ယူနီကုတ်ဖြင့်ဖတ်ရန်
” ဒွေးနဲ့ထက်ထက်မိုးဦးတို့ရိုက်ကူးခဲ့တဲ့ နှစ်ယောက်တစ်အိမ်မက်ရုပ်ရှင်ကို ကြည့်ပြီးငိုခဲ့ရတယ်ဆိုတဲ့ ပန်ကိတ်ဒါဒါ”
CeleConnectionsပရိသတ်ကြီးရေ ပညာအရည်အချင်းမှာ ထူးချွန်ပြီး အမြဲအကျိုးရှိစေမယ့်စာလေးတွေ နဲ့ စမ်းသပ်မှုလေးတွေပြုလုပ်တတ်တဲ့ ပန်ကိတ်ဒါဒါ ကတော့ မြန်မာနိုင်ငံအမျိုးသမီးတွေအများဆုံးဝန်းရံနေတဲ့ ဆယ်လီ အမျိုးသမီးတွေထဲကတစ်ယောက်ပါ။ သူမအနေနဲ့ ဝါသနာပါတဲ့ ဘလော့ဂါတစ်ယောက်အဖြစ်သာမက သြစတျေးလျမှာ အခြေကျနေထိုင်တဲ့သူမဟာ သူမတတ်မြောက်ထားတဲ့ ပညာတွေနဲ့ အလုပ်လုပ်ကိုင်လျက်ရှိပါသေးတယ်။
နိုင်ငံခြားမှာအခြေကျနေထိုင်နေပေမယ့် မြန်မာနိုင်ငံကို ချစ်တဲ့သူတစ်ယောက်ပါ။သူမချစ်သူဟောင်းနဲ့ လမ်းခွဲပြတ်စဲပြီးနောက်မှာလည်း အခုချိန်ထိတစ်ယောက်ထဲ Singleအဖြစ်နဲ့ နေထိုင်ကာ မြန်မာပြည်ကိုပြန်လာတဲ့အချိန်တွေမှာလည်း ကြော်ငြာတွေပါရိုက်ကူးလျက်ရှိနေပါပြီနော်။
လက်ရှိမှာလည်း ထက်ထက်မိုးဦးနဲ့ ဒွေးတို့ရိုက်ကူးခဲ့ နှစ်ယောက်နစ်အိမ်မက်ရုပ်ရှင်ဇာတ်ကားကို ထက်ထက်က ပရိသတ်တွေနဲ့ အမှတ်တရဖြစ်ခဲ့တာလေးတွေပြန်လည်ပြောပြခဲ့တဲ့အချိန်မှာ ပန်ကိတ်ကလည်း ဝင်ရောက်မှတ်ချက်ပေးခဲ့တာပါ။ ” မှတ်မိတာပေါ့။
ပထမဆုံး ကြည့်ပြီး ငိုခဲ့တဲ့ကား။ ”ဆိုတဲ့စာလေးနဲ့ မှတ်ချက်ပေးခဲ့တာတွေ့ရပါတယ်။CeleConnectionsပရိသတ်တွေရော ပန်ကိတ်လို ငိုခဲ့ရတဲ့သူတွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: YaMin Oo/Htet Hte Moe Oo
Candy-CeleConnections
error: Alert: Content is protected !!