ခဲအိုျဖစ္သူ ကိုတိုးခိုင္ရဲ့သီခ်င္းေလးနဲ့ ကိုယ္တိုင္ သရုပ္ေဆာင္ျပီး အစအဆံုးဖန္တီးခဲ့တဲ့ ဗီဒီယိုေလးကို မွ်ေဝလာတဲ့ အိျႏၵာေက်ာ္ဇင္

ပရိသတ္ေတြခ်စ္ျကတဲ့ မင္းသမီးေခ်ာေလး အိျႏၵာေက်ာ္ဇင္က ျမန္မာနိုင္ငံရဲ့ ဒိတ္ဒိတ္ၾကဲမင္းသမီးတစ္လက္ျဖစ္ျပီး အကယ္ဒမီဆုၾကီး (၂) ဆုကို ထိုက္ထုိက္တန္တန္ ဆြတ္ခူးရရိွထားသူပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ အိျႏၵာေက်ာ္ဇင္က လာမယ့္ အကယ္ဒမီဆုေပးပြဲၾကီးမွာလည္း အေကာင္းဆံုးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရိွနိုင္ဖို့ ထိပ္ဆံုးကေန တစ္ေျပးေနသူတစ္ေယာက္ပါပဲ။ အိျႏၵာေက်ာ္ဇင္ကေတာ့ အနုပညာလုပ္ငန္းေတြကို လုပ္ကိုင္ေနရင္း အခ်ိန္ေတြမွ်တစြာေပးျပီး ခ်စ္ရတဲ့ မိသားစုေလးကိုလည္း ဂရုစိုက္ေစာင့္ေရွာက္ေနတဲ့ အိမ္ေထာင္ရွင္မတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ အိျႏၵာေက်ာ္ဇင္က သူမရဲ့အစ္မ ဒီဇိုင္နာအိေက်ာ္ဇင္ရဲ့ခင္ပြန္း အဆိုေတာ္တိုးခိုင္ရဲ့ သီခ်င္းေလးကိုနားေထာင္ျပီး ကိုယ္တိုင္အစအဆံုးရိုက္ျဖစ္ခဲ့တဲ့ ဗီဒီယိုေလးကို မွ်ေဝေပးလာပါတယ္။ အိျႏၵာေက်ာ္ဇင္က “ကိုတိုးခိုင္ရဲ႕မင္းမူေစ ဆိုတဲ့ သီခ်င္းေလးကို နားေထာင္ၿပီး အူဝဲ ကိုယ့္ဘာကိုယ္ ႐ိုက္ၿပီး edit ထားတဲ့video ေလးေပါ့ေနာ္။ မင္းသမီးလဲ ကိုယ္ပဲ။ Setting crew လဲ ကိုယ္ပဲ။ Camera man လဲ ကိုယ္ပဲ။ မီးထိုးမွန္ထိုးလဲ ကိုယ္ပဲ။ Editing လဲ ကိုယ္ပါပဲလို႔….ခ်စ္ေသာ ပရိသတ္ႀကီးကေရာ ၾကည့္ၿပီး သေဘာက်လားဆိုတာေလး အေမာေျပေျပာခဲ့ေပးၾကဦးေနာ့ ☺️☺️” ဆိုျပီး သူမရဲ့ ဗီဒီယိုေလးကို အခုလိုပဲ မွ်ေဝေပးလာပါတယ္။

အိျႏၵာေက်ာ္ဇင္ကေတာ့ သရုပ္ေဆာင္ေကာင္းရံုသာမကပဲ ဗီီဒီယိုတစ္ခု အစအဆံုးထြက္ရိွလာဖို့လည္း လုပ္တတ္တာ အရမ္းေတာ္တာပဲေနာ္။ ပရိသတ္ၾကီးလည္း သီခ်င္းေလးနဲ့ လိုက္ဖက္လြန္းတဲ့ အိျႏၵာေက်ာ္ဇင္ရဲ့ ဗီဒီယိုေလးကို သေဘာက်ၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Eaindra Kyaw Zin’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ခဲအိုဖြစ်သူ ကိုတိုးခိုင်ရဲ့သီချင်းလေးနဲ့ ကိုယ်တိုင် သရုပ်ဆောင်ပြီး အစအဆုံးဖန်တီးခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေလာတဲ့ အိန္ဒြာကျော်ဇင်

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်လက်ဖြစ်ပြီး အကယ်ဒမီဆုကြီး (၂) ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားသူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒြာကျော်ဇင်က လာမယ့် အကယ်ဒမီဆုပေးပွဲကြီးမှာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိနိုင်ဖို့ ထိပ်ဆုံးကနေ တစ်ပြေးနေသူတစ်ယောက်ပါပဲ။ အိန္ဒြာကျော်ဇင်ကတော့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း အချိန်တွေမျှတစွာပေးပြီး ချစ်ရတဲ့ မိသားစုလေးကိုလည်း ဂရုစိုက်စောင့်ရှောက်နေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အိန္ဒြာကျော်ဇင်က သူမရဲ့အစ်မ ဒီဇိုင်နာအိကျော်ဇင်ရဲ့ခင်ပွန်း အဆိုတော်တိုးခိုင်ရဲ့ သီချင်းလေးကိုနားထောင်ပြီး ကိုယ်တိုင်အစအဆုံးရိုက်ဖြစ်ခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေပေးလာပါတယ်။ အိန္ဒြာကျော်ဇင်က “ကိုတိုးခိုင်ရဲ့မင်းမူစေ ဆိုတဲ့ သီချင်းလေးကို နားထောင်ပြီး အူဝဲ ကိုယ့်ဘာကိုယ် ရိုက်ပြီး edit ထားတဲ့video လေးပေါ့နော်။ မင်းသမီးလဲ ကိုယ်ပဲ။ Setting crew လဲ ကိုယ်ပဲ။ Camera man လဲ ကိုယ်ပဲ။ မီးထိုးမှန်ထိုးလဲ ကိုယ်ပဲ။ Editing လဲ ကိုယ်ပါပဲလို့….ချစ်သော ပရိသတ်ကြီးကရော ကြည့်ပြီး သဘောကျလားဆိုတာလေး အမောပြေပြောခဲ့ပေးကြဦးနော့ ☺️☺️” ဆိုပြီး သူမရဲ့ ဗီဒီယိုလေးကို အခုလိုပဲ မျှဝေပေးလာပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ သရုပ်ဆောင်ကောင်းရုံသာမကပဲ ဗီဒီယိုတစ်ခု အစအဆုံးထွက်ရှိလာဖို့လည်း လုပ်တတ်တာ အရမ်းတော်တာပဲနော်။ ပရိသတ်ကြီးလည်း သီချင်းလေးနဲ့ လိုက်ဖက်လွန်းတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Eaindra Kyaw Zin’s fb
Bilie: Cele Connections

error: Alert: Content is protected !!