထိုင်ရင်းသာ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ အနုပညာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

မိသားစုနဲ့ အနေဝေးပေမယ့် Video Call တွေခေါ်ပြီး အမြဲတမ်း အလွမ်းသည်လေ့ရှိတဲ့ နိုင်းနိုင်းက ပြီးခဲ့တဲ့လပိုင်းကမှ မိသားစုတွေဆီကပြန်လာခဲ့ပေမယ့် လွမ်းနေရဆဲပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နိုင်းနိုင်က Quarantine မှာ အားကစားတွေလုပ်ပြီး အမေရိကားက ဇနီးနဲ့ သားသမီးတွေကို ကြွားပြနေခဲ့တယ်လို့ နိုင်းနိုင်းရဲ့ ဇနီးလေး စန္ဒီချိုက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

နိုင်းနိုင်းကတော့ မိသားစုနဲ့ အနေဝေးပြီး အနုပညာအလုပ်တွေ ရပ်နားထားချိန်မှာ အကျိုးရှိမယ့် အလုပ်လေးတွေလုပ်ရင်းနဲ့သာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နိုင်းနိုင်းတို့ မိသားစုလေးရဲ့ ပုံရိပ်လေးကို သဘောကျကြမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sandy Cho’s fb
Bilie: Cele Connections

error: Alert: Content is protected !!