HIV ေရာဂါနဲ့ ဆံုးပါးသြားရွာတဲ့ သမီးေလးအတြက္ သက္ေပ်ာက္ဆြမ္းကပ္ရင္း စိတ္မေကာင္းဝမ္းနည္းရေၾကာင္းေျပာလာတဲ့ ခိုင္နွင္းေဝ

ပရဟိတမင္းသမီး ခိုင္နွင္းေဝကေတာ့ သူမရဲ့ “ခိုင္နွင္းေဝရင္ေသြးေလးမ်ားေဂဟာ”ကေနျပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိဘေတြနဲ့ ခြဲခြာရတဲ့ ကေလးေတြကို ေခၚယူေစာင့္ေရွာက္ထားတာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ စက္တင္ဘာလ (၁၀) ရက္ေန့တုန္းကလည္း ခိုင္နွင္းေဝက HIV ေရာဂါေၾကာင့္ ကြယ္လြန္သြားခဲ့တဲ့ မိဘနွစ္ပါးရဲ့ ရင္ေသြးေလးကို ေခၚယူေစာင့္ေရွာက္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ သမီးေလးက ကံမေကာင္းစြာနဲ့ HIV ေရာဂါပိုးကူးစက္ခံထားရတဲ့အျပင္ တီဘီေရာဂါပါရိွေနတာေၾကာင့္ ေဆးရံုတက္ေနရတာ အခ်ိန္အေတာ္ၾကာရိွျပီပဲ ျဖစ္ပါတယ္။

မေန့က ေအာက္တိုဘာလ (၇) ရက္ေန့မွာေတာ့ သမီးေလးက သူ့ရဲ့ေရာဂါေတြကို မတြန္းလွန္နိုင္ေတာ့ပဲ လူ့ေလာကထဲက ထြက္ခြာသြားခဲ့ျပီျဖစ္တဲ့အေၾကာင္းကို ခိုင္နွင္းေဝက အခုလိုပဲ ေျပာျပလာပါတယ္။ “သမီးေလး ဆံုးသြားပါျပီရွင္.😞😞ေမြးရာပါ တီဘီေရာဂါ ၊HIVေရာဂါ ေၾကာင့္ မေန႔ညက (၁၁:၂၇)မိႏွစ္မွာပဲ ရန္ကင္းကေလးေဆးရံုႀကီးမွာ ဆံုးသြားပါတယ္။ သမီးေလး အတြက္ သက္ေပ်ာက္ဆြမ္း ကပ္ေပးၿပီး ေရစက္ခ် အမွ်ေဝေပးခ့ဲပါတယ္။ ေကာင္းရာမြန္ရာ ေရာက္ရွိပါေစ။ ေနာင္သံသရာမွာ ျပန္ေတြ႕ခ့ဲရင္ ဒီလို အျဖစ္မ်ဳိးန႔ဲ မေတြ႕ရပါေစန႔ဲလို႔ ဆုေတာင္းပါတယ္ သမီးေရ…အမွ် အမွ် အမွ် 🙏🏼🙏🏼🙏🏼” ဆိုျပီး သမီးေလးအတြက္ သက္ေပ်ာက္ဆြမ္းကပ္ျဖစ္တဲ့အေၾကာင္းကို ေျပာလာပါတယ္။

ခိုင္နွင္းေဝကေတာ့ သူမဆီေရာက္ရိွလာတာ တစ္လေတာင္မျပည့္ေသးတဲ့ သမီးေလးကို ေတြ့ဆံုရတဲ့အခ်ိန္ခဏေလးအတြင္းမွာပဲ ေတာ္ေတာ္ေလးသံေယာဇဥ္ျဖစ္ခဲ့ျပီး သမီးေလး ဆံုးပါးသြားရွာတဲ့အခ်ိန္မွာလည္း ေတာ္ေတာ္ေလး စိတ္ထိခိုက္ဝမ္းနည္းေနရတာပဲ ျဖစ္ပါတယ္။ သမီးေလးလည္း ေနာက္ဘဝေတြမွာ ဒီလိုအျဖစ္ဆိုးေတြနဲ့ မၾကံဳဆံုရပါေစနဲ့လို့ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Khine Hnin Wai ‘s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

HIV ရောဂါနဲ့ ဆုံးပါးသွားရှာတဲ့ သမီးလေးအတွက် သက်ပျောက်ဆွမ်းကပ်ရင်း စိတ်မကောင်းဝမ်းနည်းရကြောင်းပြောလာတဲ့ ခိုင်နှင်းဝေ

ပရဟိတမင်းသမီး ခိုင်နှင်းဝေကတော့ သူမရဲ့ “ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ”ကနေပြီး အကြောင်းအမျိုးမျိုးကြောင့် မိဘတွေနဲ့ ခွဲခွာရတဲ့ ကလေးတွေကို ခေါ်ယူစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၀) ရက်နေ့တုန်းကလည်း ခိုင်နှင်းဝေက HIV ရောဂါကြောင့် ကွယ်လွန်သွားခဲ့တဲ့ မိဘနှစ်ပါးရဲ့ ရင်သွေးလေးကို ခေါ်ယူစောင့်ရှောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သမီးလေးက ကံမကောင်းစွာနဲ့ HIV ရောဂါပိုးကူးစက်ခံထားရတဲ့အပြင် တီဘီရောဂါပါရှိနေတာကြောင့် ဆေးရုံတက်နေရတာ အချိန်အတော်ကြာရှိပြီပဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၇) ရက်နေ့မှာတော့ သမီးလေးက သူ့ရဲ့ရောဂါတွေကို မတွန်းလှန်နိုင်တော့ပဲ လူ့လောကထဲက ထွက်ခွာသွားခဲ့ပြီဖြစ်တဲ့အကြောင်းကို ခိုင်နှင်းဝေက အခုလိုပဲ ပြောပြလာပါတယ်။ “သမီးလေး ဆုံးသွားပါပြီရှင်.😞😞မွေးရာပါ တီဘီရောဂါ ၊HIVရောဂါ ကြောင့် မနေ့ညက (၁၁:၂၇)မိနှစ်မှာပဲ ရန်ကင်းကလေးဆေးရုံကြီးမှာ ဆုံးသွားပါတယ်။ သမီးလေး အတွက် သက်ပျောက်ဆွမ်း ကပ်ပေးပြီး ရေစက်ချ အမျှဝေပေးခဲ့ပါတယ်။ ကောင်းရာမွန်ရာ ရောက်ရှိပါစေ။ နောင်သံသရာမှာ ပြန်တွေ့ခဲ့ရင် ဒီလို အဖြစ်မျိုးနဲ့ မတွေ့ရပါစေနဲ့လို့ ဆုတောင်းပါတယ် သမီးရေ…အမျှ အမျှ အမျှ 🙏🏼🙏🏼🙏🏼” ဆိုပြီး သမီးလေးအတွက် သက်ပျောက်ဆွမ်းကပ်ဖြစ်တဲ့အကြောင်းကို ပြောလာပါတယ်။

ခိုင်နှင်းဝေကတော့ သူမဆီရောက်ရှိလာတာ တစ်လတောင်မပြည့်သေးတဲ့ သမီးလေးကို တွေ့ဆုံရတဲ့အချိန်ခဏလေးအတွင်းမှာပဲ တော်တော်လေးသံယောဇဉ်ဖြစ်ခဲ့ပြီး သမီးလေး ဆုံးပါးသွားရှာတဲ့အချိန်မှာလည်း တော်တော်လေး စိတ်ထိခိုက်ဝမ်းနည်းနေရတာပဲ ဖြစ်ပါတယ်။ သမီးလေးလည်း နောက်ဘဝတွေမှာ ဒီလိုအဖြစ်ဆိုးတွေနဲ့ မကြုံဆုံရပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khine Hnin Wai ‘s fb
Bilie: Cele Connections

error: Alert: Content is protected !!