Idol ၾကီး ေနတိုးရဲ့အိမ္မွာ အတြဲညီညီနဲ့ ရိုက္ျဖစ္ခဲ့တဲ့ Tik Tok ဗီဒီယိုေလးကို ပရိသတ္ေတြဆီ ခ်ျပလာခဲ့တဲ့ နန္းဆုဦး

ဆြဲေဆာင္မႈရိွတဲ့ မ်က္ဝန္းတစ္စံုကို ပိုင္ဆိုင္ထားတဲ့ မင္းသမီးေခ်ာ နန္းဆုဦးကေတာ့ လူငယ္ပရိသတ္ေတြၾကားမွာ ေရပန္းစားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ နန္းဆုဦးက ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမ်ားစြာမွာ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး ေတးသီခ်င္းေတြကိုလည္း ကိုယ္တိုင္သီဆိုခဲ့ပါေသးတယ္။ ျပီးခဲ့တဲ့နွစ္ေတြမွာေတာ့ နန္းဆုဦးက အနုပညာအလုပ္ေတြနဲ့ ခဏတာ အဆက္အသြယ္ျပတ္ေတာက္သြားခဲ့ျပီး လက္ရိွမွာေတာ့ ပံုမွန္အတိုင္း အလုပ္ေတြကို လည္ပတ္လုပ္ကိုင္ေနျပီပဲ ျဖစ္ပါတယ္။

နိုင္ငံေက်ာ္ သရုပ္ေဆာင္တစ္ေယာက္ျဖစ္ေပမယ့္ သူမကိုယ္တိုင္လည္း ေလးစားအားက်ရတဲ့ အနုပညာရွင္ေတြမ်ားစြာရိွတဲ့ နန္းဆုဦးက မင္းသားေခ်ာ ေနတိုးကိုလည္း ခ်စ္ခင္ေလးစားျပီး အရမ္းၾကိဳက္နွစ္သက္တယ္လို့ ကိုယ္တိုင္ေျပာထားသူတစ္ဦး ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ နန္းဆုဦးက သူမရဲ့ Idol ၾကီး ေနတိုးနဲ့အတူတူ ရိုက္ျဖစ္ခဲ့တဲ့ Tik Tok ဗီဒီယိုေလးကို ေဖ့စ္ဘုတ္စာမ်က္နွာကေနတဆင့္ အခုလိုပဲ မွ်ေဝေပးလာပါတယ္။

နန္းဆုဦးနဲ့ ေနတိုးကေတာ့ ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမ်ားစြာမွာ အတူတူတြဲဖက္သရုပ္ေဆာင္ဖူးသလို အျပင္မွာလည္း ခင္မင္ရင္းနွီးၾကတဲ့ အနုပညာေမာင္နွမေတြပဲ ျဖစ္ၾကပါတယ္။ ပရိသတ္ၾကီးလည္း နန္းဆုနဲ့ ေနတိုးရဲ့ Tik Tok ဗီဒီယိုေလးကို သေဘာက်ၾကမယ္လို့ ေမွ်ာ္လင့္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nan Su Oo’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Idol ကြီး နေတိုးရဲ့အိမ်မှာ အတွဲညီညီနဲ့ ရိုက်ဖြစ်ခဲ့တဲ့ Tik Tok ဗီဒီယိုလေးကို ပရိသတ်တွေဆီ ချပြလာခဲ့တဲ့ နန်းဆုဦး

ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော နန်းဆုဦးကတော့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နန်းဆုဦးက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး တေးသီချင်းတွေကိုလည်း ကိုယ်တိုင်သီဆိုခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာတော့ နန်းဆုဦးက အနုပညာအလုပ်တွေနဲ့ ခဏတာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး လက်ရှိမှာတော့ ပုံမှန်အတိုင်း အလုပ်တွေကို လည်ပတ်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် သူမကိုယ်တိုင်လည်း လေးစားအားကျရတဲ့ အနုပညာရှင်တွေများစွာရှိတဲ့ နန်းဆုဦးက မင်းသားချော နေတိုးကိုလည်း ချစ်ခင်လေးစားပြီး အရမ်းကြိုက်နှစ်သက်တယ်လို့ ကိုယ်တိုင်ပြောထားသူတစ်ဦး ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နန်းဆုဦးက သူမရဲ့ Idol ကြီး နေတိုးနဲ့အတူတူ ရိုက်ဖြစ်ခဲ့တဲ့ Tik Tok ဗီဒီယိုလေးကို ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် အခုလိုပဲ မျှဝေပေးလာပါတယ်။

နန်းဆုဦးနဲ့ နေတိုးကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာမှာ အတူတူတွဲဖက်သရုပ်ဆောင်ဖူးသလို အပြင်မှာလည်း ခင်မင်ရင်းနှီးကြတဲ့ အနုပညာမောင်နှမတွေပဲ ဖြစ်ကြပါတယ်။ ပရိသတ်ကြီးလည်း နန်းဆုနဲ့ နေတိုးရဲ့ Tik Tok ဗီဒီယိုလေးကို သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nan Su Oo’s fb
Bilie: Cele Connections

error: Alert: Content is protected !!