



Source: Chit Thu Wai’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဖုန်းမကြည့်ရလို့ စိတ်ကောက်နေပေမယ့်လည်း မေမေချစ်သုဝေရဲ့စကားတစ်ခွန်းကြောင့် ချက်ချင်းစိတ်ကောက်ပြေသွားခဲ့တဲ့ ခေတ်လေးရဲ့ ဗီဒီယို

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်က မွေးကင်းစကတည်းက ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်က မေမေချစ်သုဝေနဲ့ ဖေဖေ လင်းလင်းရဲ့ ကောင်းမွန်တည့်မတ်တဲ့ သင်ကြားမှုတွေကြောင့် လိမ္မာပြီး တစ်နေ့တစ်ခြား ချစ်စရာကောင်းလာတာကို တွေ့ရပါတယ်။ ပရိသတ်တွေကလည်း သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းလွန်းတဲ့ ခေတ်နဲ့သစ်ရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်စားစွာ အားပေးကြပါတယ်။

မေမေချစ်သုဝေကလည်း သမီးလေးတွေကို ချစ်တဲ့ ပရိသတ်တွေအတွက် သမီးလေးတွေရဲ့ လှုပ်ရှားမှုလေးတွေကို မျှဝေပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ချစ်သုဝေက ဖုန်းမကြည့်ရလို့ စိတ်ကောက်နေတဲ့ ခေတ်ခေတ်လေးရဲ့ ဗီဒီယိုကို သူမရဲ့ YouTube အကောင့်ကနေပြီး အခုလိုပဲ မျှဝေပေးထားပါတယ်။

ခေတ်လေးကတော့ ဖုန်းမကြည့်ရလို့ စိတ်ကောက်နေပေမယ့်လည်း မေမေချစ်သုဝေရဲ့စကားတစ်ခွန်းကြောင့် ချက်ချင်းစိတ်ကောက်ပြေသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေတ်ခေတ်လေးရဲ့ ဗီဒီယိုလေးကိုကြည်ပြီး သဘောကျကျေနပ်ကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai’s fb
Bilie: Cele Connections

error: Alert: Content is protected !!