



ယူနီကုဒ်ဖြင့်ဖတ်ရန်

တစ်သားမွေးတစ်သွေးလှဆိုတဲ့စကားအတိုင်း ကလေးနှစ်ယောက်မေမေဖြစ်သွားပေမယ့် အပျိုတုန်းကထက် ပိုလှလာတဲ့ ချောရတနာ

ရှင်းလင်းတဲ့ မျက်နှာပေါက်လေးနဲ့ အရမ်းလှတဲ့ မင်းသမီးချောလေး ချောရတနာကတော့ မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ ချောရတနာက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး “ဥ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ချောရတနာက သူမဝါသနာပါမြတ်နိုးတဲ့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်မိခင်ဖြစ်သွားပေမယ့် အပျိုတုန်းကအတိုင်း ပြောင်းလဲမသွားပဲနဲ့ ပိုလို့တောင် တည်ငြိမ်လှပလာတဲ့ ချောရတနာက ဒီတစ်ခါမှာတော့ သူမရဲ့ ငယ်ဘဝအမှတ်တရပုံရိပ်လေးနဲ့ လက်ရှိပုံလေးကို ယှဉ်တွဲပြီး ပြသလာပါတယ်။ ချောရတနာက “ငယ်ငယ်ကပါးဖောင်းနဲ့ အခု ပုံလေး 😁” ဆိုပြီး အသက် ဆယ်နှစ်ကျော်လောက်ကွာဟတဲ့ သူမရဲ့ ပုံရိပ်ကို ပရိသတ်တွေအတွက် မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။

ချောရတနာကတော့ တစ်သားမွေး တစ်သွေးလှဆိုတဲ့ စကားအတိုင်း ကလေးနှစ်ယောက် မွေးဖွားပြီးမှ ပိုလို့တောင်လှလာတာပဲနော်။ ပရိသတ်ကြီးကလည်း ချောရတနာကို အရင်ကအတိုင်း ချစ်ခင်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chaw Yadanar’s fb
Bilie: Cele Connections

error: Alert: Content is protected !!