ခ်စ္သူရဲရင့္ေအာင္ရဲ့ ေတာင္းဆိုခ်က္အရ သူ့ရဲ့သီခ်င္းေလးနဲ့ လိုက္ဖက္ေအာင္ ၾကိဳးစားျပီးကျပခဲ့တဲ့ ဧျငိမ္းျဖဴ

ခ်စ္စရာေကာင္းျပီး ဆြဲေဆာင္မႈအျပည့္နဲ့ မ်က္နွာေလးကို ပိုင္ဆိုင္ထားသူ ဧျငိမ္းျဖဴကေတာ့ အသံဇာတ္လမ္းတြဲေတြမွာ ပါဝင္သရုပ္ေဆာင္ရင္း ေအာင္ျမင္လာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ရုပ္ရွင္ဇာတ္ကားၾကီးေတြမွာလည္း ေခါင္းေဆာင္မင္းသမီးအျဖစ္ ပါဝင္သရုပ္ေဆာင္ေနတဲ့ ဧျငိမ္းျဖဴက အကပညာကိုလည္း ေတာ္ေတာ္ေလး ဝါသနာပါသူျဖစ္ျပီး Cover Dance ဗီဒီယိုေလးေတြကိုလည္း ပရိသတ္ေတြဆီကို မၾကာခဏ ခ်ျပေလ့ရိွတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ သူမနဲ့ အဆိုေတာ္ ရဲရင့္ေအာင္ရဲ့ အခ်စ္ေရးေလးကလည္း ပရိသတ္ေတြၾကားမွာ နာမည္ၾကီးတဲ့ အခ်စ္ဇာတ္လမ္းေလးတစ္ပုဒ္အျဖစ္ ထင္ရွားတာပဲ ျဖစ္ပါတယ္။

တစ္ေယာက္နဲ့တစ္ေယာက္ ပံ့ပိုးေပးမႈေတြအျမဲတမ္းရိွတဲ့ ခ်စ္သူေကာင္းေတြပီပီ ဒီတစ္ခါမွာလည္း ဧျငိမ္းျဖဴက ရဲရင့္ေအာင္ရဲ့ ေနာက္ဆံုးထြက္ “GOAT” Album ထဲက သီခ်င္းေလးတစ္ပုဒ္နဲ့ ကျပထားတာကို ေတြ့ရပါတယ္။ ဧျငိမ္းျဖဴက “အဆိုေတာ္ႀကီးရဲ႕ေတာင္းဆိုခ်က္အရ ကလိုက္ပါၿပီရွင္ 😛 A က Choreograph မလုပ္တတ္ေပမယ့္ ဒီသီခ်င္းေလးမို႔ ကိုယ္တိုင္ႀကိဳးစားလုပ္ၾကည့္ထားတယ္။ ဒီသီခ်င္းေလးကို ယူတို႔႐ိုက္တာလဲ ျမင္ခ်င္တယ္။ ႐ိုက္ျဖစ္ရင္ လာ ment ေပးအုံးေနာ္ ၾကည့္ခ်င္လို႔ 😍” ဆိုျပီး သူမရဲ့ ဗီဒီယိုေလးကို ေဖ့စ္ဘုတ္စာမ်က္နွာကေနတဆင့္ မွ်ေဝေပးထားပါတယ္။

ဧျငိမ္းျဖဴကေတာ့ ရဲရင့္ေအာင္ရဲ့ Don’t Do Dat ဆိုတဲ့ သီခ်င္းေလးနဲ့ လိုက္ဖက္ညီတဲ့ ကကြက္ေလးေတြသံုးျပီး ကျပထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ရဲရင့္ေအာင္ရဲ့သီခ်င္းေလးနဲ့ ဧျငိမ္းျဖဴရဲ့ကကြက္ေလးေတြကို ပူးတြဲခံစားခ်င္ရင္ ဧျငိမ္းျဖဴရဲ့ ေဖ့စ္ဘုတ္ေပ့ခ်္ေလးမွာ ၾကည့္ရႈနိုင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: A Nyein Phyu’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ချစ်သူရဲရင့်အောင်ရဲ့ တောင်းဆိုချက်အရ သူ့ရဲ့သီချင်းလေးနဲ့ လိုက်ဖက်အောင် ကြိုးစားပြီးကပြခဲ့တဲ့ ဧငြိမ်းဖြူ

ချစ်စရာကောင်းပြီး ဆွဲဆောင်မှုအပြည့်နဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားသူ ဧငြိမ်းဖြူကတော့ အသံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အောင်မြင်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်နေတဲ့ ဧငြိမ်းဖြူက အကပညာကိုလည်း တော်တော်လေး ဝါသနာပါသူဖြစ်ပြီး Cover Dance ဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေဆီကို မကြာခဏ ချပြလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမနဲ့ အဆိုတော် ရဲရင့်အောင်ရဲ့ အချစ်ရေးလေးကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်အဖြစ် ထင်ရှားတာပဲ ဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးပေးမှုတွေအမြဲတမ်းရှိတဲ့ ချစ်သူကောင်းတွေပီပီ ဒီတစ်ခါမှာလည်း ဧငြိမ်းဖြူက ရဲရင့်အောင်ရဲ့ နောက်ဆုံးထွက် “GOAT” Album ထဲက သီချင်းလေးတစ်ပုဒ်နဲ့ ကပြထားတာကို တွေ့ရပါတယ်။ ဧငြိမ်းဖြူက “အဆိုတော်ကြီးရဲ့တောင်းဆိုချက်အရ ကလိုက်ပါပြီရှင် 😛 A က Choreograph မလုပ်တတ်ပေမယ့် ဒီသီချင်းလေးမို့ ကိုယ်တိုင်ကြိုးစားလုပ်ကြည့်ထားတယ်။ ဒီသီချင်းလေးကို ယူတို့ရိုက်တာလဲ မြင်ချင်တယ်။ ရိုက်ဖြစ်ရင် လာ ment ပေးအုံးနော် ကြည့်ချင်လို့ 😍” ဆိုပြီး သူမရဲ့ ဗီဒီယိုလေးကို ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် မျှဝေပေးထားပါတယ်။

ဧငြိမ်းဖြူကတော့ ရဲရင့်အောင်ရဲ့ Don’t Do Dat ဆိုတဲ့ သီချင်းလေးနဲ့ လိုက်ဖက်ညီတဲ့ ကကွက်လေးတွေသုံးပြီး ကပြထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရဲရင့်အောင်ရဲ့သီချင်းလေးနဲ့ ဧငြိမ်းဖြူရဲ့ကကွက်လေးတွေကို ပူးတွဲခံစားချင်ရင် ဧငြိမ်းဖြူရဲ့ ဖေ့စ်ဘုတ်ပေ့ချ်လေးမှာ ကြည့်ရှုနိုင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: A Nyein Phyu’s fb
Bilie: Cele Connections

error: Alert: Content is protected !!