



Source: Kyaw Thu’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

သြစတေးလျကနေပြီး အဘိုးကို ဆေးလှမ်းထိုးတဲ့ မြေးကြီးအကြောင်းကို သဘောကျစွာ ပြောလာတဲ့ ကျော်သူ

မင်းသားကြီး ကျော်သူကတော့ အနုပညာနဲ့ ပက်သတ်လာရင် ငယ်ငယ်လေးကတည်းက တော်တော်လေးကို ရူးသွပ်သူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ကျော်သူက သရုပ်ဆောင်တစ်ယောက်အပြင် ဒါရိုက်တာ၊ စာရေးဆရာတစ်ယောက်အဖြစ်လည်း ရပ်တည်နေပြီး ထိုနယ်ပယ်အသီးသီးမှာလည်း အောင်မြင်ကျော်ကြားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ကျော်သူက အသက် (၆၀) ကျော်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး မိသားစုတွေနဲ့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကျော်သူက သြစတေးလျကနေပြီး အဘိုးကို ဆေးလှမ်းထိုးတဲ့ မြေးကြီးအကြောင်းကို အခုလိုပဲ ပြောလာပါတယ်။ “ဩစီက မြေးကြီးရဲ့ ဆေးထိုးချက်။ သူ့ရဲ့ဆံပင်ရှည်ကြီးကို မေးစိမှာချည်ပြီး နူတ်ခမ်းမွှေးနဲ့မုတ်ဆိတ်လုပ်။နောက် ဘဘရဲ့ပုံဆိုပြီး အင်္ကျီထဲ ခေါင်းအုံးထည့်၊၊ အဲဒီ ဗိုက်ကြီးပူနေတဲ့ပုံမှာ အိုက်တင်လုပ် ပြပြီး ဓါတ်ပုံရိုက်။ ဓါတ်ပုံရိုက်ပြီး ကျွန် တော့်ထံပို့လိုက်တယ်လေ။မြေးကြီးရဲ့ဆေးထိုးချက်က ပြင်းပါ့။ ဒါပေမယ့် ကိုဗစ်ကြောင့် ဘဘဗိုက်အဲလောက်မရှိတော့ဘူးလို့ ယခုပုံတွေပြန်ပို့လိုက်ရပါတယ်ခင်ဗျ။” ဆိုပြီး မြေးကြီးလေးရဲ့ ဓာတ်ပုံကို ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

ကျော်သူကတော့ သူ့ပုံစံအတိုင်း လိုက်လုပ်နေတဲ့ မြေးကြီးကိုကြည့်ပြီး သဘောကျနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်သူရဲ့ မြေးလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Thu’s fb
Bilie: Cele Connections

error: Alert: Content is protected !!