အိမ္သားေတြစားဖို့အတြက္ မုန့္မ်ိဳးစံု လုပ္ေပးေနတဲ့ ဇနီးအလိမၼာေလးရဲ့ ပံုကို ဗီဒီယိုေလးရိုက္ျပီး ပရိသတ္ေတြကိုျပသလာတဲ့ ေရႊထူး

ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီကေတာ့ သူတို႔ႏွစ္ေယာက္ ပထမဦးဆုံး ဆုံခဲ့တဲ့ “ဧည့္သည္” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ အတူတူသ႐ုပ္ေဆာင္ရင္း ဖူးစာဆုံခဲ့တာပဲ ျဖစ္ပါတယ္။ ေ႐ႊထူးနဲ႔ ေ႐ႊမႈံက တစ္ေယာက္နဲ႔တစ္ေယာက္ နက္နက္ရႈိင္းရႈိင္းခ်စ္ခဲ့ၾကၿပီး ခ်စ္သူသက္တမ္းခဏေလးအတြင္းမွာ လက္ထပ္ခဲ့ၾကတယ္ဆိုေပမယ့္ အမ်ားကအားက်ရေလာက္တဲ့ အိမ္ေထာင္သည္ဘဝေလးကို ပိုင္ဆိုင္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေနနဲ႔လ၊ ေ႐ႊနဲ႔ျမလို လိုက္ဖက္လြန္းတဲ့ ေ႐ႊႏွစ္ေ႐ႊစုံတြဲေလးရဲ့ အနုပညာလႈပ္ရွားမႈေတြသာမက ၾကည္နူးစရာ အခ်စ္ဇာတ္လမ္းေလးကိုပါ စိတ္ဝင္တစားရိွၾကပါတယ္။

ေရႊထူးကေတာ့ သူ့ထက္ အသက္ (၆) နွစ္ေလာက္ငယ္တဲ့ ဇနီးငယ္ေလးကို ပိုင္ဆိုင္ထားေပမယ့္ အိမ္ေထာင္မႈကိစၥနိုင္နင္းျပီး သူ့အေပၚမွာလည္း ဝတၱရားေက်တဲ့ ဇနီးေခ်ာေလးကို ရရိွထားတာ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ေရႊထူးက ခ်စ္ဇနီးေလး ကိုယ္တိုင္လုပ္ေကၽြးတဲ့ မုန့္မ်ိဳးစံုကိုစားျပီး အိမ္ထဲမွာပဲ သာယာေနတဲ့အေၾကာင္းကို သူ့ရဲ့ ေဖ့စ္ဘုတ္ Stroy ကေနတဆင့္ မွ်ေဝေပးထားပါတယ္။

ေရႊထူးကေတာ့ တစ္နုိင္ငံလံုးက သည္းသည္းလႈပ္ခ်စ္ၾကတဲ့ ေရႊမင္းသမီးေလးျဖစ္တဲ့အျပင္ အိမ္ေထာင္မႈမွာလည္း မလစ္ဟင္းတဲ့ ဇနီးေလးကို ပိုင္ဆိုင္ခြင့္ရထားတဲ့ ကံေကာင္းသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း အိမ္ေထာင္ေရးမွာ ကံေကာင္းလြန္းတဲ့ ေရႊထူးကို အားက်ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htoo Khant’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အိမ်သားတွေစားဖို့အတွက် မုန့်မျိုးစုံ လုပ်ပေးနေတဲ့ ဇနီးအလိမ္မာလေးရဲ့ ပုံကို ဗီဒီယိုလေးရိုက်ပြီး ပရိသတ်တွေကိုပြသလာတဲ့ ရွှေထူး

ရွှေထူးနဲ့ ရွှေမှုံရတီကတော့ သူတို့နှစ်ယောက် ပထမဦးဆုံး ဆုံခဲ့တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူသရုပ်ဆောင်ရင်း ဖူးစာဆုံခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံက တစ်ယောက်နဲ့တစ်ယောက် နက်နက်ရှိုင်းရှိုင်းချစ်ခဲ့ကြပြီး ချစ်သူသက်တမ်းခဏလေးအတွင်းမှာ လက်ထပ်ခဲ့ကြတယ်ဆိုပေမယ့် အများကအားကျရလောက်တဲ့ အိမ်ထောင်သည်ဘဝလေးကို ပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်လွန်းတဲ့ ရွှေနှစ်ရွှေစုံတွဲလေးရဲ့ အနုပညာလှုပ်ရှားမှုတွေသာမက ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးကိုပါ စိတ်ဝင်တစားရှိကြပါတယ်။

ရွှေထူးကတော့ သူ့ထက် အသက် (၆) နှစ်လောက်ငယ်တဲ့ ဇနီးငယ်လေးကို ပိုင်ဆိုင်ထားပေမယ့် အိမ်ထောင်မှုကိစ္စနိုင်နင်းပြီး သူ့အပေါ်မှာလည်း ဝတ္တရားကျေတဲ့ ဇနီးချောလေးကို ရရှိထားတာ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ရွှေထူးက ချစ်ဇနီးလေး ကိုယ်တိုင်လုပ်ကျွေးတဲ့ မုန့်မျိုးစုံကိုစားပြီး အိမ်ထဲမှာပဲ သာယာနေတဲ့အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘုတ် Stroy ကနေတဆင့် မျှဝေပေးထားပါတယ်။

ရွှေထူးကတော့ တစ်နိုင်ငံလုံးက သည်းသည်းလှုပ်ချစ်ကြတဲ့ ရွှေမင်းသမီးလေးဖြစ်တဲ့အပြင် အိမ်ထောင်မှုမှာလည်း မလစ်ဟင်းတဲ့ ဇနီးလေးကို ပိုင်ဆိုင်ခွင့်ရထားတဲ့ ကံကောင်းသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိမ်ထောင်ရေးမှာ ကံကောင်းလွန်းတဲ့ ရွှေထူးကို အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo Khant’s fb
Bilie: Cele Connections

error: Alert: Content is protected !!