နုပ်ိဳလြန္းတဲ့ ေမေမနဲ့အတူ တြဲရိုက္ထားတဲ့ ဓာတ္ပံုမွာ ညီအစ္မေတြအလားထင္ရတယ္လို့ မွတ္ခ်က္ေပးခံေနရတဲ့ ေနျခည္ဦး

ပရိသတ္ေတြခ်စ္ၾကတဲ့ ေနျခည္ဦးကေတာ့ လူအာရံုစိုက္ခံရတဲ့ အနုပညာရွင္တစ္ေယာက္ျဖစ္ေပမယ့္ ဟန္ေဆာင္မႈမရိွပဲ ပြင့္လင္းသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေနျခည္ဦးက သူမရဲ့ အနုပညာလႈပ္ရွားမႈေတြနဲ့ျဖစ္ေစ၊ အလုပ္ကိစၥေတြနဲ့ျဖစ္ေစ ကိုယ္တိုင္ ဦးစီးသူတစ္ေယာက္ျဖစ္ေပမယ့္ မိဘေတြရဲ့ အၾကံဥာဏ္ေကာင္းေတြေၾကာင့္ ပိုလို့ေအာင္ျမင္လာခဲ့တာပဲ ျဖစ္ပါတယ္။ ေနျခည္ဦးရဲ့ ေမေမ အန္တီေဆြကလည္း ေနျခည္ဦးလိုပဲ စကားေျပာပြင့္လင္းျပီး ခ်စ္စရာေကာင္းတာေၾကာင့္ ပရိသတ္ေတြရဲ့ ခ်စ္ခင္ျခင္းကို အျပည့္အဝရရိွထားတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ေနျခည္ဦးက သူမရဲ့ အသစ္ရိုက္ကူးမယ့္ Vlog မွာ ပါဝင္အားျဖည့္ေပးထားတဲ့ ေမေမ့ရဲ့အေၾကာင္းကို ေျပာျပီး ေမေမနဲ့အတူတူ ရိုက္ကူးထားတဲ့ ဓာတ္ပံုေလးကို ပရိသတ္ေတြဆီ ခ်ျပလာခဲ့ပါတယ္။ ထိုဓာတ္ပံုမွာ ေနျခည္ဦးရဲ့ေမေမကလည္း အရမ္းကိုနုပ်ိဳလြန္းေနျပီး သမီးျဖစ္သူ ေနျခည္ဦးနဲ့ အျပိဳင္လွပေနတာေၾကာင့္ ပရိသတ္ေတြက ညီအစ္မေတြလို့ ထင္ရတယ္ဆိုျပီး မွတ္ခ်က္အသီးသီးေပးခဲ့တာကို ေတြ့ရပါတယ္။

ေနျခည္ဦးကေတာ့ သူမရဲ့ မ်က္နွာကို ျပဳျပင္ခြဲစိတ္ထားမႈေတြရိွေပမယ့္ သူမရဲ့ ပကတိမ်က္နွာေလးကေတာ့ ေျပာင္းလဲသြားျခင္းမရိွပဲ ေမေမနဲ့ တစ္ေထရာတည္းတူတာပဲေနာ္။ ပရိသတ္ၾကီးကလည္း ညီအစ္မေတြလို လွေနၾကတဲ့ ေနျခည္ဦးတို့ သားအမိနွစ္ေယာက္ရဲ့ Vlog ေလးကို ရင္ခုန္စြာနဲ့ ေစာင့္ေမွ်ာ္ေပးၾကပါဦး။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: beautybynaychi’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

နုပျိုလွန်းတဲ့ မေမေနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံမှာ ညီအစ်မတွေအလားထင်ရတယ်လို့ မှတ်ချက်ပေးခံနေရတဲ့ နေခြည်ဦး

ပရိသတ်တွေချစ်ကြတဲ့ နေခြည်ဦးကတော့ လူအာရုံစိုက်ခံရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ဟန်ဆောင်မှုမရှိပဲ ပွင့်လင်းသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေခြည်ဦးက သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ဖြစ်စေ၊ အလုပ်ကိစ္စတွေနဲ့ဖြစ်စေ ကိုယ်တိုင် ဦးစီးသူတစ်ယောက်ဖြစ်ပေမယ့် မိဘတွေရဲ့ အကြံဉာဏ်ကောင်းတွေကြောင့် ပိုလို့အောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။ နေခြည်ဦးရဲ့ မေမေ အန်တီဆွေကလည်း နေခြည်ဦးလိုပဲ စကားပြောပွင့်လင်းပြီး ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နေခြည်ဦးက သူမရဲ့ အသစ်ရိုက်ကူးမယ့် Vlog မှာ ပါဝင်အားဖြည့်ပေးထားတဲ့ မေမေ့ရဲ့အကြောင်းကို ပြောပြီး မေမေနဲ့အတူတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကို ပရိသတ်တွေဆီ ချပြလာခဲ့ပါတယ်။ ထိုဓာတ်ပုံမှာ နေခြည်ဦးရဲ့မေမေကလည်း အရမ်းကိုနုပျိုလွန်းနေပြီး သမီးဖြစ်သူ နေခြည်ဦးနဲ့ အပြိုင်လှပနေတာကြောင့် ပရိသတ်တွေက ညီအစ်မတွေလို့ ထင်ရတယ်ဆိုပြီး မှတ်ချက်အသီးသီးပေးခဲ့တာကို တွေ့ရပါတယ်။

နေခြည်ဦးကတော့ သူမရဲ့ မျက်နှာကို ပြုပြင်ခွဲစိတ်ထားမှုတွေရှိပေမယ့် သူမရဲ့ ပကတိမျက်နှာလေးကတော့ ပြောင်းလဲသွားခြင်းမရှိပဲ မေမေနဲ့ တစ်ထေရာတည်းတူတာပဲနော်။ ပရိသတ်ကြီးကလည်း ညီအစ်မတွေလို လှနေကြတဲ့ နေခြည်ဦးတို့ သားအမိနှစ်ယောက်ရဲ့ Vlog လေးကို ရင်ခုန်စွာနဲ့ စောင့်မျှော်ပေးကြပါဦး။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: beautybynaychi’s fb
Bilie: Cele Connections

error: Alert: Content is protected !!