ဒီကေန့မွာ အသက္ (၂၃) နွစ္ျပည့္သြားခဲ့ျပီဆိုတဲ့ “မာယာလွည့္ကြက္” ဇာတ္လမ္းတြဲက မင္းသားေခ်ာ မင္းဘုန္းျမတ္

အခုလက္ရိွ MRTV-4 ရုပ္သံလိုင္းမွာ ထုတ္လႊင့္ျပသေနတဲ့ “မာယာလွည့္ကြက္” ဇာတ္လမ္းတြဲကို ပရိသတ္ၾကီး ၾကည့္ရႈေနၾကေလာက္ျပီလို့ ထင္ပါတယ္။ “မာယာလွည့္ကြက္” ဇာတ္လမ္းတြဲက အခုဆိုရင္ အပိုင္း (၄) ပိုင္းသာ ထုတ္လႊင့္ျပသခဲ့ျပီးေပမယ့္ စီးပြားျပိဳင္ဘက္ မိသားစု (၂) စုနဲ့ အဏၰဝါမုန္း၊ အမရာ ဆိုတဲ့ ညီအစ္မနွစ္ေယာက္က ဘယ္လိုေတြ ပက္သတ္မႈေတြရိွေနလဲဆိုတာကို ျမွဳပ္ကြက္ေတြနဲ့ ပရိသတ္ စိတ္ဝင္စားေစခဲ့တာ ျဖစ္ပါတယ္။ ဇာတ္လမ္းဇာတ္အိမ္က ေတာင့္တင္းခိုင္မာသလို ပါဝင္က်တဲ့ သရုပ္ေဆာင္ေတြကလည္း အပိုအလိုမရိွ သရုပ္ေဆာင္ခဲ့တာေၾကာင့္ ေသေသသပ္သပ္နဲ့ ၾကည့္လို့ေကာင္းတဲ့ ဇာတ္လမ္းတြဲတစ္ခုပဲ ျဖစ္ပါတယ္။

ဒီကေန့ ေအာက္တိုဘာလ (၉) ရက္ေန့ကေတာ့ “မာယာလွည့္ကြက္” ဇာတ္လမ္းတြဲထဲက “ထူးျမတ္ပိုင္” ေနရာကေန သရုပ္ေဆာင္ထားတဲ့ မင္းသားေခ်ာ မင္းဘုန္းျမတ္ရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ မင္းဘုန္းျမတ္ကေတာ့ ဒီေန့မွာ သူ့ရဲ့ အသက္ (၂၃) နွစ္ျပည့္ေမြးေန့ျဖစ္ျပီး မိတ္ေဆြသူငယ္ခ်င္းေတြနဲ့ ပရိသတ္ေတြဆီက ေမြးေန့ဆုေတာင္းေတြနဲ့ အတူတူ ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။

မင္းဘုန္းျမတ္ကေတာ့ “မာယာလွည့္ကြက္” ဇာတ္လမ္းတြဲမွာ “သာလြန္ထူးျမတ္” ကုမၸဏီရဲ့ ဆက္ခံသူ သူေဌးသား ပညာတတ္တစ္ေယာက္အျဖစ္ သရုပ္ေဆာင္ထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း မင္းဘုန္းျမတ္ကို ဒီထက္ပိုျပီး အားေပးခ်စ္ခင္ေပးဖို့ ေတာင္းဆိုပါရေစေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: MinPhone Myat’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဒီကနေ့မှာ အသက် (၂၃) နှစ်ပြည့်သွားခဲ့ပြီဆိုတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲက မင်းသားချော မင်းဘုန်းမြတ်

အခုလက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲကို ပရိသတ်ကြီး ကြည့်ရှုနေကြလောက်ပြီလို့ ထင်ပါတယ်။ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲက အခုဆိုရင် အပိုင်း (၄) ပိုင်းသာ ထုတ်လွှင့်ပြသခဲ့ပြီးပေမယ့် စီးပွားပြိုင်ဘက် မိသားစု (၂) စုနဲ့ အဏ္ဏဝါမုန်း၊ အမရာ ဆိုတဲ့ ညီအစ်မနှစ်ယောက်က ဘယ်လိုတွေ ပက်သတ်မှုတွေရှိနေလဲဆိုတာကို မြှုပ်ကွက်တွေနဲ့ ပရိသတ် စိတ်ဝင်စားစေခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်က တောင့်တင်းခိုင်မာသလို ပါဝင်ကျတဲ့ သရုပ်ဆောင်တွေကလည်း အပိုအလိုမရှိ သရုပ်ဆောင်ခဲ့တာကြောင့် သေသေသပ်သပ်နဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၉) ရက်နေ့ကတော့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲထဲက “ထူးမြတ်ပိုင်” နေရာကနေ သရုပ်ဆောင်ထားတဲ့ မင်းသားချော မင်းဘုန်းမြတ်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ မင်းဘုန်းမြတ်ကတော့ ဒီနေ့မှာ သူ့ရဲ့ အသက် (၂၃) နှစ်ပြည့်မွေးနေ့ဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေဆီက မွေးနေ့ဆုတောင်းတွေနဲ့ အတူတူ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

မင်းဘုန်းမြတ်ကတော့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာ “သာလွန်ထူးမြတ်” ကုမ္ပဏီရဲ့ ဆက်ခံသူ သူဌေးသား ပညာတတ်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မင်းဘုန်းမြတ်ကို ဒီထက်ပိုပြီး အားပေးချစ်ခင်ပေးဖို့ တောင်းဆိုပါရစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: MinPhone Myat’s fb
Bilie: Cele Connections

error: Alert: Content is protected !!