



Source: Warso Moe Oo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

တစ်ယောက်နဲ့တစ်ယောက် ချစ်ကြည်နူးစွာနဲ့ Live လွှင့်နေတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးရဲ့ ပိုစ့်အောက်မှာ ရန်ဖြစ်ပြဖို့ တောင်းဆိုခဲ့တဲ့ G Fatt

လူငယ်ကြိုက် အဆိုတော်တစ်ယောက်ဖြစ်တဲ့ G Fatt က Rap သီချင်းတွေကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုရင်းနဲ့ ကျော်ကြားလာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ G Fatt က ပရိသတ်ခံစားချက်နဲ့တိုက်ဆိုင်တဲ့ သီချင်းတွေကို အဆက်မပြတ် ဖန်တီးနေပြီး အယ်လ်ဘမ်အသစ်တွေကိုလည်း ထွက်ရှိဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ သီချင်းဆိုကောင်းတဲ့အပြင် စိတ်ထားကောင်းပြီး ပျော်ပျော်နေတတ်တဲ့ G Fatt က ပရိသတ်တွေကြားထဲမှာ အချစ်ခံရဆုံး အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

ပျော်ပျော်နေတတ်တဲ့ G Fatt ကတော့ သူခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းတွေကိုလည်း အမြဲတမ်း စနောက်ကျီစယ်လေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း G Fatt က သူနဲ့ Frenzo Show တွေမှာ အတူတူ သီဆိုရင်း မောင်နှမတွေလို ခင်မင်ရင်းနှီးနေတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့နှစ်ယောက်ကို စနောက်ခဲ့တာကို တွေ့ရပါတယ်။ G Fattက တစ်ယောက်နဲ့တစ်ယောက် ချစ်ကြည်နူးစွာနဲ့ Live လွှင့်နေတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးရဲ့ ပိုစ့်အောက်မှာ ရန်ဖြစ်ပြဖို့ စနောက်တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

G Fatt ကတော့ Snare အဖွဲ့က ဖြိုးလေးနဲ့ ရှိုးပွဲတွေမှာ အတူတူဆုံရင်း ခင်မင်ရင်းနှီးနေသလို ဖြိုးလေးရဲ့ချစ်သူ ဝါဆိုမိုးဦးနဲ့လည်း ခင်မင်နေတာကြောင့် စနောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်သူတွေကြည်နူးနေတာကို မနာလိုစွာနဲ့ စနောက်တဲ့ FA လေး G Fatt ကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Warso Moe Oo’s fb
Bilie: Cele Connections

error: Alert: Content is protected !!