သူမရဲ့ ဓာတ္ပံုေတြက စာအုပ္ေတြထဲမွာလည္း ပါခဲ့ဖူးတယ္ဆိုတာကို နွစ္ေပါင္း (၂၀) ၾကာမွ ျပန္သိခဲ့ရတဲ့ ထက္ထက္မိုးဦး

ထက္ထက္လို့ ပရိသတ္ေတြက ခ်စ္စနိုးနဲ့ေခၚၾကတဲ့ ထက္ထက္မိုးဦးက တစ္ေခတ္တစ္ခါက အနုပညာေလာကမွာ ထိပ္ဆံုးကေန လႊမ္းမိုးခ်ဳပ္ကိုင္ထားနိုင္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ထက္ထက္မိုးဦးက အသက္အရြယ္တစ္ခုေရာက္ရိွလာခ်ိန္မွာေတာ့ က်န္းမာေရးအေျခအေနေတြေၾကာင့္ အနုပညာလႈပ္ရွားမႈေတြ နည္းပါးသြားခဲ့တာျဖစ္ျပီး လက္ရိွမွာေတာ့ အနုပညာအလုပ္ေတြကို ျဖည္းျဖည္းနဲ့ ပံုမွန္ေလး လုပ္ကိုင္ေနလ်က္ရိွတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ထက္ထက္တစ္ေယာက္ ဘယ္လိုအသက္အရြယ္ပဲေျပာင္းေျပာင္း အရင္ကအတိုင္းပဲ ခ်စ္ခင္အားေပးေနၾကဆဲ ျဖစ္ပါတယ္။

လက္ရိွွမွာေတာ့ ပရိသတ္ေတြအတြက္ သူမရဲ့ အမွတ္တရေဟာင္းေတြကို ျပန္လည္ေဖာ္ျပေပးေနတဲ့ ထက္ထက္မိုးဦးက ဒီကေန့မွာေတာ့ စာအုပ္ေတြထဲမွာ ပါခဲ့ဖူးတဲ့ အမွတ္တရတစ္ခုကို ခ်ျပလာပါတယ္။ ထက္ထက္မိုးဦက သူမကိုယ္တိုင္လည္း စာအုပ္ေတြထဲမွာ ပါဝင္ခဲ့ဖူးတယ္ဆိုတာကို မသိပဲ နွစ္ေပါင္း (၂၀) ေလာက္ၾကာမွ ျပန္သိရေၾကာင္းကို “စာအုပ္ေတြထဲပါခဲ့ဖူးတယ္ဆိုတာ အခုမွသိတယ္။ ပို႔ေပးတဲ့ညီမေလးေရ ေက်းဇူးပါ” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာထားတာပဲ ျဖစ္ပါတယ္။

ထက္ထက္မိုးဦးကေတာ့ ယေန့အခ်ိန္ထိတိုင္ ေယာက်ာ္း၊ မိန္းမ၊ လူၾကီး၊ လူငယ္တိုင္း ခ်စ္ခင္ၾကဆဲျဖစ္တဲ့ မင္းသမီးတစ္လက္ပါပဲ။ ပရိသတ္ၾကီးေရာ ငယ္ဘဝမွာ ထက္ထက္မိုးဦးနဲ့ ဘယ္လိုအမွတ္တရေတြရိွခဲ့ဖူးလဲ ေျပာျပေပးခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htet Htet Moe Oo’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သူမရဲ့ ဓာတ်ပုံတွေက စာအုပ်တွေထဲမှာလည်း ပါခဲ့ဖူးတယ်ဆိုတာကို နှစ်ပေါင်း (၂၀) ကြာမှာ ပြန်သိခဲ့ရတဲ့ ထက်ထက်မိုးဦး

ထက်ထက်လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ ထက်ထက်မိုးဦးက တစ်ခေတ်တစ်ခါက အနုပညာလောကမှာ ထိပ်ဆုံးကနေ လွှမ်းမိုးချုပ်ကိုင်ထားနိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ ကျန်းမာရေးအခြေအနေတွေကြောင့် အနုပညာလှုပ်ရှားမှုတွေ နည်းပါးသွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ ပုံမှန်လေး လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ထက်ထက်တစ်ယောက် ဘယ်လိုအသက်အရွယ်ပဲပြောင်းပြောင်း အရင်ကအတိုင်းပဲ ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပရိသတ်တွေအတွက် သူမရဲ့ အမှတ်တရဟောင်းတွေကို ပြန်လည်ဖော်ပြပေးနေတဲ့ ထက်ထက်မိုးဦးက ဒီကနေ့မှာတော့ စာအုပ်တွေထဲမှာ ပါခဲ့ဖူးတဲ့ အမှတ်တရတစ်ခုကို ချပြလာပါတယ်။ ထက်ထက်မိုးဦက သူမကိုယ်တိုင်လည်း စာအုပ်တွေထဲမှာ ပါဝင်ခဲ့ဖူးတယ်ဆိုတာကို မသိပဲ နှစ်ပေါင်း (၂၀) လောက်ကြာမှ ပြန်သိရကြောင်းကို “စာအုပ်တွေထဲပါခဲ့ဖူးတယ်ဆိုတာ အခုမှသိတယ်။ ပို့ပေးတဲ့ညီမလေးရေ ကျေးဇူးပါ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားတာပဲ ဖြစ်ပါတယ်။

ထက်ထက်မိုးဦးကတော့ ယနေ့အချိန်ထိတိုင် ယောကျာ်း၊ မိန်းမ၊ လူကြီး၊ လူငယ်တိုင်း ချစ်ခင်ကြဆဲဖြစ်တဲ့ မင်းသမီးတစ်လက်ပါပဲ။ ပရိသတ်ကြီးရော ငယ်ဘဝမှာ ထက်ထက်မိုးဦးနဲ့ ဘယ်လိုအမှတ်တရတွေရှိခဲ့ဖူးလဲ ပြောပြပေးခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htet Htet Moe Oo’s fb
Bilie: Cele Connections

error: Alert: Content is protected !!