ပင္ပင္ပန္းပန္းနဲ့ ၾကက္ကင္စားဖို့ ေမွ်ာ္လင့္တၾကီးေစာင့္ဆိုင္းခဲ့ေပမယ့္ ေနာက္ဆံုးမွာ စားေတာင္မစားလိုက္ရဘူးဆိုတဲ့ လြင္မိုးတို့ ေျမးအဖိုးနွစ္ေယာက္ရဲ့အျဖစ္

နိုင္ငံေက်ာ္ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ လြင္မိုးကေတာ့ ရုပ္ရွင္၊ ဗီဒီယိုဇာတ္ကားေတြေၾကာင့္သာမက သူ့ရဲ့ ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုေလးေၾကာင့္လည္း ပရိသတ္ စိတ္ဝင္စား အားေပးမႈကို ခံရတဲ့ မင္းသားတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အသက္အရြယ္တစ္ခုေရာက္ရိွလာခ်ိန္မွာ အနုပညာအလုပ္ေတြထက္ မိသားစုကိုသာ ပိုမိုအခ်ိန္ေပးျဖစ္ေနတဲ့ လြင္မိုးက လက္ရိွ ကိုဗစ္ကာလမွာလည္း အလုပ္ေတြထက္ မိသားစုေလးနဲ့သာ အခ်ိန္ကုန္ဆံုးေနတာပဲ ျဖစ္ပါတယ္။

ကိုဗစ္ေၾကာင့္ အိမ္ထဲကအိမ္ျပင္မထြက္ရတဲ့ လြင္မိုးက ဒီကေန့မွာေတာ့ ပင္ပင္ပန္းပန္းနဲ့ ၾကက္ကင္ျပီး “ဟူး….ပင္ပန္းလိုက္တာ လမ္း​ေဘးၾကက္ကင္​…ေတြ႕လို႔က​ေတာ့ ​ေကာင္း​ေကာင္းမ​ေကာင္း​ေကာင္း ​ေစ်းမဆစ္ဘူး..တစ္ခါတည္းဝယ္စားပစ္မယ္” ဆိုျပီး ေျမးေလး Liam ကို ေပါင္ေပၚတင္ျပီး ေမွ်ာ္လင့္တၾကီးေစာင့္ဆိုင္းခဲ့ေပမယ့္ ေနာက္ဆံုးမွာ ယြန္းနဒီလြင္မိုးက အကုန္စားသြားခဲ့တာေၾကာင့္ ေျမးအဖိုးနွစ္ေယာက္ စားေတာင္မစားလုိက္ရဘူးဆိုျပီး ဘြားဘြားေမသူက ေျပာျပလာခဲ့ပါတယ္။

လြင္မိုးတို့ ေျမးအဖိုးကေတာ့ အျပင္စာေတြ ဝယ္စားဖို့ ခက္ခဲေနတဲ့အခ်ိန္မွာ ၾကက္သားကင္စားဖို့ ေစာင့္စားခဲ့ေပမယ့္ ေနာက္ဆံုးမွာေတာ့ ဒီဒီးေလး လက္ခ်က္မိျပီး မစားလိုက္ရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း လြင္မိုးတို့ မိသားစုရဲ့အျဖစ္ကိုၾကည့္ျပီး သေဘာက်ၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Lwin Moe’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပင်ပင်ပန်းပန်းနဲ့ ကြက်ကင်စားဖို့ မျှော်လင့်တကြီးစောင့်ဆိုင်းခဲ့ပေမယ့် နောက်ဆုံးမှာ စားတောင်မစားလိုက်ရဘူးဆိုတဲ့ လွင်မိုးတို့ မြေးအဖိုးနှစ်ယောက်ရဲ့အဖြစ်

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ လွင်မိုးကတော့ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေကြောင့်သာမက သူ့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကြောင့်လည်း ပရိသတ် စိတ်ဝင်စား အားပေးမှုကို ခံရတဲ့ မင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာ အနုပညာအလုပ်တွေထက် မိသားစုကိုသာ ပိုမိုအချိန်ပေးဖြစ်နေတဲ့ လွင်မိုးက လက်ရှိ ကိုဗစ်ကာလမှာလည်း အလုပ်တွေထက် မိသားစုလေးနဲ့သာ အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

ကိုဗစ်ကြောင့် အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့ လွင်မိုးက ဒီကနေ့မှာတော့ ပင်ပင်ပန်းပန်းနဲ့ ကြက်ကင်ပြီး “ဟူး….ပင်ပန်းလိုက်တာ လမ်းဘေးကြက်ကင်…တွေ့လို့ကတော့ ကောင်းကောင်းမကောင်းကောင်း ဈေးမဆစ်ဘူး..တစ်ခါတည်းဝယ်စားပစ်မယ်” ဆိုပြီး မြေးလေး Liam ကို ပေါင်ပေါ်တင်ပြီး မျှော်လင့်တကြီးစောင့်ဆိုင်းခဲ့ပေမယ့် နောက်ဆုံးမှာ ယွန်းနဒီလွင်မိုးက အကုန်စားသွားခဲ့တာကြောင့် မြေးအဖိုးနှစ်ယောက် စားတောင်မစားလိုက်ရဘူးဆိုပြီး ဘွားဘွားမေသူက ပြောပြလာခဲ့ပါတယ်။

လွင်မိုးတို့ မြေးအဖိုးကတော့ အပြင်စာတွေ ဝယ်စားဖို့ ခက်ခဲနေတဲ့အချိန်မှာ ကြက်သားကင်စားဖို့ စောင့်စားခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဒီဒီးလေး လက်ချက်မိပြီး မစားလိုက်ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လွင်မိုးတို့ မိသားစုရဲ့အဖြစ်ကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Lwin Moe’s fb
Bilie: Cele Connections

error: Alert: Content is protected !!