စာသင္ေပးရတဲ့ေမေမ ပင္ပန္းရက်ိဳးနပ္ေအာင္ အဂၤလိပ္စာလံုးေတြကို ေသခ်ာခြဲျခားျပခဲ့တဲ့ ေခတ္နဲ့သစ္ရဲ့ဗီဒီယို
|ပရိသတ္ေတြအရမ္းခ်စ္ၾကတဲ့ အႏုပညာရွင္မိသားစုေလးျဖစ္တဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ မိသားစုေလးကေတာ့ ခ်စ္ရတဲ့အႏုပညာအလုပ္ေတြကို ေအးခ်မ္းစြာလုပ္ကိုင္ရင္း ခ်စ္စရာသမီးေလးေတြနဲ႔အတူ ဘဝကို ေအးခ်မ္းစြာ ျဖတ္သန္းေနတာပါ။ ခ်စ္သုေဝနဲ့ လင္းလင္းကေတာ့ အလုပ္ေတြမ်ားစြာကို ဦးစီးလုပ္ကိုင္ေနၾကသူမ်ားျဖစ္ေပမယ့္ သမီးေလးေတြကို အျမဲဦးစားေပးတတ္သူမ်ားျဖစ္ျပီး အားလပ္ခ်ိန္ေတာ္ေတာ္မ်ားမ်ားကိုလည္း သမီးေတြနဲ့အတူတူ ေဆာ့ကစားေပးရင္း ျဖတ္သန္းၾကသူမ်ား ျဖစ္ၾကပါတယ္။
မိခင္တစ္ဦးပီပီ သမီးေလးေတြကိုအရမ္းခ်စ္တဲ့ ေမေမခ်စ္သုေဝကေတာ့ မေန႔ညကပဲ ခ်စ္သမီးေလးေတြရဲ႕ လႈပ္ရွားမႈေလးေတြကို မွတ္တမ္းတင္ထားတဲ့ ခ်စ္စရာဗီဒီယိုေလးေတြကို သူမရဲ့ YouTube အေကာင့္ကေနျပီး ပရိသတ္ေတြအတြက္ ေဝမ်ွေပးထားတာပဲ ျဖစ္ပါတယ္။ ေခတ္ေလးနဲ့ သစ္ေလးကေတာ့ အဂၤလိပ္ဗ်ည္းအကၡရာေလးေတြကို ေသခ်ာခြဲျခားျပျပီး ေမေမက ေတာ္တယ္လုိ့ေျပာတဲ့အခ်ိန္တိုင္းမွာ သေဘာက်ၾကတာကို အခုလိုပဲ ေတြ့ရပါတယ္။
ေခတ္နဲ့သစ္ကေတာ့ ေက်ာင္းတက္ေနတုန္းအခ်ိန္မွာပဲ ကပ္ေရာဂါဆိုးၾကီးေၾကာင့္ ေက်ာင္းနားထားရျပီး ေနအိမ္မွာပဲ စာေတြကို သင္ယူေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေခတ္နဲ့သစ္ရဲ့ ဗီဒီယိုေလးကို သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
Source: Chit Thu Wai’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္
စာသင်ပေးရတဲ့မေမေ ပင်ပန်းရကျိုးနပ်အောင် အင်္ဂလိပ်စာလုံးတွေကို သေချာခွဲခြားပြခဲ့တဲ့ ခေတ်နဲ့သစ်ရဲ့ဗီဒီယို
ပရိသတ်တွေအရမ်းချစ်ကြတဲ့ အနုပညာရှင်မိသားစုလေးဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုလေးကတော့ ချစ်ရတဲ့အနုပညာအလုပ်တွေကို အေးချမ်းစွာလုပ်ကိုင်ရင်း ချစ်စရာသမီးလေးတွေနဲ့အတူ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပါ။ ချစ်သုဝေနဲ့ လင်းလင်းကတော့ အလုပ်တွေများစွာကို ဦးစီးလုပ်ကိုင်နေကြသူများဖြစ်ပေမယ့် သမီးလေးတွေကို အမြဲဦးစားပေးတတ်သူများဖြစ်ပြီး အားလပ်ချိန်တော်တော်များများကိုလည်း သမီးတွေနဲ့အတူတူ ဆော့ကစားပေးရင်း ဖြတ်သန်းကြသူများ ဖြစ်ကြပါတယ်။
မိခင်တစ်ဦးပီပီ သမီးလေးတွေကိုအရမ်းချစ်တဲ့ မေမေချစ်သုဝေကတော့ မနေ့ညကပဲ ချစ်သမီးလေးတွေရဲ့ လှုပ်ရှားမှုလေးတွေကို မှတ်တမ်းတင်ထားတဲ့ ချစ်စရာဗီဒီယိုလေးတွေကို သူမရဲ့ YouTube အကောင့်ကနေပြီး ပရိသတ်တွေအတွက် ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ခေတ်လေးနဲ့ သစ်လေးကတော့ အင်္ဂလိပ်ဗျည်းအက္ခရာလေးတွေကို သေချာခွဲခြားပြပြီး မေမေက တော်တယ်လို့ပြောတဲ့အချိန်တိုင်းမှာ သဘောကျကြတာကို အခုလိုပဲ တွေ့ရပါတယ်။
ခေတ်နဲ့သစ်ကတော့ ကျောင်းတက်နေတုန်းအချိန်မှာပဲ ကပ်ရောဂါဆိုးကြီးကြောင့် ကျောင်းနားထားရပြီး နေအိမ်မှာပဲ စာတွေကို သင်ယူနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Chit Thu Wai’s fb
Bilie: Cele Connections