



ယူနီကုဒ်ဖြင့်ဖတ်ရန်

ခေါင်းဆောင်မင်းသမီးတစ်ယောက်ဖြစ်ပေမယ့်လည်း အားလပ်ချိန်တွေမှာ ရှုတင်အဖွဲ့သားတွေကို ဟင်းတွေတစ်မျိုးပြီးတစ်မျိုးချက်ကျွေးဖြစ်နေတဲ့ ပိုင်ဖြိုးသု

ဆရာဝန်၊ အကယ်ဒမီ မင်းသမီး ပိုင်ဖြိုးသုဟာ နိုင်ငံကျော်တစ်ယောက်ဖြစ်ပေမယ့် ဘဝကို အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်သာ ဖြတ်သန်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုရှင်တစ်ယောက်လည်းဖြစ်သလို ဂုဏ်ပညာကြီးတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် မာန်မာနမကြီးတတ်တဲ့ ပိုင်ဖြိုးသုကို ပရိသတ်တွေကလည်း ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုင်ဖြိုးသုက အနုပညာအလုပ်တွေလုပ်ကိုင်ရင်း ဒါရိုက်တာဏကြီးနဲ့အတူတူ သာယာအေးချမ်းတဲ့ အိမ်ထောင်တစ်ခုကိုလည်း တည်ဆောက်ထားပါသေးတယ်။

လက်ရှိမှာတော့ ဒါရိုက်တာ ခင်လှိုင် ရိုက်ကူးတဲ့ “ဆိုးပေ” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖြစ်နေတဲ့ ပိုင်ဖြိုးသုက မိသားစုနဲ့ခွဲခွာပြီး မန္တလေးမြို့မှာ ဇာတ်ကားရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုက “ဆိုးပေ” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်ဖြစ်ပေမယ့်လည်း အားလပ်ချိန်တွေမှာ ရှုတင်အဖွဲ့သားတွေကို ဟင်းတွေတစ်မျိုးပြီးတစ်မျိုးချက်ကျွေးဖြစ်နေတာကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးနေတာပဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုကတော့ သရုပ်ဆောင်လည်းကောင်းသလို ဟင်းချက်လက်ရာလည်းကောင်းတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဖြိုးသုရဲ့ “ဆိုးပေ” ဇာတ်လမ်းတွဲလေး ထွက်ရှိလာရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Paing Phyo Thu’s fb
Bilie: Cele Connections

error: Alert: Content is protected !!