Positive လူနာအျဖစ္ ေဆးရံု၊ ကိုဗစ္စင္တာေတြမွာ သြားေရာက္ေနထိုင္ရမယ့္လူေတြအတြက္ သူ့ရဲ့အေတြ့အၾကံဳေတြကို ေဝမွ်ေပးလာတဲ့ ေမာင္

သရုပ္ေဆာင္ ေမာင္ကေတာ့ အနုပညာေလာကကေန အနားယူခဲ့တာ နွစ္ေပါင္းအေတာ္ၾကာျပီဆိုေပမယ့္ သူ့ရဲ့ခ်စ္သူ ရီရီပြင့္ျဖဴနဲ့အတူတူ Vlog ေလးေတြရိုက္ရင္း ပရိသတ္ေတြနဲ့ ထိေတြ့ေနဆဲ ျဖစ္ပါတယ္။ ေမာင္ကေတာ့ အနုပညာအလုပ္ေတြ ရပ္နားလိုက္ခ်ိန္မွာေတာ့ သူ့လိုခ်င္တဲ့ ပညာေရးပန္းတိုင္တစ္ခုဆီ အေရာက္သြားခဲ့ျပီး ဆရာဝန္တစ္ေယာက္အျဖစ္လည္း ေဆးကုသခြင့္လိုင္စင္ကို ျပန္လည္ေလွ်ာက္ထားခဲ့ျပီပဲ ျဖစ္ပါတယ္။ ဒီေန့မွာေတာ့ ေမာင္က သူကိုယ္တိုင္ Covid-19 လူနာအျဖစ္ ေနထိုင္ခဲ့ရစဥ္က အေတြ့အၾကံဳေတြကို အခုလိုပဲ မွ်ေဝေပးလာပါတယ္။

“ဒီစာေလးကေတာ့ ကိုဗစ္ ျဖစ္ၿပီး ေဆး႐ုံ သို႔မဟုတ္ ကုသေရးစင္တာမွာျဖစ္ျဖစ္ ေရာက္ေနတဲ့သူေတြအတြက္ပါ။ ကြၽန္ေတာ္ကိုယ္တိုင္ ဧရာဝတီစင္တာမွာ ေဆးကုသခံခဲ့စဥ္က ႀကဳံေတြ႕ရတာေလးေတြပါ။ တာဝန္ရွိသူေတြက အင္းတိုက္အားတိုက္ ေဆာင္႐ြက္ေပးၾကတဲ့အေပၚ လူနာေတြဘက္ကလည္း စည္းကမ္းလိုက္နာမႈ႕ေလးေတြရွိမယ္ဆို ကူညီရာေရာက္ပါတယ္။ – အစားအေသာက္ကိစၥ.. စင္တာေတြမွာ လူနာေတြကို တေန႔ ထမင္း၃နပ္အျပင္ ေရသန္႔နဲ႔ မုန္႔ေတြပါ ေပးပါတယ္။ ထမင္းဆိုလည္း တစ္ေယာက္စာကိုဝဝလင္လင္စားလို႔ရေအာင္လုံေလာက္ေအာင္ေပးပါတယ္။ လူနာနဲ႔ ေစတနာဝန္ထမ္း ေတြထိေတြ႕မႈ႕နည္းေအာင္ အေရွ႕စားပြဲေပၚမွာပဲ လူအေရတြက္နဲ႔ ခ်ေပးခဲ့တာပါ။ အဲ့လိုအခါမ်ိဳးမွာ ကိုယ့္တစ္ေယာက္စာကိုပဲ ယူေပးေစခ်င္ပါတယ္။ ကိုယ္ကဦးလို႔ပဲဆိုၿပီး ေလာဘနဲ႔ ေန႔ဖို႔ညစာေတြပိုယူတဲ့အခါက် ေနာက္လူေတြမရတာမ်ိဳးျဖစ္ရပါတယ္။ အဲ့လိုအခါမ်ိဳးေတြမွာဆို အျပင္ကလူေတြဆီထပ္ေတာင္းရ။ PPE တခါဝတ္ရ…ေနာက္တခါလာထက္ေပးရတာေတြဟာ ေတာ္ေတာ္ကို အလုပ္ပိုေစတယ္လို႔ျမင္မိပါတယ္။”

“- အမႈိက္ကိစၥ.. Positive လူနာေတြဆီက ထြက္လာတဲ့အမႈိက္ေတြက အႏၲရာယ္အရမ္းမ်ားပါတယ္။ ဒါေတြကို ေစတနာဝန္ထမ္းေတြကသိမ္းေပး ျပစ္ေပးရတာပါ။ အမႈိက္ေတြကိုျဖစ္သလို ပစ္တာမ်ိဳးမလုပ္ဘဲ သပ္သပ္ရပ္ရပ္ထုတ္ပိုးၿပီး ပစ္ေပးသင့္ပါတယ္။ maskေတြ၊ လက္အိတ္ေတြ၊ စားႂကြင္းစားက်န္ဆိုလည္း အဖုံးေလးေသခ်ာပိတ္ၿပီး အမႈိက္အိတ္နဲ႔လုံေအာင္ထုတ္ပိုးၿပီး ပစ္ေပးမယ္ဆို သိမ္းရတဲ့ေတြအတြက္ အရမ္းကိုအဆင္ေျပမွာပါ။ – အညစ္အေၾကးစြန္႔တဲ့ကိစၥ.. ကြၽန္ေတာ္ အထဲမွာ ျမင္ေတြ႕ခဲ့ရသေလာက္ အမ်ိဳးသားေတြက ညဘက္ဆီးသြားခ်င္ရင္ ေရသန္႔ဘူးနဲ႔အလြယ္သြားတတ္ၾကတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စုေပါင္းအိမ္သာက အေဆာင္ရဲ႕အျပင္ဘက္အေဝးမွာေရာက္ေနလို႔ပါ။ ဒါေပမယ့္စြန္႔ပစ္တဲ့အခါမွာ အိမ္သာထဲမွာေသခ်ာသြန္ၿပီးေဆးေၾကာသင့္ပါတယ္။ အမႈိက္ထဲ ဆီးဘူးေတြပစ္ေတာ့ သိမ္းရတဲ့သူေတြကို အားနာဖို႔ေကာင္းသလို မေတာ္တဆ ေမွာက္က် ဖိတ္က်ခဲ့ရင္လည္း ေတာ္ေတာ္စိတ္ပ်က္စရာေကာင္းပါတယ္”

“- အခန္းရွင္းတဲ့ကိစၥ.. ဘယ္သူကမွတာဝန္မေပးထားေပမယ့္ ကိုယ္ျပန္တဲ့အခါ ကိုယ့္အခန္းေလးကိုလာခဲ့စဥ္ကအတိုင္း ျပန္ရွင္းေပးခဲ့မယ္ဆို တျခားသူေတြအတြက္အလုပ္ရႈတ္ေတာ္ေတာ္သက္သာသြားမွာပါ။ ကြၽန္ေတာ္တို႔တုန္းကေတာ့ ျပန္သြားတဲ့သူေတြရဲ႕အခန္းေတြကို က်န္ခဲ့တဲ့သူေတြစုရွင္းခဲ့ပါတယ္။ မဟုတ္ရင္ေတာ့ Volunteerေတြက PPEဝတ္ၿပီးလာရွင္းရမွာပါ။ တေယာက္ခ်င္းဆီက ကိုယ့္တာဝန္ကိုယ္ယူတာကေတာ့ အေကာင္းဆုံးပါပဲ။ – လူနာခ်င္း႐ိုင္းပင္းျခင္းကိစၥ.. ကိုဗစ္လူနာေတြမွာ လူနာေစာင့္မရွိပါဘူး။ အားလုံးကိုယ္ထူကိုယ္ထပါပဲ။ အဲ့ေတာ့ေနေကာင္းက်န္းမာေနတဲ့ သူက ဖ်ားနာေနတဲ့သူ ေမာေနတဲ့လူနာေတြကို ျပန္ကူညီေပးဖို႔လိုပါတယ္။ အစိုးရကေရာ အလႉရွင္ေတြကေရာ အကုန္ပူးေပါင္းၿပီး ကိုဗစ္ကိုတိုက္ထုတ္တဲ့ေနရာမွာ လူနာေတြကလည္း ပါဝင္ေပးမွရမွာပါ။ ငါကလူနာပဲဆိုၿပီ အျပစ္ထိုင္တင္ၿပီး အခန္႔သားေနလို႔မရပါဘူး။ စည္းကမ္းလိုက္နာမွရပါမယ္။ ျမန္မာႏိုင္ငံႀကီးအျမန္ဆုံးကိုဗစ္ဒဏ္ကေနကင္းေဝးႏိုင္ပါေစ” ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: SEIN PHYO & YI’s fb
Bilie: Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Positive လူနာအဖြစ် ဆေးရုံ၊ ကိုဗစ်စင်တာတွေမှာ သွားရောက်နေထိုင်ရမယ့်လူတွေအတွက် သူ့ရဲ့အတွေ့အကြုံတွေကို ဝေမျှပေးလာတဲ့ မောင်

သရုပ်ဆောင် မောင်ကတော့ အနုပညာလောကကနေ အနားယူခဲ့တာ နှစ်ပေါင်းအတော်ကြာပြီဆိုပေမယ့် သူ့ရဲ့ချစ်သူ ရီရီပွင့်ဖြူနဲ့အတူတူ Vlog လေးတွေရိုက်ရင်း ပရိသတ်တွေနဲ့ ထိတွေ့နေဆဲ ဖြစ်ပါတယ်။ မောင်ကတော့ အနုပညာအလုပ်တွေ ရပ်နားလိုက်ချိန်မှာတော့ သူ့လိုချင်တဲ့ ပညာရေးပန်းတိုင်တစ်ခုဆီ အရောက်သွားခဲ့ပြီး ဆရာဝန်တစ်ယောက်အဖြစ်လည်း ဆေးကုသခွင့်လိုင်စင်ကို ပြန်လည်လျှောက်ထားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မောင်က သူကိုယ်တိုင် Covid-19 လူနာအဖြစ် နေထိုင်ခဲ့ရစဉ်က အတွေ့အကြုံတွေကို အခုလိုပဲ မျှဝေပေးလာပါတယ်။

“ဒီစာလေးကတော့ ကိုဗစ် ဖြစ်ပြီး ဆေးရုံ သို့မဟုတ် ကုသရေးစင်တာမှာဖြစ်ဖြစ် ရောက်နေတဲ့သူတွေအတွက်ပါ။ ကျွန်တော်ကိုယ်တိုင် ဧရာဝတီစင်တာမှာ ဆေးကုသခံခဲ့စဉ်က ကြုံတွေ့ရတာလေးတွေပါ။ တာဝန်ရှိသူတွေက အင်းတိုက်အားတိုက် ဆောင်ရွက်ပေးကြတဲ့အပေါ် လူနာတွေဘက်ကလည်း စည်းကမ်းလိုက်နာမှု့လေးတွေရှိမယ်ဆို ကူညီရာရောက်ပါတယ်။ – အစားအသောက်ကိစ္စ.. စင်တာတွေမှာ လူနာတွေကို တနေ့ ထမင်း၃နပ်အပြင် ရေသန့်နဲ့ မုန့်တွေပါ ပေးပါတယ်။ ထမင်းဆိုလည်း တစ်ယောက်စာကိုဝဝလင်လင်စားလို့ရအောင်လုံလောက်အောင်ပေးပါတယ်။ လူနာနဲ့ စေတနာဝန်ထမ်း တွေထိတွေ့မှု့နည်းအောင် အရှေ့စားပွဲပေါ်မှာပဲ လူအရေတွက်နဲ့ ချပေးခဲ့တာပါ။ အဲ့လိုအခါမျိုးမှာ ကိုယ့်တစ်ယောက်စာကိုပဲ ယူပေးစေချင်ပါတယ်။ ကိုယ်ကဦးလို့ပဲဆိုပြီး လောဘနဲ့ နေ့ဖို့ညစာတွေပိုယူတဲ့အခါကျ နောက်လူတွေမရတာမျိုးဖြစ်ရပါတယ်။ အဲ့လိုအခါမျိုးတွေမှာဆို အပြင်ကလူတွေဆီထပ်တောင်းရ။ PPE တခါဝတ်ရ…နောက်တခါလာထက်ပေးရတာတွေဟာ တော်တော်ကို အလုပ်ပိုစေတယ်လို့မြင်မိပါတယ်။”

“- အမှိုက်ကိစ္စ.. Positive လူနာတွေဆီက ထွက်လာတဲ့အမှိုက်တွေက အန္တရာယ်အရမ်းများပါတယ်။ ဒါတွေကို စေတနာဝန်ထမ်းတွေကသိမ်းပေး ပြစ်ပေးရတာပါ။ အမှိုက်တွေကိုဖြစ်သလို ပစ်တာမျိုးမလုပ်ဘဲ သပ်သပ်ရပ်ရပ်ထုတ်ပိုးပြီး ပစ်ပေးသင့်ပါတယ်။ maskတွေ၊ လက်အိတ်တွေ၊ စားကြွင်းစားကျန်ဆိုလည်း အဖုံးလေးသေချာပိတ်ပြီး အမှိုက်အိတ်နဲ့လုံအောင်ထုတ်ပိုးပြီး ပစ်ပေးမယ်ဆို သိမ်းရတဲ့တွေအတွက် အရမ်းကိုအဆင်ပြေမှာပါ။ – အညစ်အကြေးစွန့်တဲ့ကိစ္စ.. ကျွန်တော် အထဲမှာ မြင်တွေ့ခဲ့ရသလောက် အမျိုးသားတွေက ညဘက်ဆီးသွားချင်ရင် ရေသန့်ဘူးနဲ့အလွယ်သွားတတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ စုပေါင်းအိမ်သာက အဆောင်ရဲ့အပြင်ဘက်အဝေးမှာရောက်နေလို့ပါ။ ဒါပေမယ့်စွန့်ပစ်တဲ့အခါမှာ အိမ်သာထဲမှာသေချာသွန်ပြီးဆေးကြောသင့်ပါတယ်။ အမှိုက်ထဲ ဆီးဘူးတွေပစ်တော့ သိမ်းရတဲ့သူတွေကို အားနာဖို့ကောင်းသလို မတော်တဆ မှောက်ကျ ဖိတ်ကျခဲ့ရင်လည်း တော်တော်စိတ်ပျက်စရာကောင်းပါတယ်”

“- အခန်းရှင်းတဲ့ကိစ္စ.. ဘယ်သူကမှတာဝန်မပေးထားပေမယ့် ကိုယ်ပြန်တဲ့အခါ ကိုယ့်အခန်းလေးကိုလာခဲ့စဉ်ကအတိုင်း ပြန်ရှင်းပေးခဲ့မယ်ဆို တခြားသူတွေအတွက်အလုပ်ရှုတ်တော်တော်သက်သာသွားမှာပါ။ ကျွန်တော်တို့တုန်းကတော့ ပြန်သွားတဲ့သူတွေရဲ့အခန်းတွေကို ကျန်ခဲ့တဲ့သူတွေစုရှင်းခဲ့ပါတယ်။ မဟုတ်ရင်တော့ Volunteerတွေက PPEဝတ်ပြီးလာရှင်းရမှာပါ။ တယောက်ချင်းဆီက ကိုယ့်တာဝန်ကိုယ်ယူတာကတော့ အကောင်းဆုံးပါပဲ။ – လူနာချင်းရိုင်းပင်းခြင်းကိစ္စ.. ကိုဗစ်လူနာတွေမှာ လူနာစောင့်မရှိပါဘူး။ အားလုံးကိုယ်ထူကိုယ်ထပါပဲ။ အဲ့တော့နေကောင်းကျန်းမာနေတဲ့ သူက ဖျားနာနေတဲ့သူ မောနေတဲ့လူနာတွေကို ပြန်ကူညီပေးဖို့လိုပါတယ်။ အစိုးရကရော အလှူရှင်တွေကရော အကုန်ပူးပေါင်းပြီး ကိုဗစ်ကိုတိုက်ထုတ်တဲ့နေရာမှာ လူနာတွေကလည်း ပါဝင်ပေးမှရမှာပါ။ ငါကလူနာပဲဆိုပြီ အပြစ်ထိုင်တင်ပြီး အခန့်သားနေလို့မရပါဘူး။ စည်းကမ်းလိုက်နာမှရပါမယ်။ မြန်မာနိုင်ငံကြီးအမြန်ဆုံးကိုဗစ်ဒဏ်ကနေကင်းဝေးနိုင်ပါစေ” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: SEIN PHYO & YI’s fb
Bilie: Cele Connections

error: Alert: Content is protected !!