ေမြးေန့မွာ လက္ဦးဆရာ ဂၽြန္လြင္ကို အိမ္တိုင္ရာေရာက္သြားျပီး ဂါရဝျပဳကန္ေတာ့ခဲ့တဲ့ “မာယာလွည့္ကြက္” မင္းသား မင္းဘုန္းျမတ္

လက္ရိွ MRTV-4 ရုပ္သံလိုင္းမွာ ထုတ္လႊင့္ျပသေနတဲ့ “မာယာလွည့္ကြက္” ဇာတ္လမ္းတြဲထဲက မင္းသားေခ်ာ မင္းဘုန္းျမတ္ကို ေတာ္ေတာ္မ်ားမ်ား သတိထားမိၾကမယ္ ထင္ပါတယ္။ ဒီကေန့ ေအာက္တိုဘာလ (၉) ရက္ေန့ကေတာ့ မင္းဘုန္းျမတ္ရဲ့ အသက္ (၂၃) နွစ္ျပည့္ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ မင္းဘုန္းျမတ္ကေတာ့ အနုပညာေလာကမွာ ေအာင္ျမင္စျပဳေနတဲ့ သရုပ္ေဆာင္တစ္ေယာက္ပီပီ ေမြးေန့မွာ ေက်းဇူးရိွသူ ဆရာသမားမ်ားကို ဂါရဝျပဳကန္ေတာ့ခဲ့သလို သူ့ကို အနုပညာလမ္းေၾကာင္းေပၚတင္ေပးခဲ့တဲ့ လက္ဦးဆရာ ဂၽြန္လြင္ကိုလည္း ဂါရဝျပဳကန္ေတာ့ခဲ့ပါတယ္။

“ဒီေန႔ MRTV-4 က “မာယာလွည့္ကြက္” ႐ုပ္သံဇာတ္လမ္းမွ ေခါင္းေဆာင္မင္းသား၊ Stars & Models Int’l မွ ေမြးထုတ္ထားတဲ့ အဆိုေတာ္ သ႐ုပ္ေဆာင္ မင္းဘုန္းျမတ္က သူ႔ရဲ႕ေမြးေန႔ကို ဘုရားပန္း၊ ပန္းသီးစိမ္းေတြနဲ႔ လာကန္ေတာ့ပါတယ္။ Happy Birthday per MinPhone Myat ေရ . . . အခုလို တကူးတက လာပို႔ေပးတဲ့အတြက္လည္း ဒီႏွစ္ေမြးေန႔ကစလို႔ ခ်စ္သူအသစ္ရွာေတြ႕ၿပီး မိသားစုကိုလုပ္ေကြၽးျပဳစုႏိုင္တဲ့ သားေကာင္းတစ္ေယာက္ျဖစ္ပါေစ။” ဆိုျပီး ေမြးေန့ရွင္ တပည့္ေလး မင္းဘုန္းျမတ္အတြက္ ေမြးေန့ဆုေတာင္းေပးထားပါတယ္။

ဂၽြန္လြင္ကေတာ့ သူ့ရဲ့ ေအဂ်င္စီကေန ေမြးထုတ္ေပးထားတဲ့ သားတပည့္ရဲ့ ေက်းဇူးသိတတ္ပံုကို ဝမ္းသာေနတာပဲ ျဖစ္ပါတယ္။ ေက်းဇူးရွင္ ဆရာသမားကို မေမ့ေလ်ာ့တဲ့ မင္းဘုန္းျမတ္လည္း ေမြးေန့ကစ ဒီထက္မက ေအာင္ျမင္မႈေတြမ်ားစြာကို ဆြတ္ခူးရရိွပိုင္ဆိုင္နိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: John Lwin’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မွေးနေ့မှာ လက်ဦးဆရာ ဂျွန်လွင်ကို အိမ်တိုင်ရာရောက်သွားပြီး ဂါရဝပြုကန်တော့ခဲ့တဲ့ “မာယာလှည့်ကွက်” မင်းသား မင်းဘုန်းမြတ်

လက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲထဲက မင်းသားချော မင်းဘုန်းမြတ်ကို တော်တော်များများ သတိထားမိကြမယ် ထင်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ (၉) ရက်နေ့ကတော့ မင်းဘုန်းမြတ်ရဲ့ အသက် (၂၃) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ မင်းဘုန်းမြတ်ကတော့ အနုပညာလောကမှာ အောင်မြင်စပြုနေတဲ့ သရုပ်ဆောင်တစ်ယောက်ပီပီ မွေးနေ့မှာ ကျေးဇူးရှိသူ ဆရာသမားများကို ဂါရဝပြုကန်တော့ခဲ့သလို သူ့ကို အနုပညာလမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့ လက်ဦးဆရာ ဂျွန်လွင်ကိုလည်း ဂါရဝပြုကန်တော့ခဲ့ပါတယ်။

“ဒီနေ့ MRTV-4 က “မာယာလှည့်ကွက်” ရုပ်သံဇာတ်လမ်းမှ ခေါင်းဆောင်မင်းသား၊ Stars & Models Int’l မှ မွေးထုတ်ထားတဲ့ အဆိုတော် သရုပ်ဆောင် မင်းဘုန်းမြတ်က သူ့ရဲ့မွေးနေ့ကို ဘုရားပန်း၊ ပန်းသီးစိမ်းတွေနဲ့ လာကန်တော့ပါတယ်။ Happy Birthday per MinPhone Myat ရေ . . . အခုလို တကူးတက လာပို့ပေးတဲ့အတွက်လည်း ဒီနှစ်မွေးနေ့ကစလို့ ချစ်သူအသစ်ရှာတွေ့ပြီး မိသားစုကိုလုပ်ကျွေးပြုစုနိုင်တဲ့ သားကောင်းတစ်ယောက်ဖြစ်ပါစေ။” ဆိုပြီး မွေးနေ့ရှင် တပည့်လေး မင်းဘုန်းမြတ်အတွက် မွေးနေ့ဆုတောင်းပေးထားပါတယ်။

ဂျွန်လွင်ကတော့ သူ့ရဲ့ အေဂျင်စီကနေ မွေးထုတ်ပေးထားတဲ့ သားတပည့်ရဲ့ ကျေးဇူးသိတတ်ပုံကို ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ ကျေးဇူးရှင် ဆရာသမားကို မမေ့လျော့တဲ့ မင်းဘုန်းမြတ်လည်း မွေးနေ့ကစ ဒီထက်မက အောင်မြင်မှုတွေများစွာကို ဆွတ်ခူးရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: John Lwin’s fb
Bilie: Cele Connections

error: Alert: Content is protected !!