



Source: Yone Lay’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

သူများတွေ ပဲရစ်ကဓာတ်ပုံတွေ အပြိုင်အဆိုင်တင်နေကြချိန် ဘန်ကောက်မှာ ဘောင်းဘီတိုဝတ် ဂျပန်ဖိနပ်စီးပြီးလျှောက်သွားခဲ့ပုံကို မျှဝေလာတဲ့ ယုန်လေး

အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင်တစ်ဦးအနေနဲ့ ပရိသတ်တွေရဲ့အားပေးလက်ခံခြင်းကို အပြည့်အဝရရှိထားတဲ့ ယုန်လေးကတော့ စိတ်ထားကောင်းပြီး အားနည်းသူကို ကူညီတတ်တဲ့ အနုပညာရှင်တစ်ဦးပါ။ လတ်တလောမှာလည်း သူတတ်နိုင်သလောက် ပရဟိတအလုပ်တွေလုပ်ရင်း အွန်လိုင်းကြော်ငြာလေးတွေ ရိုက်ကူးနေဖြစ်တဲ့ ယုန်လေးက ဝေဖန်မှုတွေကို ကြံ့ကြံ့ခံရင်း အေးအေးဆေးဆေးသာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

အမြဲတမ်းပျော်ပျော်နေတတ်တဲ့ ယုန်လေးက ဒီကနေ့မှာတော့ သူများတွေ ပဲရစ်ကဓာတ်ပုံတွေ အပြိုင်အဆိုင်တင်နေကြချိန်မှာ ဘန်ကောက်မှာ ဘောင်းဘီတိုဝတ် ဂျပန်ဖိနပ်စီးပြီးလျှောက်သွားခဲ့ပုံကို အခုလိုပဲ ပြောလာပါတယ်။ “ပါရီတွေ Paris တွေ တင်နေကျလို့ 🗼🛕 ပါရီတွေ Paris တွေ တော့မရောက်ဖူးဘူး 🤣 လွန်ခဲ့တဲ့ ၅ နှစ်လောက်က BKK မှာ ဒီပုံနဲ့ လျောက်သွားလို့တဲ့ 🤣🤣🤣 သူငယ်ချင်းတွေ ဝိုင်းကောကျတယ် 🤣 အခြေနေတော်တော်ဆိုးတယ်တဲ့ 🤣”ဆိုပြီး သူငယ်ချင်းတွေ ပြောရလောက်တဲ့အထိ ဟန်ဆောင်မှုမရှိတဲ့ သူ့ရဲ့ ဝတ်ပုံစားပုံကို ပြသလာပါတယ်။

ယုန်လေးကတော့ နိုင်ငံကျော် အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် အေးအေးဆေးဆေးနဲ့ ဟန်ဆောင်မှုကင်းကင်းနေတတ်သူတစ်ယောက်ဖြစ်တာကို တော်တော်များများလည်း သိပြီးသား ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yone Lay’s fb
Bilie: Cele Connections

error: Alert: Content is protected !!