အားကစားလုပ္တာေတာင္ တူမေလးကို ကိုယ္ေပၚကမခ်နိုင္ပဲ သည္းသည္းလႈပ္အခ်စ္ပိုေနတဲ့ ျခဴးေလး

ေနအဥၨာရာဆိုတဲ့ နာမည္ေလးနဲ႔ အႏုပညာေလာကထဲကို ဝင္ေရာက္လာတဲ့ ျခဴးေလးက “ပန္းႏုေသြး”၊ “ထာဝရမႏၱေလး”၊ “လူရည္ခၽြန္”၊ “ရသ၊ ေမာ္ကြန္း၊ အလကၤာ”၊ “ခ်စ္ရပါေသာေႏြ” စတဲ့ ဇာတ္လမ္းတြဲေတြနဲ႔ ေအာင္ျမင္လာသူ တစ္ဦးျဖစ္ပါတယ္။ ျခဴးေလးက ျပီးခဲ့တဲ့လပိုင္းကလည္း “သရဖူ” ဇာတ္လမ္းတြဲမွာ နန္းစႏၵာလွထြန္းနဲ့အတူတူ သရုပ္ေဆာင္ခဲ့ျပီး လက္ရိွအခ်ိန္ထိလည္း ေၾကာ္ျငာေတြ ေတာ္ေတာ္မ်ားမ်ားမွာ ေနရာယူထားနိုင္တဲ့ မင္းသမီးေလးတစ္လက္အျဖစ္ ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။

လက္ရိွမွာေတာ့ ကပ္ေရာဂါအေျခအေနေတြေၾကာင့္ အနုပညာအလုပ္ေတြ ရပ္နားျပီး အိမ္မွာပဲ အနားယူေနရတဲ့ ျခဴးေလးက သူမရဲ့ အားလပ္ခ်ိန္ေတာ္ေတာ္မ်ားမ်ားကို မိသားစုေတြနဲ့သာ အခ်ိန္ကုန္ဆံုးေနလ်က္ရိွပါတယ္။ ဒီကေန့မွာလည္း ျခဴးေလးက သူမရဲ့ တစ္ဦးတည္းေသာတူမေလးနဲ့ အားကစားလုပ္ေနတဲ့ ပံုရိပ္ေလးကို မွ်ေဝလာပါတယ္။ ျခဴးေလးက အားကစားလုပ္တာေတာင္ တူမေလးကို ကိုယ္ေပၚကမခ်နိုင္ပဲ သည္းသည္းလႈပ္အခ်စ္ပိုေနတာကို ပရိသတ္ၾကီးလည္း ေတြ့ျမင္ရမွာပဲ ျဖစ္ပါတယ္။

ျခဴးေလးကေတာ့ တစ္ကိုယ္တည္း Single တစ္ေယာက္ပီပီ သူမရဲ့အခ်စ္ေတြအားလံုးကို တူမေလးအေပၚ ပံုေအာေပးအပ္ထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ျခဴးေလးတို့ တူဝရီးနွစ္ေယာက္ရဲ့ ခ်စ္စဖြယ္ပံုရိပ္ေလးကို သေဘာက်ၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Chue Chue’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အားကစားလုပ်တာတောင် တူမလေးကို ကိုယ်ပေါ်ကမချနိုင်ပဲ သည်းသည်းလှုပ်အချစ်ပိုနေတဲ့ ခြူးလေး

နေအဉ္ဇာရာဆိုတဲ့ နာမည်လေးနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ ခြူးလေးက “ပန်းနုသွေး”၊ “ထာဝရမန္တလေး”၊ “လူရည်ချွန်”၊ “ရသ၊ မော်ကွန်း၊ အလင်္ကာ”၊ “ချစ်ရပါသောနွေ” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်လာသူ တစ်ဦးဖြစ်ပါတယ်။ ခြူးလေးက ပြီးခဲ့တဲ့လပိုင်းကလည်း “သရဖူ” ဇာတ်လမ်းတွဲမှာ နန်းစန္ဒာလှထွန်းနဲ့အတူတူ သရုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း ကြော်ငြာတွေ တော်တော်များများမှာ နေရာယူထားနိုင်တဲ့ မင်းသမီးလေးတစ်လက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကပ်ရောဂါအခြေအနေတွေကြောင့် အနုပညာအလုပ်တွေ ရပ်နားပြီး အိမ်မှာပဲ အနားယူနေရတဲ့ ခြူးလေးက သူမရဲ့ အားလပ်ချိန်တော်တော်များများကို မိသားစုတွေနဲ့သာ အချိန်ကုန်ဆုံးနေလျက်ရှိပါတယ်။ ဒီကနေ့မှာလည်း ခြူးလေးက သူမရဲ့ တစ်ဦးတည်းသောတူမလေးနဲ့ အားကစားလုပ်နေတဲ့ ပုံရိပ်လေးကို မျှဝေလာပါတယ်။ ခြူးလေးက အားကစားလုပ်တာတောင် တူမလေးကို ကိုယ်ပေါ်ကမချနိုင်ပဲ သည်းသည်းလှုပ်အချစ်ပိုနေတာကို ပရိသတ်ကြီးလည်း တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

ခြူးလေးကတော့ တစ်ကိုယ်တည်း Single တစ်ယောက်ပီပီ သူမရဲ့အချစ်တွေအားလုံးကို တူမလေးအပေါ် ပုံအောပေးအပ်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခြူးလေးတို့ တူဝရီးနှစ်ယောက်ရဲ့ ချစ်စဖွယ်ပုံရိပ်လေးကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chue Chue’s fb
Bilie: Cele Connections

error: Alert: Content is protected !!