



Source: Htoo Khant
ယူနီကုတ်ဖြင့်ဖတ်ရန်

” ရိုက်ပေးတဲ့ပုံတိုင်းမလှရင်စိတ်ကောက်တတ်တဲ့ဇနီးဖြစ်သူရွှေမှုံကြောင့် ကြိုးစားပမ်းစားနဲ့ ဒုက္ခခံကာ ရိုက်ပေးရတဲ့ သူ့အဖြစ်ကို ပြောပြလာတဲ့ ရွှေထူး”

CeleConnectionsပရိသတ်ကြီးရေ ရွှေထူးကတော့ သီချင်းအေးအေးလေးတွေနဲ့ ယောကျာ်လေးမိန်းကလေးပရိသတ်မရွေးနှစ်သက်သဘောကျရတဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ ရွှေထူးကတော့ခုနောက်ပိုင်းမှာ အဆိုအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါသရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

ရွှေထူးလို့ပြောလိုက်တာနဲ့ ရွှေမှုံကိုတွဲမြင်ကြမယ်ထင်ပါတယ်နော်။ ရွှေနှစ်ရွှေကတော့ တစ်ယောက်နဲ့တစ်ယောက်သည်းသည်းလှုပ်ချစ်ကြတဲ့ ရိုမတ်တစ်ဆန်တဲ့အနုပညာရှင်စုံတွဲတွေထဲကတစ်တွဲပါပဲနော်။ မျက်စိအောက်ကအပျောက်မခံချစ်ကြတဲ့ဇနီးမောင်နှံကတော့ အခုချိန်မှာ ရွှေထူးကလည်းသူ့ရဲ့ဂီတအပိုင်းကို ရွှေမှုံကို သင်ကြားပေးကာ လက်တွဲခေါ်ပေးနေတာပဲ ဖြစ်ပါတယ်။

ရွှေနှစ်ရွှေစုံတွဲကတော့ တကယ့်ကို ရိုမန့်တစ်ဆန်တဲ့ အနုပညာဇနီးမောင်နှံအဖြစ် ပရိသတ်တွေက သတ်မှတ်ထားခဲ့ကြတာပါ။ အခုလည်း ချစ်စရာကောင်းလွန်းတဲ့ရွှေမှုံရဲ့ ပုံလေးတွေကို ရွှေထူးကိုယ်တိုင်ရိုက်ပေးခဲ့တာပါ။”ဒါကတော့ အကြည် Mood လေးပါ … နောက်ဆုံးမှာတော့ အရပ်ရှည်ရှည် ကင်မရာမန်းရဲ့ ဒုက္ခ ကိုတွေ့ရမှာပါ … ရိုက်တဲ့ပုံတိုင်းလှနေမှ မလှရင်ပလိန်းကြီး ကောက်တာ ” ဆိုတဲ့စာလေးနဲ့တင်လာခဲ့တာပါ။ပုံတွေရဲ့နောက်ဆုံးမှာတော့ ရွှေထူးတစ်ယောက် ဇနီးချောလေးရွှေမှုံရတီလိုချင်တဲ့ပုံလေးတွေရဖို့အတွက် ကြိုးစားပမ်းစား ကင်မရာမန်းအဖြစ်ရိုက်ကူးပေးနေတဲ့ ပုံရိပ်လေးကိုမြင်ရမှာပါ။ အိမ်ထောင်သက်တမ်း ပိုကြာလာလေ ပိုချစ်လာကြတဲ့ ဇနီးမောင်နှံပါပဲနော်။ CeleConnections ပရိသတ်ထဲမှာလည်း ရွှေထူးလိုခင်ပွန်းသည်ကိုပိုင်ဆိုင်ချင်တဲ့သူတွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Htoo Khant
Candy -CeleConnections

error: Alert: Content is protected !!