လွည္းတန္းမွာငွက္ေရာင္းတဲ့အဘကို ေငြက်ပ္ (၁၁) သိန္းေက်ာ္လွဴဒါန္းျပီး ငွက္ေလးေတြမေရာင္းေတာ့ပါဘူးဆုိတဲ့ ကတိစကားကိုရရိွခဲ့တဲ့ ေနျခည္ဦး

ထူးျခားတဲ့ ပင္ကိုယ္စြမ္းရည္ေၾကာင့္ အႏုပညာေလာကမွာ တစ္ခဏအတြင္း ေအာင္ျမင္လာတဲ့ ေနျခည္ဦးက အခုဆိုရင္ ရုပ္ရွင္ဇာတ္ကားႀကီးေတြကို ဆက္တိုက္ဆိုသလို ရိုက္ကူးေနတာပဲ ျဖစ္ပါတယ္။ သရုပ္ေဆာင္အသစ္တစ္ေယာက္လို႔ မထင္ရေလာက္ေအာင္ သရုပ္ေဆာင္ေကာင္းလြန္းတဲ့ ေနျခည္ဦးဟာ အခ်ိန္တို ခဏေလးအတြင္း အနုပညာေလာကမွာ ေနရာတစ္ေနရာ အခုိင္အမာရရိွေနျပီပဲ ျဖစ္ပါတယ္။ အသက္ငယ္ငယ္ေလးနဲ့ ေအာင္ျမင္မႈေတြ အၾကီးအက်ယ္ရရိွေနတဲ့ ေနျခည္ဦးက လူငယ္တစ္ေယာက္ပီပီ အေပ်ာ္အပါးလည္းရိွသလို ဘာသာေရးနဲ့ ကုသိုလ္ေရးကိုလည္း မေမ့ေလ်ာ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ေနျခည္ဦးက လွည္တန္းမွာငွက္ေရာင္းတဲ့အဘကို ေငြက်ပ္ (၁၁) သိန္းေက်ာ္လွဴဒါန္းခဲ့တဲ့အေၾကာင္းကို သူမရဲ့ေဖ့စ္ဘုတ္ Story ကေနတဆင့္ အခုလိုပဲ ေျပာလာပါတယ္။ “Public မတင္ေတာ့ပါဘူးလို့ စဥ္းစားထားေပမယ့္ ခ်ီလီေတြေရာ အခုဖတ္ေနတဲ့သူေတြေရာ သိေစခ်င္လို့ပါ။ သြားလွဴေတာ့ ဦးေလးက အရမ္းေပ်ာ္ေနရွာတယ္။ ငွက္ေလးေတြလည္း မေရာင္းေတာ့ဘူးတဲ့။ ေရာင္းဖို့ယူလာတဲ့ ငွက္အေကာင္ (၅၀)ေလာက္လည္း တစ္ခါတည္း လႊတ္ေလးလိုက္ရွာတယ္။ သူမ်ားအသက္ေမြးဝမ္းေၾကာင္းအလုပ္ကို ေနျခည္မေဝဖန္ပါဘူး။ ဒါေပမယ့္ ေနျခည္တို့ သူငယ္ခ်င္းေတြစုျပီး လွဴလိုက္တဲ့အလွဴေၾကာင့္ အဖမ္းခံရမယ့္ ငွက္ကေလးေတြလည္း ဖမ္းဆီးခ်ဳပ္ေနွာင္ျခင္းဒဏ္က ေဝးရတယ္။ ဦးစိန္ျမင့္ဘဝလည္း ပိုမိုအဆင္ေျပသြားတယ္။ ဒီကုသိုလ္ထူးရလို့ ေနျခည္တို့လည္း အရမ္းေပ်ာ္ေနတယ္” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္ Story မွာ ပီတိျဖစ္စြာ ေျပာလာပါတယ္။

ေနျခည္ဦးကေတာ့ သူမတို့ သူငယ္ခ်င္းေတြရဲ့ အလွဴေၾကာင့္ ပီတိနွစ္မ်ိဳးကို တစ္ျပိဳင္တည္း ခံစားလိုက္ရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေနျခည္တို့ သူငယ္ခ်င္းေတြရဲ့ စုေပါင္းကုသုိလ္ေလးေၾကာင့္ တစ္စံုတစ္ေယာက္က ေျပာင္းလဲသြားတာကို ဝမ္းသာေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Chi Oo’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လှည်းတန်းမှာငှက်ရောင်းတဲ့အဘကို ငွေကျပ် (၁၁) သိန်းကျော်လှူဒါန်းပြီး ငှက်လေးတွေမရောင်းတော့ပါဘူးဆိုတဲ့ ကတိစကားကိုရရှိခဲ့တဲ့ နေခြည်ဦး

ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်ကြောင့် အနုပညာလောကမှာ တစ်ခဏအတွင်း အောင်မြင်လာတဲ့ နေခြည်ဦးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အသစ်တစ်ယောက်လို့ မထင်ရလောက်အောင် သရုပ်ဆောင်ကောင်းလွန်းတဲ့ နေခြည်ဦးဟာ အချိန်တို ခဏလေးအတွင်း အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာရရှိနေပြီပဲ ဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေ အကြီးအကျယ်ရရှိနေတဲ့ နေခြည်ဦးက လူငယ်တစ်ယောက်ပီပီ အပျော်အပါးလည်းရှိသလို ဘာသာရေးနဲ့ ကုသိုလ်ရေးကိုလည်း မမေ့လျော့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နေခြည်ဦးက လှည်တန်းမှာငှက်ရောင်းတဲ့အဘကို ငွေကျပ် (၁၁) သိန်းကျော်လှူဒါန်းခဲ့တဲ့အကြောင်းကို သူမရဲ့ဖေ့စ်ဘုတ် Story ကနေတဆင့် အခုလိုပဲ ပြောလာပါတယ်။ “Public မတင်တော့ပါဘူးလို့ စဉ်းစားထားပေမယ့် ချီလီတွေရော အခုဖတ်နေတဲ့သူတွေရော သိစေချင်လို့ပါ။ သွားလှူတော့ ဦးလေးက အရမ်းပျော်နေရှာတယ်။ ငှက်လေးတွေလည်း မရောင်းတော့ဘူးတဲ့။ ရောင်းဖို့ယူလာတဲ့ ငှက်အကောင် (၅၀)လောက်လည်း တစ်ခါတည်း လွှတ်လေးလိုက်ရှာတယ်။ သူများအသက်မွေးဝမ်းကြောင်းအလုပ်ကို နေခြည်မဝေဖန်ပါဘူး။ ဒါပေမယ့် နေခြည်တို့ သူငယ်ချင်းတွေစုပြီး လှူလိုက်တဲ့အလှူကြောင့် အဖမ်းခံရမယ့် ငှက်ကလေးတွေလည်း ဖမ်းဆီးချုပ်နှောင်ခြင်းဒဏ်က ဝေးရတယ်။ ဦးစိန်မြင့်ဘဝလည်း ပိုမိုအဆင်ပြေသွားတယ်။ ဒီကုသိုလ်ထူးရလို့ နေခြည်တို့လည်း အရမ်းပျော်နေတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် Story မှာ ပီတိဖြစ်စွာ ပြောလာပါတယ်။

နေခြည်ဦးကတော့ သူမတို့ သူငယ်ချင်းတွေရဲ့ အလှူကြောင့် ပီတိနှစ်မျိုးကို တစ်ပြိုင်တည်း ခံစားလိုက်ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်တို့ သူငယ်ချင်းတွေရဲ့ စုပေါင်းကုသိုလ်လေးကြောင့် တစ်စုံတစ်ယောက်က ပြောင်းလဲသွားတာကို ဝမ်းသာနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Chi Oo’s fb
Bilie: Cele Connections

error: Alert: Content is protected !!