ဧရာဝတီစင္တာက ဆရာဝန္၊ သူနာျပဳနဲ့ ေစတနာ့ဝန္ထမ္းေတြကို အားအင္အျပည့္နဲ့အလုပ္လုပ္နိုင္ဖို့ စားေသာက္ဖြယ္ရာမ်ား လွဴဒါန္းေပးခဲ့တဲ့ တိုင္ရြန္

မင္းသားေခ်ာ တိုင္ရြန္ကေတာ့ ေမာ္ဒယ္သရုပ္ေဆာင္တစ္ေယာက္အျဖစ္ အနုပညာေလာကမွာ ေတာက္ပသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ မိန္းကေလးတိုင္း ေၾကြေလာက္စရာ ရုပ္ရည္မ်ိဳးကို ပိုင္ဆိုင္ထားသလို စိတ္သေဘာထားလည္း ေကာင္းမြန္ျပည့္စံုတဲ့ တိုင္ရြန္ကေတာ့ လက္ရိွ ကိုဗစ္ကာလမွာ သူတတ္နိုင္သေလာက္ ဒါနကုသိုလ္၊ လုပ္အားကုသုိလ္ေတြကို ျပဳလုပ္ေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒီကေန့ ေအာက္တိုဘာလ (၈) ရက္ေန့မွာလည္း တိုင္ရြန္က သူ့ရဲ့ သူငယ္ခ်င္းေတြနဲ့အတူတူ ဧရာဝတီစင္တာက က်န္းမာေရးဝန္ထမ္းေတြအတြက္ စားေသာက္ဖြယ္ရာမ်ား လွဴဒါန္းေပးျဖစ္ခဲ့တဲ့အေၾကာင္းကို အခုလိုပဲ ေျပာလာပါတယ္။

“ယေန႔ကေတာ့ ကြၽန္ေတာ္တို႔ သူငယ္ခ်င္းသုံးေယာက္ သုဝဏၰကြင္း ဧရာဝတီစင္တာမွ ဆရာဝန္၊သူနာျပဳ၊Volunteers အေယာက္ (၁၀၀) စာ အတြက္ မာလာရွမ္းေကာ၊အေအး၊ေရခဲမုန္႔ တို႔အား သြားေရာက္လႉဒါန္းေပးျဖစ္ပါတယ္။ မ်ားမ်ားစားၿပီး အားရွိေအာင္ေနၾကပါလို႔ ေက်းဇူးလည္းတင္ပါတယ္။ 🙏🏽🥰” ဆိုျပီး ဓာတ္ပံုဆရာ ရဲဟိန္း၊ DJ ၾသရ တို့နဲ့အတူတူ ျပဳလုပ္ခဲ့တဲ့ စုေပါင္းအလွဴေလးကို သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးလာပါတယ္။

တိုင္ရြန္ကေတာ့ သူတတ္နိုင္တဲ့ အင္အားနဲ့ လိုအပ္တဲ့ေနရာေတြမွာ ေထာင့္ေစ့ေအာင္ လွဴဒါန္းကုသိုလ္ျပဳေနသူတစ္ေယာက္ ျဖစ္ပါတယ္။ တိုင္ရြန္တစ္ေယာက္ ဒီထက္မက အမ်ားအက်ိဳးကို သယ္ပိုးေဆာင္ရြက္နိုင္သူတစ္ေယာက္ ျဖစ္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Tyron Bejay ‘s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဧရာဝတီစင်တာက ဆရာဝန်၊ သူနာပြုနဲ့ စေတနာ့ဝန်ထမ်းတွေကို အားအင်အပြည့်နဲ့အလုပ်လုပ်နိုင်ဖို့ စားသောက်ဖွယ်ရာများ လှူဒါန်းပေးခဲ့တဲ့ တိုင်ရွန်

မင်းသားချော တိုင်ရွန်ကတော့ မော်ဒယ်သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကမှာ တောက်ပသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မိန်းကလေးတိုင်း ကြွေလောက်စရာ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသလို စိတ်သဘောထားလည်း ကောင်းမွန်ပြည့်စုံတဲ့ တိုင်ရွန်ကတော့ လက်ရှိ ကိုဗစ်ကာလမှာ သူတတ်နိုင်သလောက် ဒါနကုသိုလ်၊ လုပ်အားကုသိုလ်တွေကို ပြုလုပ်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ (၈) ရက်နေ့မှာလည်း တိုင်ရွန်က သူ့ရဲ့ သူငယ်ချင်းတွေနဲ့အတူတူ ဧရာဝတီစင်တာက ကျန်းမာရေးဝန်ထမ်းတွေအတွက် စားသောက်ဖွယ်ရာများ လှူဒါန်းပေးဖြစ်ခဲ့တဲ့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“ယနေ့ကတော့ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် သုဝဏ္ဏကွင်း ဧရာဝတီစင်တာမှ ဆရာဝန်၊သူနာပြု၊Volunteers အယောက် (၁၀၀) စာ အတွက် မာလာရှမ်းကော၊အအေး၊ရေခဲမုန့် တို့အား သွားရောက်လှူဒါန်းပေးဖြစ်ပါတယ်။ များများစားပြီး အားရှိအောင်နေကြပါလို့ ကျေးဇူးလည်းတင်ပါတယ်။ 🙏🏽🥰” ဆိုပြီး ဓာတ်ပုံဆရာ ရဲဟိန်း၊ DJ သြရ တို့နဲ့အတူတူ ပြုလုပ်ခဲ့တဲ့ စုပေါင်းအလှူလေးကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

တိုင်ရွန်ကတော့ သူတတ်နိုင်တဲ့ အင်အားနဲ့ လိုအပ်တဲ့နေရာတွေမှာ ထောင့်စေ့အောင် လှူဒါန်းကုသိုလ်ပြုနေသူတစ်ယောက် ဖြစ်ပါတယ်။ တိုင်ရွန်တစ်ယောက် ဒီထက်မက အများအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူတစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Tyron Bejay ‘s fb
Bilie: Cele Connections

error: Alert: Content is protected !!